Skip to main content

Content Marketing


#Content_Marketing ဆိုတာ ဒီမှာ ခေတ်သိပ်မစားသေးပါဘူး။ ဒီမှာ ခေတ်ပိုစားတာက Digital Marketing, Social Media Marketing တွေကို ပိုပြီး နာမည်ကြီးပါတယ်။ Agency တွေကြည့်လိုက်ရင်လည်း PR, Ads, Digital တွေကိုပဲ ပိုပြီးလှုပ်ရှားကြတာများပါတယ်။ Agency အများစုကလည်း Creative ဘက်ကို ဦးတည်ပြီး Engagement တစ်နည်းအားဖြင့် Like , Comment , Share နဲ့ Reach နှုန်းတွေကိုပဲ ဦးတည်ကြတာများပါတယ်။ ဒါကလည်း အပြစ်မဟုတ်ပါဘူး။ ဒါတွေက Key Metric အနေနဲ့ ပြန်ပြီးစစ်လို့ရတာဖြစ်ပြီး ငါတို့က ဘယ်လောက်ထိ active ဖြစ်တဲ့ Page တခုဆိုတာကို ပြသနေတဲ့အတွက်ဖြစ်ပါတယ်။အခု Content မှာ ဒီအယူအဆတွေအပေါ်မှာ ဆွေးနွေးသွားမှာဖြစ်ပြီး တချို့အယူအဆတွေကိုတော့ ကွဲလွဲသွားမှာဖြစ်ပါတယ်။ဒီလို ကွဲလွဲတဲ့နေရာမှာလည်း ဘယ် Agency ဘယ်သူ့ကိုမှ တိုက်ခိုက်လိုစိတ်မရှိကြောင်းလည်း ဖွင့်ဟ ဝန်ခံအပ်ပါတယ်။

အခုရေးမယ့် အကြောင်းအရာကတော့ ကျွန်တော်သိသလောက် Content Marketing အကြောင်းပဲဖြစ်ပါတယ်။

1. Content Marketing ဆိုတာ ဘာလဲ?

Content Marketing ဆိုတာ ဒီနှစ်ပိုင်းမှခေတ်စားလာတဲ့ Marketing ဟန်တစ်မျိုးဖြစ်ပါတယ်။ သူက ads creative နဲ့ ပုံစံကွဲလွဲတဲ့ ဟန်တစ်ခုဖြစ်ပြီး အကြမ်းဖျင်းအားဖြင့်ဆိုရရင် Company တစ်ခုက သူတို့အကြောင်း ပိုသိအောင်လို့ ထုတ်ပြန်တဲ့ စိတ်ဝင်စားစရာ သတင်းအချက်အလက်ဖြစ်ပါတယ်။ သူ့မှာ စားသုံးသူ စိတ်ဝင်စားမယ့် သတင်းအချက်အလက်တွေပါဝင်မယ့် ကုမ္ပဏီက စားသုံးသူအတွက် ဦးစားပေး ထားတဲ့ ဟန်တွေပါဝင်မှာဖြစ်ပါတယ်။ ဒီနေရာမှာ Content ဆိုတာ စာသားတင်မဟုတ်ပါဘူး။ ဗီဒီယို၊ ဂိမ်း apps အစရှိတဲ့ စားသုံးသူအတွက် သီးသန့်စဉ်းစားဖန်တီးထားတဲ့ အရာတွေကို စုပေါင်းခေါ်ဆိုနိုင်ပါတယ်။

Channel အနေနဲ့ Website, Blog, Social Media, YouTube, Printing တွေမှာ အဓိကတွေ့ရပါမယ်။

ကျွန်တော်တို့စားသုံးနေတဲ့ မီဒီယာရဲ့ သတင်းတွေနဲ့ ဘာကွာလဲ မေးရင် "Content ဆိုတာ ကုမ္ပဏီတစ်ခုမှ စားသုံးသူအတွက် အရေးပေး စွဲဆောင်ထားသော သတင်းအချက်အလက်ပါဝင်သော ဆက်သွယ်ရေးတစ်ခု"လို့ သတ်မှတ်နိုင်ပါတယ်။ ဒီနေရာမှာ Social Media Marketing နဲ့ ဘာကွာလဲဆိုရင် အဓိကအားဖြင့် Content Marketing က platform ပိုစုံပါတယ်။Social Media ကျတော့ Platform ပိုရွေးသလို Social Media ဆိုတာ အိမ်ငှားနေရသလိုပါပဲ။ သူများ platform မှာ ကပ်နေရတာနဲ့တူပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဆီမှာ Facebook မှာပဲ လူများတဲ့အတွက် ကျွန်တော်တို့ Content အများစုက အဲဒီမှာပဲတွေ့ရတာဖြစ်ပါတယ်။

