Skip to main content

ကျွန်တော် လေ့လာမိသလောက် Google Ads


အားလုံးပဲ မင်္ဂလာပါ။ ဒီနေ့ ကျွန်တော် Sharing လုပ်ပေးချင်တာလေးကတော့ #google မှာ #ads ကြော်ငြာတွေ ဘယ်လို Create လုပ်မလဲဆိုတောလေး Share ပေးချင်တာပါ။ အရင်ဦးဆုံး ဝန်ခံထားချင်တာက ကျွန်တော်လည်း Google မှာ ads ကြော်ငြာ မဖန်တီဖူးသေးပါဘူးခင်ဗျာ..။ #google_ads ကြော်ငြာမလုပ်ဖူးသေးပေမယ့် ဘယ်လို လုပ်သလဲဆိုတော့ လေ့လာထားလို့ သိထားပါတယ်ခင်ဗျာ..။ အဓိက က မလုပ်ဖူးသေးလို့ မလုပ်တတ်ဘူးဆိုတာ မဖြစ်ရအောင်လို့ပါ။ မလုပ်ဖူးသေးလဲ လုပ်နိူင်တယ်၊ လုပ်တတ်တယ်ဆိုတဲ့ conscience ရအောင်လို့ပါ။ ဒီ Post လေးက google ads ကို လေ့လာနေသူများနဲ့ မသိသေးသူများကို အဓိက ရည်ရွယ်ပါတယ်။ ဟုတ်ပြီး အဲဒါဆို စလိုက်ကြရအောင်..... Google မှာ ဘယ်လိုကြော်ငြာတွေ လုပ်လို့ရလဲဆိုတော့ (၁) SEM (#Search_Engine_Marketing) (၂) #Display_Marketing (၃) #YouTube_Marketing (၄) #Shopping (၅) #Universal_App တို့ ေြ့ကာ်ငြာလို့ရပါတယ်။ (၁) #SEM (Search Engine Marketing) SEM (Search Engine Marketing) ဆိုတာက Google မှာ ရှာလို့ရှိရင် ကိုယ့် Web Site ထိပ်ဆုံးမှာရောက်နေအောင်လို့ Google ကို ပိုက်ဆံပေးထားပြီး ကြော်ငြာထားတာကို ပြောတာပါ။ ဥပမာ- google Search Box မှာ #Myanmar_Property ဆိုပြီး ရိုက်ရှာလိုက်ရင် ထိပ်ဆုံးမှာ imyanmarhouse ရဲ့ Ads ကြော်ငြာနဲ့ Shwe Property ရဲ့ ကြော်ငြာ Ads (၂) ခုကို တွေ့မြင်ရမှာပါ။ အဲဒါတွေက Google ကို ပိုက်ဆံပေးပြီး ကြော်ငြာထားတာပါ။ ပြီးတော့ အဲဒီ ထိပ်ဆုံးနေရာလေးကို ရဖို့ လေလံဆွဲသလိုပဲ၊ ပိုက်ဆံပိုပေးတဲ့ သူက ထိပ်ဆုံးကိုရောက်တာပါ။ imyanmarhouse ထက် google ကို ပိုက်ဆံပိုပေးတဲ့သူ ရောက်လာရင်လဲ imyanmarhouse က ထိပ်ဆုံးနေရာကနေ ဒုတိယနေရာကို ဆင်းသွားမှာပါ။ ပိုပေးတဲ့ သူကထိပ်ဆုံးကို ရောက်လာတာမှာပါ။ Google မှာ SEO ကြော်ငြာရဲ့ အဓိကအသက်သွေးကြောက #Keyword ပါ။ Myanmar Property Keyword ပါတဲ့ ပိုက်ဆံပိုပေးတဲ့ Ads ကြော်ငြာကိုပဲ ထိပ်ဆုံးမှာ ပြပေးမှာပါ။ ကိုယ့် Business နဲ့ သက်ဆိုင်တဲ့ Keyword တွေ အားလုံး ကိုယ် web site ထဲမှာ ရှိအောင် လုပ်ထားပါ။ ဒီနေရာမှာ #SEM နဲ့ #SEO က မတုူပါဘူး။ SEM က Google မှာ လေလံဆွဲထားပြီး ပိုက်ဆံပိုပေးလို့ ထိပ်ဆုံးနေရာကို ရောက်နေတာ SEM ပါ။ #SEO (Search engine Optimization) ဆိုတာက Google ကို ပိုက်ဆံမပေးပဲနဲ့ သဘာဝအတိုင်း ကိုယ့်ဘာသာ ထိပ်ဆုံးကို ရောက်အောင် လုပ်တာပါ။ ကိုယ့် #Web_Site က #Traffic လေးတွေ ပုံမှန်ရှိနေမယ်၊ Active လဲ ဖြစ်နေမယ်ဆိုရင် ထိပ်ဆုံးကို တဖြည်းဖြည်းနဲ့ ရောက်လာမှာပါ။ သူကတော့ အချိန်အများကြီး ကြာပါတယ်။ (၂) #Display_Marketing (PPC) Display Marketing ဆိုတာကတော့ ရှင်းပါတယ်။ ကျွန်တော်တို့ Web Site တွေရဲ့ ဘေးဘယ်ညာ အပေါ်အောက်နားတွေမှာ ပုံလေးတွေနဲ့ ကြော်ငြာထားတာပါ။ ဥပမာ- Travel & Tour နဲ့ ပက်သက်ပြီးတော့ Display Marketing လုပ်မယ်ဆိုပါတော့... Image, Logo, Text, Design တို့ကတော့ ကြိုလုပ်ထားရမှာပေါ့။ ဟုတ်ပြီး Travel & Tour နဲ့ ပက်သက်ပြီး #Display_Marketing လုပ်မယ် Travel & Tour နဲ့ သက်ဆိုင်တဲ့ Web Site တွေမှာ ငါ့ရဲ့ ဒီကြော်ငြာကို ပြပေးပါလို့ Google ကို ပြောပြီးရင် ငါရဲ့ ဒီကြော်ငြာကို လူတစ်ယောက် Click လိုက်ရင် ငါမင်းကို ဘယ်လောက်ပေးမယ်ဆိုပြီး Google မှာ ကြော်ငြာတာပါ။ သူကို #Pay_Par_Click (PPC) လု့ိလဲ ခေါ်ပါတယ်။ ပြီးတော့ Baner လို့လဲခေါ်ပါသေးတယ်။သူနဲ့သက်ဆိုင်တဲ့ web site တွေ ကြော်ငြာပြထားရုံနဲ့ ပိုက်ဆံမပေးရသေးပါဘူး။ User က ကိုယ့် ကြော်ငြာကို ကလစ်လိုက်ပြီး ကိုယ့် Web Site ကို ရောက်လာမှာ ပိုက်ဆံပေးရတာပါ။ Business Owner ကနေ ကြော်ငြာခ ပေးတဲ့ ပိုက်ဆံကို Google က Web Site ပိုင်ရှင်တွေကို အချိုးကျ ပိုက်ဆံခွဲပေးပါတယ်။ (၃) YouTube Marketing YouTube Marketing ဆိုတာကတော့ youtube မှာ ကြော်ငြာထည့်တာပါ။ တွေ့ဖူးကျမှာပါ အဲလိုကြော်ငြာတွေကို။ Video ကြည့်ရှု့နူန်းတွေ တရိပ်ရိပ်တက်လာနေတာနှင့်အမျှ YouTube Marketing ကိုလည်း ပစ်ပယ်ထားလို့ မရပါဘူး။ www.omnicoreagency.com ရဲ့ စစ်တမ်းအရ Youtube ကို နေတိုင်း ကြည့်ရှု့သူက 150 million ရှိပြီးတော့ Internt အသုံးပြုသူ 3 ယောက်ရှိရင် တစ်ယောက်က video ကြည့်တယ်ဆိုထားပါတယ်။ YouTube marketing လုပ်မယ်ဆိုရင်တော့ အရင်ဆုံး ကိုယ့် Business အကြောင်းကို ဖော်ပြပေးမယ့် Shot Video လေး ကို ဆွဲဆောင်မှုရှိရှိနဲ့ Created ဖြစ်အောင် ဖန်တီးရပါမယ်။ YouTube Marketing ရဲ့ အဓိက အသက်သွေးကြောက အဲဒီ Shot Video လေးပါ။ အဲဒီ ှShot Video လေးကသာ Attraction မယူနိူင်ရင် သွားပြီး....ပိုက်ဆံ တွေ ... ပလုံ....သွားမှာပါ။ အဲတော့ စိတ်ဝင်စားပြီး ဆွဲဆောင်မှုရှိတဲ့ Shot Video လေး ဖန်တီးထားပါ။ (၄) Shopping Shopping ဆိုတာက ကိုယ့် Web Site က Ecommerce Web Site ဆိုရင် ကိုယ့် Product တွေ များများရောင်းထွက်ဖို့ နဲ့ လာဝယ်ဖို့ encouraging ဖြစ်အောင် Web Traffic များအောင် Google မှာ Marketing လုပ်တာကို ပြောတာပါ။ ဥပမာ- Shop.com.mm Huawei Nova 3i ကို 9 သောင်းနဲ့ ဈေးချပြီးတော့ လုပ်တာမျိုးပါ။ (၅) Universal App Universal App ဆိုတာက ကိုယ့် Application ကို ကြော်ငြာလုပ်တာပါ။ ကိုယ် Application ကို Install ဆွဲသူများအောင် Google Search, Google Display, YouTube, Google Play Store စတဲ့ ကိုယ်ကြော်ငြာချင်တဲ့ Platform မှာ ကြော်ငြာတာပါ။ Google မှာ အဲလိုတွေ ကြော်ငြာလို့ ရတယ်ဆိုတာတော့ သိပြီး။ အဲဒီလို ကြော်ငြာတွေလုပ်ချင်တယ်ဆိုရင် ဘယ်ကနေဘယ်လို စပြီး Google Ads တွေ လုပ်ရမလဲဆိုတာ Step By Step ခေါင်းစဉ် တစ်ခုချင်းစီကို အကျယ်ချဲ့ ပြောပြပေးသွားပါမယ်။ ခုလောလောဆယ်တော့ ဒီအချက် ၅ ချက်လောက် မိတ်ဆွေ တို့အတွက် အကျိုးရှိမယ်လို့ ထင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

