ခောတ်ကပြောင်းသလိုလိုရှိလာတော့ Skill ရှိပြီးသားသူတစ်ချို့နေရာကောင်းကောင်းရလာသည်။ လစာတွေကလဲ မြင့်လာကြသည်။ လုပ်ငန်းခွင်ဖွဲ့စည်းပုံတွေမှာလည်း နိုင်ငံခြားသားတစ်ဝက် မြန်မာ တစ်ဝက်ဖြစ်လာကြသည်။ နိုင်ငံခြားသားဆိုရာမှာ အရင်တုန်းကလို ဥရောပသား ၊ အနောက်သားတွေ ချည်းမဟုတ်ပဲ ဒေသတွင်းက ဖိလစ်ပိုင် ၊ ထိုင်း၊ ဟောင်ကောင် ၊ နောက် အာဖရိကဘက်က သူတွေပါ ပါဝင်လာကြသည်။ ဒါက ဒီမိုကရေစီ သံနဲနဲလေး စွက်လာသော မြန်မာပြည်၏ စီးပွားရေးနယ်ပယ် အခင်းအကျင်းဖြစ်သည်။ တစ်ဖက်က နိုင်ငံရေးရာ ကိစ္စများ၏ ရှတ်ထွေးမှုများကိုလဲ မြင်နေရသေးသော အချိန်ဖြစ်သည်။ ဆိုတော့ … လူငယ်တွေတော်စေ့ချင်သည်။ သိစေချင်သည်။ ကိုယ်ကိုယ်တိုင်လည်း ဒရွတ်တိုက် သွားနေရသေးသော အခြေအနေတွင် အနှိမ်မခံရစေလိုပါ။ နိုင်ငံတစ်ကာ ဆန်ဆန်ဖြစ်လာချိန်တွင် ကိုယ့်ထက်က ကြွယ်နိုင်သမျှကြွယ်ဖို့လိုပါသည်။ ဒါကြောင့် … ကျွန်တော်ဖတ်ဖြစ်ခဲ့သော မားကတ်တင်း၏ အဆင့်ဆင့်ဖွ ံ့ဖြိုးမှုအကြောင်းလေးကို မျှဝေပါမည်။ ရှေးဦးစွာပြောလိုသည်မှာ Phillip Kotler နှင့် Gary Amstrong တို့၏ Principles of Marketing 13th Edition မှ ထုတ်နုတ်ထားခြင်းကို ဖြစ်ပါသည်။ မားကတ်တင်းနှင့်ပတ်သတ်၍ အဖွဲ့အစည်းတို့၏ ပုံစံနှင...
အပိုင်းနှစ်ကို တစ်ဆက်တည်းရေးဖို့မှန်းပေမယ့် တိုတိုနဲ့ပြောချင်တာကိုရေးနိုင်တဲ့ mood မျိုးမရခဲ့လို့နဲနဲကြာခဲ့ ပါတယ်။ ခုတော့ သူငယ်ချင်းတို့ဖတ်နိုင်ပါပြီ။ ပထမ စာပုဒ်လေးမှာပြောခဲ့တဲ့အတိုင်း သီအိုရီအားကိုး တဲ့ မိတ်ဆွေများအတွက် မြန်မြန်လုပ်ရမဲ့အကြောင်းများကို နိုင်သလောက်ရေးသားပါမယ်။ သီအိုရီလူသားများဆိုတာ …. သီအိုရီဆိုတာက ဘာနဲ့ဆက်စပ်သလဲဆိုရင် နိုင်ငံတကာ အဆင့် အောင်လက်မှတ်များနဲ့တိုက်ရိုက်ပတ်သတ် ပါတယ်။ အဲ့ဒီလို အသိအမှတ်ပြုခံ ပုဂ္ဂိုလ်တွေက သီအိုရီတွေကို အားပြုကာ လုပ်ငန်းတွေကိုအကောင်အထည် ဖော်တတ်ကြလို့ပါ။ ဒါဆိုမေးစရာရှိပါတယ်။ အဲဒီလို ပညာတွေသင်ဖူးတဲ့သူများကလွဲရင် ကျန်တဲ့သူတွေကရော ဒီလိုမျိုးတွေကို လေ့လာပြီးအသုံးချတာမျိုးမရှိဘူးလားလို့ တန်ပြန်မေးနိုင်ပါတယ်။ ဖြေပေးပါမယ်။ ၁) မြန်မာပြည်က လုပ်ငန်းရှင်များရဲ့သဘောအရ အဆင့်မြင့်တဲ့ အကောင်အထည်ဖော်စရာတွေရှိရင် နီးစပ်ရာလူတွေထဲ လုပ်နိုင်တဲ့သူရှိမလားလို့အရင်ကြည့်လေ့မရှိပါဘူး။ စိတ်ဝင်စားစရာ ကောင်းတဲ့ CV ဖောင်ပိုင်ရှင်များဆီကိုသာအာရုံရောက်လေ့ရှိပါတယ်။ ဒါကြောင့် ရှိရင်းစွဲလူတွေအနေနဲ့ တတ်နေရင်တောင် အစွမ်းပြခွင့်မသာပါဘူး။ ၂) နောက်တစ်ချက်က ကိုယ့် ပြည်တွင်းက...