2. Content Marketing ဘာကြောင့်လုပ်လဲ?

Content Marketing ကို လူတွေစိတ်ဝင်စားရတဲ့ အကြောင်းအရင်းက လူတွေက သတင်းအချက်အလက်ကို ပိုမိုစားသုံးလာလို့ဖြစ်တယ်။ ဥပမာ - နို့သောက်တယ်ဆိုရင် ဘာဖြစ်မလဲ။ ကိုယ်သောက်နေတဲ့နို့မှာ ဘာပါမလဲ။ အစရှိတဲ့ သတင်းအချက်အလက်တွေကို စိတ်ဝင်စားလာကြတယ်။ နို့သောက်ပြီး အရပ်ရှည်ပြရုံနဲ့ မလုံလောက်တော့တဲ့အခါမှာ စားသုံးသူဘက်က လိုအပ်ချက်ကိုဖြည့်ဆည်းဖို့ ကုမ္ပဏီတွေဘက်က ယုံကြည်စိတ်ချရသော Content များဖန်တီးခြင်းကို လိုလားလာကြတယ်။

 ကုမ္ပဏီဘက်တွေရဲ့ ဖြစ်သင့်တဲ့ Content Marketing Goal ဟာ အောက်က သုံးချက်ဖြစ်သင့်တယ်

 - သူတို့ Brand ကို လူသိစေချင်လို့ 

 - ရောင်းအားတက်ချင်လို့ 

 - ကုန်ပစ္စည်းရောင်းရာမှာ ကုန်ကျစရိတ်ကို လျှော့ချချင်လို့။

 ဒီသုံးချက်က အဓိကအနေနဲ့ ယူဆနိုင်ပါတယ်။ ဒါက Engagement တွေ Visibility တွေ  Reach တွေ တက်စေချင်လို့ဆိုတဲ့ ရည်ရွယ်ချက်ထက်ပိုပြီး အလုပ်ဖြစ်တဲ့  ရည်ရွယ်ချက်လို့ ကျွန်တော်ယူဆပါတယ်။ (ဒါကို နောက်ပိုင်းမှာ  အကျယ်ရှင်းပါမယ်)။

ဒီသုံးချက်ကို ရဖို့အတွက် Content တွေမှာ တာဝန်ရှိတယ်။ ဒီနေရာမှာ Brand ကို လူသိများချင်တာ ပိုရောင်းချင်တာက နားလည်ရလွယ်လို့ မရှင်းပြတော့ပေမဲ့ နောက်ဆုံးအချက်က Cost of sale ကို ရည်ညွှန်းတာပါ။ ကုန်ပစ္စည်းတစ်ခုကို ရောင်းချရာမှာ ကုန်ကျစရိတ်ဘယ်လောက်ရှိလဲက အရေးကြီးပါတယ်။ ဆိုပါစို့ အဝတ်အစားရောင်းတဲ့ ကုမ္ပဏီက အင်္ကျီတစ်သောင်းရောင်းရဖို့ မားကက်တင်းစရိတ် ဘယ်လောက်သုံးရမလဲ။ အဲဒီစရိတ်ကို Content တွေဖတ်ခြင်းနဲ့ စားသုံးသူက Brand ကိုပိုသိ ပိုရောင်းရ ဘတ်ဂျက်တွေ လျှော့သုံးရမယ်လို့ ယူဆတဲ့အတွက် Content Marketing ကိုလုပ်တာဖြစ်တယ်။

3. Company တွေဘက်က Content Marketing ကို ဘယ်လိုလုပ်သင့်လဲ?

နည်းလမ်းသုံးမျိးနဲ့ လုပ်နိုင်ပါတယ်။

- ကိုယ့်ဘာသာကိုယ်လုပ်တာ

- အပြင် agency အပ်တာ

- Media ဌာနနဲ့ပေါင်းလုပ်တာ

ပထမနည်းလမ်းက ငွေကုန်ကြေးကျအများဆုံး အခက်ဆုံးနဲ့ အကျိုးထိရောက်မှုအများဆုံးဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ Company ရဲ့ အကြောင်းကို Company တွင်းကလူတွေပဲသိပါတယ်။ အဲဒီတော့ သူတို့ရေးတာအကောင်းဆုံးပါပဲ။ ဒါပေမဲ့ ခက်တာက content marketing ကို နားမလည်တဲ့အခါမှာ ပေါက်အောင်ရေးဖို့က အခက်အခဲရှိပါတယ်။

