Skip to main content

Posts

Showing posts from 2014

Brian Tracyရဲ့အောင်မြင်ရေးဒဿန

အသက်(၇ဝ)နားနီးနေပြီးဖြစ်တဲ့ Brian Tracyဟာ ဆံပင်တွေ တစ်ခေါင်းလုံးဖြူနေပေမယ့် ခန္ဓာကိုယ်က လူငယ်တစ်ယောက်လို သန်မာနေဆဲဖြစ်တယ်။ ဒါဟာ နှစ်ကာလကြာ သူလေ့ကျင့်ခဲ့တဲ့ ကိုယ်ကာယရလဒ်ဖြစ်တယ်။ Tracyဟာ တခြားလူပြောတဲ့စကားကို နားထောင်တဲ့အခါ အာရုံစိုက်ပြီး အပြုံးမျက်နှာနဲ့ ခပ်ပြုံးပြုံးနားထောင်လေ့ရှိတယ်။ သူကိုယ်တိုင်စကားပြောတဲ့အခါမှာလည်း သံလိုက်စက်ကွင်းတစ်ခုဖြစ်အောင် သူဖန်တီးနိုင်တယ်။ ဒီလိုသံလိုက်စက်ကွင်းက နေရာမှာရှိတဲ့လူအားလုံးရဲ့ အာရုံကို ဖမ်းစားဆွဲငင်ထားနိုင်တယ်။ Brian Tracyဟာ တစ်ချိန်က ဘီဂိတ်လ်ရဲ့ စီးပွားရေးလမ်းညွှန်ဆရာဖြစ်ခဲ့သလို Buffett၊ Michael Dell၊ Jack Welchတို့တောင် သူ့ဟောပြောပွဲကို တက်ရောက်ခဲ့ဖူးတယ်။ သူဟာ အမေရိကန်မှာ သြဇာလွှမ်းမိုးမှုအရှိဆုံး ဟောပြောသူ၊ အောင်မြင်တိုးတက်ရေး ဟောပြောဆရာတွေထဲက တစ်ဦးဖြစ်တယ်။ နိုင်ငံပေါင်း(၄ဝ)ကျော်မှာ ဟောပြောပွဲတွေ သူကျင်းပခဲ့သလို နိုင်ငံပေါင်း(၉ဝ)ကျော်ကိုလည်း သူရောက်ခဲ့ဖူးတယ်။ တခြား အောင်မြင်တိုးတက်ရေး ဟောပြောဆရာတွေနဲ့ မတူတဲ့အချက်က Brian Tracyဟာ သူ့အကြောင်း၊ သူ့ပုံပြင်ကိုပဲ နှစ်နှစ်ခြိုက်ခြိုက် ဟောပြောတတ်တာဖြစ်တယ်။ ဒီအချက်ကိုကြည့်ခြင်းအားဖြင့် ...

အချစ်ကို စိတ်နာတယ်

နင်နဲ့ပတ်သက်လာရင် မျက်ရည်ကိုတောင်  မှောင်ခိုကူးနေရတာ (တဆိတ်တော့) ..ရင်နာစရာကောင်းပါတယ် ချစ်သူရယ်

~ လက်ပစ်ကူးတတ်ရုံနဲ့ ပင်လယ်ကြီးဖြစ်ကြေးလား ~~

နာကျင်မှုတွေ အစား  အစာမကြေမှုတွေ အစား ခံစားမှုတွေ အစား ။  အစာသွပ်ထားတဲ့ ဘာသာစကားတွေ နိုးလိမ့်နိုးနိုးနဲ့  ပစ်လိုက်တဲ့ ခဲ တလုံးဟာ ပြန်ကျလာမယ့် အစား  ကောင်းကင်မှာ ချိတ်သွားသယောင်ယောင် လက်တွေ ။   ရေးစရာမရှိရင် ကိုယ့်အရေခွံ့ ကိုယ်နွှာ နာ  ရေးစရာမရှိရင် မြင်သမျှလေး နည်းနည်း ဖြည် ညနေတွေလည်း ကုန်ပြီ ။  တဦးဆိုင်မယ့် တယောက်နာမ်အတွက်လား  တယောက်ကနံလိုက်တဲ့ အများဆိုင်အတွက်လား ကပ်ခွာတွေ (လို) အရက်ခွက်တိုက်သံတွေ (လို)  ကျီးနဲ့ဗုဗ်တွေ (လို) ကိုယ့်လမ်းကိုလျှောက်တာပဲဆို ။   တစုံတရာကို ခပ်သောက်ရဲပြီဆို တစ်စုံတခုကို ယုံကြည်ရမယ်  လက်ပစ်ကူးတတ်ရုံနဲ့ ပင်လယ်ကြီး ဖြစ်ကြေးဆို ရေကူးမသင်တာပဲ အကောင်းဆုံးဖြစ်မယ် ။   မောင်ဖြိုးဝေ

Facebook အကောင့်အလွယ်တကူဖွင့်နည်း 100%

ကျွန်တော်တို့ မြန်မာနိုင်ငံကနေ Facebook အကောင့်တစ်ခုဖွင့်ရတာ မလွယ်ပါဘူး။ ဒီနေရာမှာ ဒေါင်းလိုက်ပါ အဆင်မပြေတာရှိရင် မန့်ထားခဲ့ပါ.....:)