Comments

Popular posts from this blog

Facebook အကောင့်အလွယ်တကူဖွင့်နည်း 100%

ကျွန်တော်တို့ မြန်မာနိုင်ငံကနေ Facebook အကောင့်တစ်ခုဖွင့်ရတာ မလွယ်ပါဘူး။ ဒီနေရာမှာ ဒေါင်းလိုက်ပါ အဆင်မပြေတာရှိရင် မန့်ထားခဲ့ပါ.....:)

ခောတ်သစ်ဈေးကွက်ဖော်ဆောင်ရေးနဲ့ ၎င်းကို လွှမ်းမိုးထားသော အချက်အလက်များ

 ခောတ်ပေါ်ဈေးကွက်ဖော်ဆောင်မှု လုပ်ငန်းစဉ်တွေကို သက်ရောက်မှုဖြစ်စေတဲ့အချက်တွေကို ရေးသားတင်ပြလိုပါတယ်။ ဒါကြောင့်မို့လို့ ခေါင်းစဉ်ကို Marketing Environment ဈေးကွက်နယ်ပယ်များလို့ ပေးလိုက်ထားလိုက်ပါမယ်။ ဈေးကွက်ဖော်ဆောင်မှုဆိုတာ သုံးစွဲသူတွေရဲ့ အဆင်ပြေမှု တွေအတွက် အမြဲတစေ ကြိုးစားရှာဖွေနေကြတဲ့ အပေါ်မှာအခြေခံပြီး စတင်ဖြစ်တည်ပါတယ်။ ဒီနေ့ခောတ် Marketing Manager တွေဟာ သုံးစွဲသူတွေအတွက် အချက်အလက်တွေကို ရှာဖွေဖန်တီးမှုမှာ နစ်မြှပ်နေကြပါတယ်။ သူတို့တွေက သုံးစွဲသူတွေနဲ့ ရေရှည်တည်မြဲတဲ့ ဆက်နွယ်မှုတွေကို ဖန်တီးဖို့ကြိုးစားယှဉ်ပြိုင်နေရတာပါ။ အဲ့ဒီလိုမျိုးကြိုးစား မှုတွေမှာ သူတို့တွေဟာ လိုက်နာရမည့် အချက်တွေ ၊ ရှောင်ကျဉ်ရမယ့် အချက်တွေစ သည်ဖြင့် တော်တော် များပြားလှပါတယ်။ အခုအဲ့ဒီအချက်တွေကို တစ်ချက်ချင်းစီ ရေးသားပေးပါမယ်။ ဝန်ခံစရာရှိတာက အချက်အလက်တွေက အင်တာနက် web site ပေါင်းစုံကနေ စုပေါင်းပြီး တင်ပြထားတာဖြစ် ပါတယ်။ တစ်ချို့အပိုင်းတွေမှာတော့ ကိုယ်နားလည်သလောက်ဖြည့်စွက်ထားပါတယ်။ Political Forces ( နိုင်ငံရေးရာများ၏ လွှမ်းမိုးမှု ) လူမှုရေးရာ အချက်အလက်အများစုက နိုင်ငံရေးရဲ ့ ဖြစ်တည်မှုတွေကို ပုံဖော်နိုင်ကြ...

မာန

ကြုံဆုံတုန်း ခဏ… ဒီဘဝ လောကထဲမှာ… တို့ရဲ့ မာနတွေက ရှိနေလား အချိန်တန် အိမ်ပြန်လမ်းဟာ… မင်း မာနတွေ မပါလောက်ဘူး……။ မာယာကို မာနလုပ်ထား… မင်းလျှောက်တဲ့လမ်း…… အတ္တမဆန်ပါဘူး……… ထွက်သွားပါ……နှုတ်ဆက်ပါ……။ လူတစ်ယောက်ရဲ့ ဘဝဟာ ခွဲခွာခြင်း ခရီးသည်းတစ်ဦးပါ… မဟူရာမျက်ဝန်းတွေထဲ… မင်း မာနကို ဖုံးလွှမ်း…… မင်းရဲ့ စိတ်က ထင်ပေါ်နေခဲ့တယ်… သူစိမ်းဆန်တဲ့ စကားလုံးများ ဖွင့်ဟဝန်ခံ…မုဿသံတွေ လေထဲမှာ ပျံလွှင့်…… လူတစ်ယောက်ကို သေအောင် သတ်နိုင်တယ်……။ မင်းမာနကို ရှေ့တန်းတင်ထား ငါ့အတ္တနဲ့ တိုက်ထုတ်ရမယ်… အဲဒီလို့ပဲ……ဘဝနှစ်ခု တိတ်တဆိတ် ရပ်တန့်သွားမှာပါ…။ အနားက ဖြတ်သွားသော လေ ငါ့ကို တိုးတိုးလေး…သတိပေးလိုက်တယ်… မင်းချစ်သူဟာ……မာန သိပ်ကြီးတာတဲ့…။ Credit #တိမ်တိုက်