ဒုတိယ နည်းလမ်းက ဒီမှာ ခေတ်အစားဆုံးဖြစ်ပြီး Agency တွေအများကြီးလည်း အလုပ်လုပ်နေကြတယ်။ ဒါပေမဲ့ ကျနော်တို့ Agency တွေမှာလည်း အခက်အခဲတွေအများကြီး ရှိပါတယ်။ တတိယနည်းလမ်းက နိုင်ငံတကာမှာ အသုံးများပြီး ဒီမှာလည်း ဒီလိုလုပ်တဲ့ မီဒီယာတွေ စထွက်လာနေပြီလို့ ယူဆပါတယ်။

4. Content Marketing မှာတွေ့ရတဲ့အခက်အခဲများ ဒီအပိုင်းမှာ နှစ်ခြမ်းခွဲပြောရပါမယ်။ Company ဘက်ကနဲ့ Agency ဘက်ကပါ။ Company ဘက်က ဘာတွေတွေ့ရတတ်လဲဆိုတော့

- နည်းပညာပိုင်း Platform ကိုပဲနားလည်တဲ့ agency

- Creative ပိုင်း Engagement ပိုင်းပဲ ကျွမ်းတဲ့ agency

- Marketing ပိုင်းပဲ နားလည်ပြီး Platform ကို နားမလည်တဲ့ Agency

- Social Media Expert လို့ပြောပြီး ကိုယ်ပိုင် Content မရှိတဲ့ agency

- So Called Blog တွေကိုပဲ ဖန်တီးနေတဲ့ Agency

အဲဒီလိုတွေနဲ့တွေ့ရတဲ့အခါ Company ရဲ့ Content Marketing ကို အခက်အခဲဖြစ်စေပါတယ်။ ဒီနေရာမှာ Highlight ဖော်ပြီးပြောရရင် Agency တစ်ခုက သူတို့ကိုယ်သူတို့ ပေါက်အောင်ရောင်းနိုင်ရပါမယ်။

ဒီလိုရောင်းတဲ့အခါမှာလည်း Native Content တွေနဲ့ ဖြစ်ရပါ့မယ်။( နောက်တစ်ပိုဒ်မှာ အကျယ်ရှင်းပါမယ် )။

အဲဒီလိုမဟုတ်ဘဲ တခြားဘယ်နေရာမဆိုတွေ့ရနိုင်တဲ့ သတင်းတွေကိုတင်ပြီး နာမည်ရလာတာမျိုးဆိုရင် အရင် Project ရဲ့ Content တွေကို တောင်းယူကြည့်ရှုပြီးမှ အပ်သင့်မသင့် စဉ်းစားသင့်ပါတယ်။

Agency ဘက်က ကြုံတွေ့ရတဲ့ အခက်အခဲများ

- Client မှ တိကျသော သတင်းအချက်အလက်မရခြင်း

- Client ဘက်က အရာရာထိန်းချုပ်လိုခြင်း

- အုပ်ချုပ်ရေးပုံစံအဆင့်များလွန်းခြင်း

- ကြိုတင်ကတိပြုထားတာတွေကို ပြောင်းလဲခြင်း

- Corporate ပုံစံဆန်လွန်းပြီး ကိုယ့်ဘက်ကိုကြည့်ခြင်း

အဲဒါတွေက agency တွေကို အသက်ရှုကြပ်စေပါတယ်။ အထူးသဖြင့်ပြောရရင် Content Marketing က Company အကြောင်းမဟုတ်သလို ပိုရောင်းရဖို့ အစွံထုတ်တာမဟုတ်ပါဘူး။ စားသုံးသူတွေ နှစ်သက် သဘောကျဝေမျှစေချင်တဲ့ သတင်းအချက်အလက်မျိုးဖန်တီးရင်း ကိုယ့် Brand ကို လူပိုသိမယ်လို့ မျှော်လင့်ခြင်းပါ။

