Skip to main content

Posts

Showing posts from February, 2016

မာန

ကြုံဆုံတုန်း ခဏ… ဒီဘဝ လောကထဲမှာ… တို့ရဲ့ မာနတွေက ရှိနေလား အချိန်တန် အိမ်ပြန်လမ်းဟာ… မင်း မာနတွေ မပါလောက်ဘူး……။ မာယာကို မာနလုပ်ထား… မင်းလျှောက်တဲ့လမ်း…… အတ္တမဆန်ပါဘူး……… ထွက်သွားပါ……နှုတ်ဆက်ပါ……။ လူတစ်ယောက်ရဲ့ ဘဝဟာ ခွဲခွာခြင်း ခရီးသည်းတစ်ဦးပါ… မဟူရာမျက်ဝန်းတွေထဲ… မင်း မာနကို ဖုံးလွှမ်း…… မင်းရဲ့ စိတ်က ထင်ပေါ်နေခဲ့တယ်… သူစိမ်းဆန်တဲ့ စကားလုံးများ ဖွင့်ဟဝန်ခံ…မုဿသံတွေ လေထဲမှာ ပျံလွှင့်…… လူတစ်ယောက်ကို သေအောင် သတ်နိုင်တယ်……။ မင်းမာနကို ရှေ့တန်းတင်ထား ငါ့အတ္တနဲ့ တိုက်ထုတ်ရမယ်… အဲဒီလို့ပဲ……ဘဝနှစ်ခု တိတ်တဆိတ် ရပ်တန့်သွားမှာပါ…။ အနားက ဖြတ်သွားသော လေ ငါ့ကို တိုးတိုးလေး…သတိပေးလိုက်တယ်… မင်းချစ်သူဟာ……မာန သိပ်ကြီးတာတဲ့…။ Credit #တိမ်တိုက်

ကျွန်တော် လေ့လာမိသလောက် Google Ads

အားလုံးပဲ မင်္ဂလာပါ။ ဒီနေ့ ကျွန်တော် Sharing လုပ်ပေးချင်တာလေးကတော့ #google မှာ #ads ကြော်ငြာတွေ ဘယ်လို Create လုပ်မလဲဆိုတောလေး Share ပေးချင်တာပါ။ အရင်ဦးဆုံး ဝန်ခံထားချင်တာက ကျွန်တော်လည်း Google မှာ ads ကြော်ငြာ မဖန်တီဖူးသေးပါဘူးခင်ဗျာ..။ #google_ads ကြော်ငြာမလုပ်ဖူးသေးပေမယ့် ဘယ်လို လုပ်သလဲဆိုတော့ လေ့လာထားလို့ သိထားပါတယ်ခင်ဗျာ..။ အဓိက က မလုပ်ဖူးသေးလို့ မလုပ်တတ်ဘူးဆိုတာ မဖြစ်ရအောင်လို့ပါ။ မလုပ်ဖူးသေးလဲ လုပ်နိူင်တယ်၊ လုပ်တတ်တယ်ဆိုတဲ့ conscience ရအောင်လို့ပါ။ ဒီ Post လေးက google ads ကို လေ့လာနေသူများနဲ့ မသိသေးသူများကို အဓိက ရည်ရွယ်ပါတယ်။ ဟုတ်ပြီး အဲဒါဆို စလိုက်ကြရအောင်..... Google မှာ ဘယ်လိုကြော်ငြာတွေ လုပ်လို့ရလဲဆိုတော့ (၁) SEM (#Search_Engine_Marketing) (၂) #Display_Marketing (၃) #YouTube_Marketing (၄) #Shopping (၅) #Universal_App တို့ ေြ့ကာ်ငြာလို့ရပါတယ်။ (၁) #SEM (Search Engine Marketing) SEM (Search Engine Marketing) ဆိုတာက Google မှာ ရှာလို့ရှိရင် ကိုယ့် Web Site ထိပ်ဆုံးမှာရောက်နေအောင်လို့ Google ကို ပိုက်ဆံပေးထားပြီး ကြော်ငြာထားတာကို ပြောတာပါ။ ...

SMS Marketing လုပ်မယ်ဆိုရင်

SMS Marketing လုပ်မယ်ဆိုရင် လေ့လာပြီးသိရှိထားသင့်တဲ့ SMS Marketing web site ၇ ခုကို ဖော်ပြပေးလိုက်ပါတယ်။ (1) https://smspoh.com/ (2) https://www.boomsms.net/ (3) http://www.onewaysmsmyanmar.com/ (4) https://www.bulksms.com/ (5) http://marketing.baganmart.com/ (6) http://vmgmyanmar.com/ (7) https://triplesms.com/

အောင်မြင်ခြင်း လမ်းမပေါ်က အကြောက်တရားများ..

အကြောက်တရားဆိုတာ နေရာတိုင်းမှာရှိပါတယ်။ ဒါပေမယ့် ဒီကြောက်တဲ့စိတ်ကို ရင်မဆိုင်ဘဲ ရှောင်ပုန်းနေမယ်ဆိုရင် အကြောက်တရားတွေက ကိုယ့်ကို ခြောက်လှန့်နေပါလိမ့်မယ်။ အောင်မြင်မှုကိုသွားတဲ့ လမ်းမတွေပေါ်မှာလည်း အောင်မြင်သူတိုင်း ရင်ဆိုင်ခဲ့ရတဲ့ အကြောက်တရားတွေ ရှိပါတယ်။ ဒီအကြောက်တရားတွေကို မကျော်လွှားခဲ့ဘဲ အောင်မြင်မှုလမ်းမပေါ်ကို သက်တောင့်သက်သာ လျှောက်လှမ်းလို့မရနိုင်ပါဘူး။ (၁) ဝေဖန်ခံရခြင်း။  အောင်မြင်ချင်တဲ့သူဟာ ဝေဖန်ခံရမှာကို ကြောက်လို့မဖြစ်ပါဘူး။ အောင်မြင်ဖို့ ကြိုးစားနေပြီဆိုကတည်းက လူတိုင်းရဲ့ သဘောတူထောက်ခံမှုရဖို့ မလွယ်ပါဘူး။ ဘာလို့လဲဆိုတော့ အောင်မြင်ဖို့ဆိုရင် ကိုယ့်ယုံကြည်ချက်ကို ကိုယ်မြဲမြဲဆုပ်ကိုင်ထားရပါတော့မယ်။ ဒီယုံကြည်ချက်ဟာ လူတိုင်းနဲ့လဲ သဘောထားချင်း တိုက်ဆိုင်ချင်မှ တိုက်ဆိုင်ပါလိမ့်မယ်။ ဒီတော့ ဝေဖန်ခြင်းကို ခံနိုင်ရည်ရှိဖို့လိုပါတယ်။ ကိုယ်ရွေးချယ်ထားတဲ့လမ်းဟာ ကိုယ့်မိဘ၊ အသိုင်းအဝိုင်း၊ ပတ်ဝန်းကျင်ရဲ့ ဝေဖန်မှုကိုခံရနိုင်လို့ မလျှောက်လှမ်းဖူးဆိုရင်တော့ သင်လိုချင်တဲ့ပန်းတိုင်ရဲ့ အောင်မြင်မှုဟာ သင်နဲ့ဝေးနေဦးမှာပဲဖြစ်ပါတယ်။  (၂) ဆင်းရဲမှာကြောက်ခြင်း။  အောင်မြင်ချင်တဲ့သူတိ...

Facebook Post ပုံထဲမှာ စာရေးမယ်ဆိုရင်

လူငယ်တို့ လမ်းမပျောက်ဖို့ နည်းလမ်း

ယနေ့ခေတ် လူငယ်လို့ ဆိုရင် မြန်မာပြည် တစ်ပြည်တည်း မဟုတ်ပါဘူး။ အမေရိကန်၊ အင်္ဂလန်နဲ့ အခြားသော ဥရောပနဲ့ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံများမှာတောင် ကြုံတွေ့နေရတဲ့ ပြဿနာ တစ်ခုက လူငယ်များ လမ်းပျောက်ခြင်း ဖြစ်ပါတယ်။ လမ်းပျောက်ခြင်း ဆိုတာ လျှောက်နေတဲ့ လမ်း ပျောက်သွားတာကို ဆိုလိုခြင်း မဟုတ်ပဲ မိမိတို့ လုပ်ကိုင်ချင်တာဘာမှန်းကိုတောင် မသိတဲ့ အဆင့်အထိ ရောက်ရှိသွားရတဲ့ အခြေအနေ ဖြစ်ပါတယ်။ Career losing ဖြစ်တယ်ဆိုတဲ့ ပြဿနာနဲ့ အလုပ်လက်မဲ့ ဖြစ်ခြင်းပြဿနာက ဆက်ဆံ နေတော့ ဒါဟာ တိုင်းပြည်ရဲ့ လူ့စွမ်းအား အရင်းအမြစ် အပေါ်မှာ များစွာ ဆိုးကျိုး သက်ရောက်မှု ရှိပါတယ်။ ဗြိတိန်နိုင်ငံမှာ ဆိုရင် လူငယ်များကို ကော်ဖီဆိုင် စားပွဲထိုး လုပ်ခိုင်းတဲ့အထိ အလုပ်သမား ဝန်ကြီးချုပ်တို့ ကိုယ်တိုင် ပြောယူရတဲ့ အခြေအနေ တစ်ခု ၂၀၁၄ ခုနှစ်အတွင်းမှာ ဖြစ်ခဲ့ပါတယ်။ ဒါတွေရဲ့ ပြဿနာ ဟာ ဘယ်က စလည်းလို့ အခြေခံကို လေ့လာကြည့်တော့ လူငယ်များ လမ်းပျောက်နေခြင်း ဖြစ်ပါတယ်။  ၁) ဗဟုသုတ ကြွယ်ပါစေ ဗဟုသုတ ကြွယ်ဖို့ရာ ပြောရန်လွယ်ပေမယ့် လုပ်ယူဖို့ ကျတော့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ကြိုးစားမှုနဲ့ ဆိုင်ပါတယ်။ စာများများ ဖတ်ခြင်း အလေ့အထ တစ...