Skip to main content

Posts

Showing posts from May, 2016

ကိုယ်ပုဆိန်တွေ ကိုယ်သွေးကြပါစို့

တစ်ခါက ထင်းခုတ်သမား လူငယ်တစ်ဦး တောင်တက်ပြီး ထင်းခုတ်လေသည်။ မကြာမီ ထင်းခုတ်သမား အဘိုးအိုတစ်ဦးလည်း ရောက်လာခဲ့သည်။ ထင်းများကို ခုတ်ကြရင်းညနေစောင်းချိန်တွင် အဘိုးအို ခုတ်ပြီးသော ထင်းအရေအတွက်မှာ လူငယ်ထက်ပိုများနေခဲ့သည်။ အဘိုးအိုမှာ နောက်ကျမှ ရောက်လာပြီး သူ့ထက်ထင်းပိုများနေသည်ကို သတိပြုမိသောလူငယ်က နောက်ရက်တွင် စောစောထပြီး ထင်းခုတ်ထွက်ရန် ဆုံးဖြတ်လိုက်သည်။ နောက်တစ်နေ့တွင် လူငယ်မှာ အဘိုးအိုထက် စောပြီး ထင်းခုတ်ရန် ထွက်ခဲ့သည်။ စိတ်ထဲတွင် အဘိုးအိုထက် ထင်းပိုရမည်ဟုလည်း တွေးနေမိသည်။ သို့သော် အလုပ်သိမ်းချိန်တွင် အဘိုးအို၏ ထင်းမှာ သူ့ထက် ပိုများနေသည်ကို တွေ့ပြန်သည်။ သို့နှင့် လေး၊ ငါးရက်ဆက်တိုက် တောင်ပေါ်သို့ စောစီးစွာ ရောက်နှင့်နေပြီး မိုးချုပ်နေဝင်မှ အိမ်ပြန်ခဲ့သော်လည်း သူ၏ထင်းမှာ အဘိုးအိုထက် အမြဲတမ်းလိုလိုပင် နည်းနေခဲ့သည်။ ခြောက်ရက်မြောက်နေ့တွင် သူသည် မအောင့်နိုင်တော့သည့်အဆုံး အဘိုးအိုအား မေးမြန်း ခဲ့သည်။ “ အဘိုး.... ကျွန်တော်က အဘိုးထက် အားသန်တယ်... အဘိုးထက် စောပြီး တောင်ပေါ်ရောက်အောင် လာခဲ့တယ်.. နောက်ကျမှ အိမ်ပြန်တယ်။ ဒါပေမယ့် ကျွန်တော်ခုတ်ရတဲ့ ထင်းက အဘိုးထက် နည်းနေခဲ့တယ်... ဘာကြောင့်လဲ? “ဒီလို လ...

Content Marketing

#Content_Marketing ဆိုတာ ဒီမှာ ခေတ်သိပ်မစားသေးပါဘူး။ ဒီမှာ ခေတ်ပိုစားတာက Digital Marketing, Social Media Marketing တွေကို ပိုပြီး နာမည်ကြီးပါတယ်။ Agency တွေကြည့်လိုက်ရင်လည်း PR, Ads, Digital တွေကိုပဲ ပိုပြီးလှုပ်ရှားကြတာများပါတယ်။ Agency အများစုကလည်း Creative ဘက်ကို ဦးတည်ပြီး Engagement တစ်နည်းအားဖြင့် Like , Comment , Share နဲ့ Reach နှုန်းတွေကိုပဲ ဦးတည်ကြတာများပါတယ်။ ဒါကလည်း အပြစ်မဟုတ်ပါဘူး။ ဒါတွေက Key Metric အနေနဲ့ ပြန်ပြီးစစ်လို့ရတာဖြစ်ပြီး ငါတို့က ဘယ်လောက်ထိ active ဖြစ်တဲ့ Page တခုဆိုတာကို ပြသနေတဲ့အတွက်ဖြစ်ပါတယ်။အခု Content မှာ ဒီအယူအဆတွေအပေါ်မှာ ဆွေးနွေးသွားမှာဖြစ်ပြီး တချို့အယူအဆတွေကိုတော့ ကွဲလွဲသွားမှာဖြစ်ပါတယ်။ဒီလို ကွဲလွဲတဲ့နေရာမှာလည်း ဘယ် Agency ဘယ်သူ့ကိုမှ တိုက်ခိုက်လိုစိတ်မရှိကြောင်းလည်း ဖွင့်ဟ ဝန်ခံအပ်ပါတယ်။ အခုရေးမယ့် အကြောင်းအရာကတော့ ကျွန်တော်သိသလောက် Content Marketing အကြောင်းပဲဖြစ်ပါတယ်။ 1. Content Marketing ဆိုတာ ဘာလဲ? Content Marketing ဆိုတာ ဒီနှစ်ပိုင်းမှခေတ်စားလာတဲ့ Marketing ဟန်တစ်မျိုးဖြစ်ပါတယ်။ သူက ads creative နဲ့ ပုံစံကွဲလွဲတဲ့ ဟန်တစ်ခုဖြစ်ပြီး အကြမ်းဖျင်းအား...