အဲဒီအခါမှာ အရမ်းတင်းကြပ်တဲ့ Corporate style က အမြဲတမ်း အလုပ်မဖြစ်သလို ကိုယ့် Company အကြောင်းကို အသားပေးတာက ပိုပြီးတော့ ဆိုးစေပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် Company Brand ကို ဘယ်သူမှ စိတ်မဝင်စားပါဘူး။ စားသုံးသူစိတ်ဝင်စားတာ Company Brand က သူတို့ကို ဘယ်လိုအာရုံစိုက်လဲ ဒီ brand က သူတို့ နေထိုင်မှုကို ဘယ်လိုကူညီပေးသလဲကို ပိုအာရုံစိုက်ကြပါတယ်။ ဒါကြောင့် ဆိုရိုးရှိပါတယ်။ ကြော်ငြာက Rockstar တွေရဲ့ဘဝကိုပြတယ်။ Content က Rockstar တစ်ယောက်လို ဘယ်လိုနေမလဲဆိုတာ သင်တယ်တဲ့။

5. Native Content ရဲ့အရေးကြီးပုံ

Native Content ဆိုတာ ဘာလဲဆိုတော့ ကိုယ်ပိုင်ဖန်တီးမှုပါတဲ့ Content ပါ။ အဓိကအားဖြင့် Google ,Wiki တို့ကို အားကိုးပြီး Reference လုပ်ထားပေမဲ့ ကိုယ်ပိုင်အမြင်၊ တွေးခေါ်မှု သုံးသပ်ချက်တွေ ထည့်သွင်းရေးသားထားတဲ့ Content မျိုးပါ။ ဒီ Content မျိုးက အရမ်းအရေးကြီးပါတယ် ။အထူးသဖြင့် မြန်မာနိုင်ငံလိုနေရာမျိုးမှာ ပိုအရေးကြီးပါတယ်။ ပြောရရင် ကိုယ့်မှာ Engagement တော့တက်တယ် ဒါပေမဲ့ ကိုယ့် Company ရဲ့ Branding ကို အထောက်အကူမပြုနိုင်တဲ့ Content တွေက အလကားပါပဲ။

အဲဒါကြောင့် ဘာကြောင့်လုပ်လည်း နံပါတ်၂ မှာ Engagement ဘယ်လောက်ကောင်းလဲထက် အဲဒီအချက်တွေနဲ့တိုက်စစ်တာက ပိုကောင်းတယ်လို့ ပြောခဲ့တာဖြစ်တယ်။

ဥပမာဆိုကြပါစို့ ခင်ဗျားက သင်တန်းကြောင်းဖြစ်လို့ စိတ်အားတက်ကြွစေမဲ့ စာသားတွေကူးချရေးတင်ပြီးတော့ သင်တန်းကြော်ငြာတာက အတိုင်းအတာတစ်ခုထိ အလုပ်ဖြစ်ပေမဲ့ ခင်ဗျားက ဒီဇယ်ဆီရောင်းနေတာကို အဲဒီအတိုင်းလုပ်တာကြတော့ engagement ကောင်းနိုင်ပေမဲ့ အကျိုးထိရောက်မှုမရှိပါဘူး။ ပြီးတော့ Content တစ်ခုပေါက်တယ်ဆိုရင် ဒါက ဘာကြောင့်လဲဆိုတာ ပြန်စဉ်းစားသင့်ပါတယ်။ ဥပမာ - ခင်ဗျား page မှာ မန်ယူအသင်းအကြောင်းတင်ပေးနေရင် engagement ကောင်းမှာဖြစ်ပေမဲ့ ဒါက မန်ယူကြောင့်ဖြစ်ပါတယ်။ မန်ယူနဲ့ ခင်ဗျား brand ကြား ချိတ်ဆက်မှုကို မရှာနိုင်ဘူးဆိုရင် engagement ကောင်းတာက Brand ကို အထောက်အကူပြုမှာ မဟုတ်ပါဘူး။

ဒါကြောင့် Native Content တွေလိုပါတယ်။ Social Media Experts ဆိုသူတွေကိုလည်း အဲဒီ native content , past project content တွေနဲ့ တိုက်ဆိုင်စစ်ဆေးရပါမယ်။

6. Native Content နဲ့ Social Influencer များ

ကျွန်တော်သဘောအကျဆုံး နှစ်ယောက်ရှိပါတယ်။ ကိုဖြိုးသီဟနဲ့လက်ရုံးပါ။ ကိုဖြိုးသီဟဟာ ရောင်းရဆုံးစာရေးဆရာထဲ့မှာ ပါဝင်သူဖြစ်သလို သူစာသားတွေက သူ့ရဲ့ရေးဟန် တွေးဟန်ကိုမှ ပေါင်းစပ်ပြီး အသုံးပြုထားပါတယ်။သူ့ရဲ့ Content တွေပေါက်လေ သူ့ Branding တက်လေ သူ့စာအုပ်ရောင်းအားတက်လေ စာအုပ်ရောင်းအား ကြော်ငြာခလျော့လေပါ။ (ကျွန်တော် အပေါ်မှာပြောခဲ့တဲ့ Branding , Sale Point , Reduce Cost of sale ပါ )။

