Skip to main content

Posts

Showing posts from April, 2016

MARKETING 4.0 ကပြောတဲ့ CONTENT MARKETING

Content ဆိုတာ ပုံစံသစ်နဲ့ကြော်ငြာတစ်ခုသာ … Hashtag (#) ဆိုတာ Brand တစ်ခုအတွက် Tagline အသစ်ပါ … (Initiating Conversations with Powerful Storytelling) ကဲ … ဒီဘက်ခေတ်မှာ Marketer တွေလုပ်စားရတာ မလွယ်ကူတော့တာက ကိုယ့်ကြော်ငြာထဲမှာ ကိုယ်ပြောထားတဲ့ အမှန်တရားပါဆိုတဲ့အရာတွေကိုတောင် ဈေးဝယ်သူတွေက မယုံတော့တဲ့ခေတ်။ ဆိုလိုချင်တာက လွန်ခဲ့တဲ့ အနှစ် ၂၀ ကလို မြဝတီကပြတဲ့ တရုတ်သိုင်းကားကြားထဲ TVC 30 စက္ကန့် ကို 10 spots လောက်ရိုက်လိုက်ရင် မနက်ကျရင်ဈေးထဲမှာ ပြေးဝယ်တဲ့ခေတ်မဟုတ်တော့ဘူး။ Internet ကဆင့် သယ်ဆောင်လာတဲ့ ပွင့်လင်းမြင်သာမှုတွေက Content Marketing ကို မွေးဖွားပေးလိုက်တာပါပဲ။ လူတွေ Internet ကနေချိတ်ဆက်လာတာကဆင့် Brand တစ်ခုချင်းစီရဲ့ တကယ့် အမှန်တရားပါဆိုတဲ့ အရာတွေကို သိရစေတယ်။ လူတွေက သူတို့ပစ္စည်းတစ်ခုကိုမဝယ်ခင် သူများတွေကို မေးပြီလေ။ ဘာမေးတာလဲဆိုတော့ အမှန်စင်စစ် Brand တစ်ခုအတွက် သူငယ်ချင်းတွေ၊ မိတ်ဆွေတွေရဲ့ ပကတိအမြင်တွေ။ လူတွေက သူများပြောတဲ့ Brand တစ်ခုကို Marketer တွေ ကြော်ငြာထဲမှာပြောနေတာထက် ပိုပြီးယုံလာကြတယ်။ Content Marketing တိုတိုနဲ့လိုရင်းပြောမယ်ဆိုရင် Brand တွေကိုယ်တိုင်ဟာ စာအုပ်တ...

လူငယ်

ငါတို့ဟာ လူငယ်တွေဖြစ်တယ်။ ဒါပေမယ့် ငါတို့ဟာ လမ်းပေါ်မှာ ရည်ရွယ်ချက် မရှိ၊ မျှော်မှန်းချက် နတ္ထိနဲ့ လျှောက်နေတဲ့ လူငယ်တွေ မဟုတ်ဘူး။ ငါတို့မှာ ယုံကြည်ချက်ဆိုတာ ရှိတယ်။ ငါတို့မှာ မျှော်လင့်ချက်ဆိုတာလဲ ရှိတယ်။ ငါတို့မှာ အားမာန်နဲ့ သတ္တိလဲ ရှိတယ်။ ငါတို့တတွေဟာ အားမာန် ကို အားမာန်ချင်း သတ္တိ ကို သတ္တိချင်း ယုံကြည်ချက် ကို ယုံကြည်ချက်ချင်း မျှော်လင့်ချက်ကို မျှော်လင့်ချက်ချင်း အားပြိုင် တိုက်ခိုက်ကြရလိမ့်မယ်။