အသက်(၇ဝ)နားနီးနေပြီးဖြစ်တဲ့ Brian Tracyဟာ ဆံပင်တွေ တစ်ခေါင်းလုံးဖြူနေပေမယ့် ခန္ဓာကိုယ်က လူငယ်တစ်ယောက်လို သန်မာနေဆဲဖြစ်တယ်။ ဒါဟာ နှစ်ကာလကြာ သူလေ့ကျင့်ခဲ့တဲ့ ကိုယ်ကာယရလဒ်ဖြစ်တယ်။ Tracyဟာ တခြားလူပြောတဲ့စကားကို နားထောင်တဲ့အခါ အာရုံစိုက်ပြီး အပြုံးမျက်နှာနဲ့ ခပ်ပြုံးပြုံးနားထောင်လေ့ရှိတယ်။ သူကိုယ်တိုင်စကားပြောတဲ့အခါမှာလည်း သံလိုက်စက်ကွင်းတစ်ခုဖြစ်အောင် သူဖန်တီးနိုင်တယ်။ ဒီလိုသံလိုက်စက်ကွင်းက နေရာမှာရှိတဲ့လူအားလုံးရဲ့ အာရုံကို ဖမ်းစားဆွဲငင်ထားနိုင်တယ်။ Brian Tracyဟာ တစ်ချိန်က ဘီဂိတ်လ်ရဲ့ စီးပွားရေးလမ်းညွှန်ဆရာဖြစ်ခဲ့သလို Buffett၊ Michael Dell၊ Jack Welchတို့တောင် သူ့ဟောပြောပွဲကို တက်ရောက်ခဲ့ဖူးတယ်။ သူဟာ အမေရိကန်မှာ သြဇာလွှမ်းမိုးမှုအရှိဆုံး ဟောပြောသူ၊ အောင်မြင်တိုးတက်ရေး ဟောပြောဆရာတွေထဲက တစ်ဦးဖြစ်တယ်။ နိုင်ငံပေါင်း(၄ဝ)ကျော်မှာ ဟောပြောပွဲတွေ သူကျင်းပခဲ့သလို နိုင်ငံပေါင်း(၉ဝ)ကျော်ကိုလည်း သူရောက်ခဲ့ဖူးတယ်။ တခြား အောင်မြင်တိုးတက်ရေး ဟောပြောဆရာတွေနဲ့ မတူတဲ့အချက်က Brian Tracyဟာ သူ့အကြောင်း၊ သူ့ပုံပြင်ကိုပဲ နှစ်နှစ်ခြိုက်ခြိုက် ဟောပြောတတ်တာဖြစ်တယ်။ ဒီအချက်ကိုကြည့်ခြင်းအားဖြင့် ...
Myanmar Small Medium Enterprise are using Digital Marketing Grow there Business.