လက်ရုံးဟာ မန်ချက်စတာယူနိုက်တက် အမာခံဖန် Tipsters အနေနဲ့ နာမည်ကြီးပါတယ်။ သူ့ရဲ့Content တွေက ဘောပွဲလောင်းသူတွေကိုပဲ ပစ်မှတ်ထားတာမဟုတ်ဘဲနဲ့ ဘောလုံးဖန်တွေကို ပစ်မှတ်ထားတာတွေ့ရမှာပါ။ အဲဒီအတွက် သူ့ Branding , tips ရောင်းအား , tips ရောင်းဖို့ ကုန်ကျစရိတ်တွေကို လျှော့ချနိုင်တာကိုတွေ့ရမှာပါ။ဒီနေရာမှာ အတိအလင်းပြောချင်တာက Follower များတိုင်း social influencer မဖြစ်ပါဘူး။ Follower များတယ်ဆိုတာ Wide ဖြစ်တာပါ။ Follower တွေကို ပြောလိုက်ရင် ဘယ်လောက်ထိ ကိုယ်ပြောတာ လိုက်လုပ်လဲဆိုတာက Deep ပါ။

ဖင်ပေါ်နို့ပေါ်ပြလို့ Follower များသူတွေနဲ့ ကိုယ့် product ကို ကြော်ငြာရင် reach တော့များမယ်။ ဒါပေမဲ့ သူ့ follower က အဲဒီကောင်မလေးရဲ့ ပုံတွေပဲကြည့်ချင်မှာဖြစ်တဲ့အတွက် Audience အမှားနဲ့ influencer point မရှိတာကို တွေ့ရပါမယ်။ တစ်နည်းအားဖြင့် ကိုယ့် product ကို Visibility များဖို့ ဈေးကြီးကြီးဝယ်ရတဲ့ သဘောပေါ့။

7. Content Marketing နဲ့ အောင်မြင်နေသော Companys များ နိုင်ငံတကာမှာဆိုရင် ကိုကာကိုလာပါ။

သူရဲ့ Coca-Cola Content 2020 ကို Youtude မှာရှာကြည့်နိုင်ပါတယ်။ သူတို့ ရဲ့ Marketing Strategy ကို Creative Excellence ကနေ Content Excellence အနေနဲ့ ပြောင်းလဲတော့မှာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အခုဖန်တီးထုတ်လုပ်နေတဲ့ Content တွေကို သူတို့ရဲ့ Marketing Main Strategy အနေနဲ့ ပြောင်းလဲတော့မှာဖြစ်ပါတယ်။

ပြည်တွင်းမှာဆိုရင် KFC Myanmar Page ပါ။

သူတို့ရဲ့ Operation ပိုင်း အမေးအဖြေတွေ content style တွေက Coporate မဆန်ပဲ Personal ဆန်သလို Company ဦးစားပေးမဟုတ်ပဲ စားသုံးသူဦးစားပေးဖြစ်တာကို တွေ့ရမှာပါ။ အဲဒါအတွက် သူတို့ရဲ့ Content Marketing Goals တွေကို ဖြည့်ဆည်းပေးနိုင်ပါတယ်။

8. Content Marketing နှင့် အောင်မြင်သော ကမ်ပိန်းများ

နိုင်ငံတကာမှာဆိုရင် Red Bull ပါ။

Red Bull က အာကာသထဲ့ကနေ ကမ္ဘာမြေကြီးပေါ်ခုန်ချတဲ့ ကမ်ပိန်းတစ်ခုလုပ်ခဲ့ပြီး အဲဒါကို youtude မှာ တိုက်ရိုက်လွှင့်တင်ခဲ့ပါတယ်။ ဒီကမ်ပိန်းမှာ အင်တာနက်ပေါ်မှာ Viral ဖြစ်ခဲ့ပြီး Red bull ရဲ့ ရောင်းအားကို ခုန်တက်စေခဲ့ပါတယ်။ (အကျယ်ကို Business Case Study အနေနဲ့ Google က ရှာကြည့်နိုင်ပါတယ်။)

ပြည်တွင်းမှာဆိုရင် 90s' kids ပါ။

ကျွန်တော်တို့ဟာ 90s' kids ကို Content Strategy ရယ် PR Campign အပေါ်မှာ တည်ပြီး ကစားခဲ့ပါတယ်။ အထူးသဖြင့် Facebook Content တွေကို အသေအချာရေးသားပြီးတော့ Marketing လုပ်ခဲ့တယ်။ Facebook ကနေ Volunteers တွေရှာခဲ့တယ်။ စားသုံးသူပစ်မှတ်တွေကို ရှာခဲ့တယ်။ Content တွေကို ကျွန်တော်တို့က စနစ်တကျ ရွေးချယ်ပြီး ကျွန်တော်တို့ပွဲလာမယ့်လူတွေ စိတ်ဝင်စားစေမယ့် စာသား၊ ဓာတ်ပုံတွေကို အသုံးပြုခဲ့ပါတယ်။

အဲဒါကြောင့် ကျွန်တော်တို့ဟာ facebook မှာ မားကက်တင်းဘတ်ဂျက် $50 ခန့်နဲ့ လူ ၈၀၀၀ အထက် အနည်းဆုံးရှိတဲ့ ပွဲတစ်ပွဲကို ကျင်းပနိုင်ခဲ့တယ်။ အဓိကအားဖြင့် မောင်းနှင်ခဲ့တဲ့ပုံစံက စားသုံးသူကြိုက်မဲ့ မျှဝေမဲ့ သတင်းအချက်အလင်တွေကို theme တွေအပေါ်မှာ ပြန်လည်ရေးသားခြင်းဖြင့် ပေါက်အောင်လုပ်ခဲ့တာပါ။

Free Hug ကတော့ ကျွန်တော်တို့အတွက် အပိုဆုဖြစ်ခဲ့ပြီး အဲဒီကမ်ပိန်းဟာ ကျွန်တော်တို့ကို Print Media တွေကို ကြီးစိုးနိုင်ခဲ့ပြီး အဲဒီအတွက်နဲ့ ပိုက်ဆံကုန်ကျခဲ့ခြင်းမရှိသလို ဘေဘုတ်တွေထောင်ဖို့ ပိုက်ဆံသုံးစရာမလိုဘဲ လူအလွန်ဝင်တဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ ဒါတင်မကသေးဘူး ကျွန်တော်တို့က ပွဲလာသူများကို မျှဝေလို့ရအောင် လုပ်ဆောင်ခဲ့ပြီး ကျနော်တို့ #90skids hashtag တွေက facebook တစ်ခွင်မှာ မမြင်ချင်မှ အဆုံးဖြစ်ခဲ့တယ်။

9. Content Marketing ဘယ်လိုလုပ်မလဲ

- Content Marketing Objectives တစ်ခုချမှတ်ပါ။ ဒီ Content ဖတ်ပြီး လူတွေ ဘာလုပ်မယ်လို့ မျှော်လင့်လဲ။

- Tones ကို ရွေးချယ်ပါ

ဘယ်လိုမျိုး Tones နဲ့ ဆက်သွယ်မလဲ။

- CEO ကို မေးပါ

CEO က content အတွက် အချိန်ပေးပြောရပါမယ်။ ဒါမှမဟုတ်ရင် Company က ဘာကြောင့်ရပ်တည်နေလဲဆိုတဲ့ ရည်ရွယ်ချက်တွေကို ညှစ်ထုတ်ပါ။

- Company Story ကို ချမှတ်ပါ

Company အကြောင်း စားသုံးသူက ဘာလိုချင်လဲဆိုတာကို ရှာဖွေပါ။ Company ရဲ့ နောက်ကြောင်းလေးတွေ၊ Theme တွေကို တည်ဆောက်ပါ။ ဘယ်လို theme မျိုးက Company အတွက် အလုပ်ဖြစ်မလဲ ရှာဖွေပါ။

- Content Caendar တစ်ခုတည်ဆောက်ပါ

ခုနဟာတွေကို ဇယားတစ်ခုနဲ့ ထည့်ပြီး ဘယ်သူရေးမယ် ဘယ်နေ့ရေးမယ် ဘယ်မှာရေးမလဲ ကြိုတင်ပြင်ဆင်ပါ။

- Content ပေါက် မပေါက်ကို ဆင်ခြင်သုံးသပ်ပါ

Content ပေါက်ရင် ဘာကြောင့်လဲ မပေါက်ရင် ဘာကြောင့်လဲ အဖြေရှာပါ။ ပြီးရင် ဒီ content ကနေ ဘာပြန်ရရမယ်ဆိုတဲ့ Key Metric တစ်ခု တည်ဆောက်ပါ။

- ကိုယ့် Content Niche ကိုတည်ဆောက်ပါ

ကိုယ့် content ကို ဘာကြောင့်ဖတ်သင့်လဲ အသေအချာဆုံးဖြတ်ပါ။ ကိုယ့်မှာ သူများတွေမရှိတဲ့ သတင်းအချက်အလက်က ဘာလဲ ဘာကိုကိုယ်ကပေးချင်တာလဲ။

- စားသုံးသူကိုသာ ကိုယ်စားပြုပါ

ရည်းစားထားသလိုပါပဲ။ ကိုယ့်အကြောင်းဇွတ်ပြောတာထက် သူ့အကြောင်းကိုလေ့လာပါ။ သူဘာလိုချင်လဲ ဘာဖြစ်ချင်လဲ ဘာသတင်းအချက်အလက်လိုချင်လဲ တွေးပါ။ ပေးပါ။

- Social Currency ကို သုံးပါ

ကိုယ့် Company ရဲ့ personal ဘက်ခြမ်းတွေကို ဖော်ထုတ်ဖို့ ဝန်မလေးပါနဲ့။ ခင်ဗျားကြုံတွေ့ရတဲ့ အရာတွေကို ပုံပြင်အနေနဲ့တည်ဆောက်ပါ။ မျှဝေပါ။ ဒါတွေက ခင်ဗျားရဲ့ Social Currency ပါ။ Dos and Don'ts ဘယ်အချက်ထိ လက်ခံတယ်။ ဘယ်အချက်ကိုတော့ လုံးဝအသုံးမပြုဘူးဆိုတာ ကြိုကူးပြီး သဘောတူညီပါ။ အရမ်းထိန်းချုပ်လွန်းတဲ့အခါ Content ကောင်းတွေ ထွက်လေ့မရှိတာ သတိပြုပါ။

- Content Engagement Circle ကို သတိပြုပါ

Content တစ်ခုက ဒီလို Circle လည်ပါတယ်။ ဖတ်တယ်။ သဘောကျတယ်။ ထင်မြင်ချက်ပေးတယ်။ မျှဝေတယ်။ အဲဒီကနေမှ Company က လုပ်စေချင်တဲ့အရာကို လုပ်ဆောင်တယ်။ ဒီမှာတင်မရပ်ပါဘူး။ တခြားသူငယ်ချင်းတွေကိုလည်း လုပ်ချင်အောင် ဆွဲဆောင်တယ်။ ဒီစက်ဝန်းကို အဆက်မပြတ်ဖြစ်ပါစေ။

- Social Influencer List ရှာပါ

အပေါ်မှာပြောခဲ့တဲ့ တကယ့် Influencer ကိုရှာပါ။ Visibility သီးသန့်မကြည့်ပါနဲ့။

- စာလုံးပေါင်းသတ်ပုံဟာ အရေးကြီးပါတယ်။ ဦးစားပေးတော့မဟုတ်ပါ။

ဒါက ကျွန်တော့်လို မှားတတ်တဲ့သူအတွက် ထည့်ထားတာ:p အလကားနောက်တာပါ။ စာအုပ်တိုင်းမှာလည်း ပြောပါတယ်။ ဖတ်တဲ့သူ သဘောပေါက်တဲ့အဆင့်ဆို ရပါပြီ။ အရမ်းကြီး အထားအသိုမှား ရယ်စရာဖြစ်နေရင် ပြင်ပါ။

- Speed and Consistent Beat Perfect

အကောင်းဆုံးထက် အမြန်နှုန်းကပိုအရေးကြီးပါတယ်။

ဒါတွေက ကျွန်တော့် အတွေ့အကြုံအရရော စာအရပါ သိနားလည်တဲ့ Content Marketing ပဲဖြစ်ပါတယ်။

ကျန်တဲ့ တချိ့ုအခန်းများ Diverse Agency မှာ ဆက်လာပါဦးမယ်။

(ယခု ဆောင်းပါးသည် Social Media Marketing ကျွမ်းကျင်သူ ရန်နိုင်ဦး၏အတွေးအမြင်လက်ရာ တစ်ခုဖြစ်ပါသည်။)

Reference Books: Likeable, Epic Content Marketing

Comments

Popular posts from this blog

Facebook အကောင့်အလွယ်တကူဖွင့်နည်း 100%

ကျွန်တော်တို့ မြန်မာနိုင်ငံကနေ Facebook အကောင့်တစ်ခုဖွင့်ရတာ မလွယ်ပါဘူး။ ဒီနေရာမှာ ဒေါင်းလိုက်ပါ အဆင်မပြေတာရှိရင် မန့်ထားခဲ့ပါ.....:)

ခောတ်သစ်ဈေးကွက်ဖော်ဆောင်ရေးနဲ့ ၎င်းကို လွှမ်းမိုးထားသော အချက်အလက်များ

 ခောတ်ပေါ်ဈေးကွက်ဖော်ဆောင်မှု လုပ်ငန်းစဉ်တွေကို သက်ရောက်မှုဖြစ်စေတဲ့အချက်တွေကို ရေးသားတင်ပြလိုပါတယ်။ ဒါကြောင့်မို့လို့ ခေါင်းစဉ်ကို Marketing Environment ဈေးကွက်နယ်ပယ်များလို့ ပေးလိုက်ထားလိုက်ပါမယ်။ ဈေးကွက်ဖော်ဆောင်မှုဆိုတာ သုံးစွဲသူတွေရဲ့ အဆင်ပြေမှု တွေအတွက် အမြဲတစေ ကြိုးစားရှာဖွေနေကြတဲ့ အပေါ်မှာအခြေခံပြီး စတင်ဖြစ်တည်ပါတယ်။ ဒီနေ့ခောတ် Marketing Manager တွေဟာ သုံးစွဲသူတွေအတွက် အချက်အလက်တွေကို ရှာဖွေဖန်တီးမှုမှာ နစ်မြှပ်နေကြပါတယ်။ သူတို့တွေက သုံးစွဲသူတွေနဲ့ ရေရှည်တည်မြဲတဲ့ ဆက်နွယ်မှုတွေကို ဖန်တီးဖို့ကြိုးစားယှဉ်ပြိုင်နေရတာပါ။ အဲ့ဒီလိုမျိုးကြိုးစား မှုတွေမှာ သူတို့တွေဟာ လိုက်နာရမည့် အချက်တွေ ၊ ရှောင်ကျဉ်ရမယ့် အချက်တွေစ သည်ဖြင့် တော်တော် များပြားလှပါတယ်။ အခုအဲ့ဒီအချက်တွေကို တစ်ချက်ချင်းစီ ရေးသားပေးပါမယ်။ ဝန်ခံစရာရှိတာက အချက်အလက်တွေက အင်တာနက် web site ပေါင်းစုံကနေ စုပေါင်းပြီး တင်ပြထားတာဖြစ် ပါတယ်။ တစ်ချို့အပိုင်းတွေမှာတော့ ကိုယ်နားလည်သလောက်ဖြည့်စွက်ထားပါတယ်။ Political Forces ( နိုင်ငံရေးရာများ၏ လွှမ်းမိုးမှု ) လူမှုရေးရာ အချက်အလက်အများစုက နိုင်ငံရေးရဲ ့ ဖြစ်တည်မှုတွေကို ပုံဖော်နိုင်ကြ...

မာန

ကြုံဆုံတုန်း ခဏ… ဒီဘဝ လောကထဲမှာ… တို့ရဲ့ မာနတွေက ရှိနေလား အချိန်တန် အိမ်ပြန်လမ်းဟာ… မင်း မာနတွေ မပါလောက်ဘူး……။ မာယာကို မာနလုပ်ထား… မင်းလျှောက်တဲ့လမ်း…… အတ္တမဆန်ပါဘူး……… ထွက်သွားပါ……နှုတ်ဆက်ပါ……။ လူတစ်ယောက်ရဲ့ ဘဝဟာ ခွဲခွာခြင်း ခရီးသည်းတစ်ဦးပါ… မဟူရာမျက်ဝန်းတွေထဲ… မင်း မာနကို ဖုံးလွှမ်း…… မင်းရဲ့ စိတ်က ထင်ပေါ်နေခဲ့တယ်… သူစိမ်းဆန်တဲ့ စကားလုံးများ ဖွင့်ဟဝန်ခံ…မုဿသံတွေ လေထဲမှာ ပျံလွှင့်…… လူတစ်ယောက်ကို သေအောင် သတ်နိုင်တယ်……။ မင်းမာနကို ရှေ့တန်းတင်ထား ငါ့အတ္တနဲ့ တိုက်ထုတ်ရမယ်… အဲဒီလို့ပဲ……ဘဝနှစ်ခု တိတ်တဆိတ် ရပ်တန့်သွားမှာပါ…။ အနားက ဖြတ်သွားသော လေ ငါ့ကို တိုးတိုးလေး…သတိပေးလိုက်တယ်… မင်းချစ်သူဟာ……မာန သိပ်ကြီးတာတဲ့…။ Credit #တိမ်တိုက်