ကြုံဆုံတုန်း ခဏ…
ဒီဘဝ လောကထဲမှာ…
တို့ရဲ့ မာနတွေက ရှိနေလား
အချိန်တန် အိမ်ပြန်လမ်းဟာ…
မင်း မာနတွေ မပါလောက်ဘူး……။
မာယာကို မာနလုပ်ထား…
မင်းလျှောက်တဲ့လမ်း……
အတ္တမဆန်ပါဘူး………
ထွက်သွားပါ……နှုတ်ဆက်ပါ……။
လူတစ်ယောက်ရဲ့ ဘဝဟာ
ခွဲခွာခြင်း ခရီးသည်းတစ်ဦးပါ…
မဟူရာမျက်ဝန်းတွေထဲ…
မင်း မာနကို ဖုံးလွှမ်း……
မင်းရဲ့ စိတ်က ထင်ပေါ်နေခဲ့တယ်…
သူစိမ်းဆန်တဲ့ စကားလုံးများ
ဖွင့်ဟဝန်ခံ…မုဿသံတွေ
လေထဲမှာ ပျံလွှင့်……
လူတစ်ယောက်ကို
သေအောင် သတ်နိုင်တယ်……။
မင်းမာနကို ရှေ့တန်းတင်ထား
ငါ့အတ္တနဲ့ တိုက်ထုတ်ရမယ်…
အဲဒီလို့ပဲ……ဘဝနှစ်ခု
တိတ်တဆိတ် ရပ်တန့်သွားမှာပါ…။
အနားက ဖြတ်သွားသော လေ
ငါ့ကို တိုးတိုးလေး…သတိပေးလိုက်တယ်…
မင်းချစ်သူဟာ……မာန သိပ်ကြီးတာတဲ့…။
Credit #တိမ်တိုက်

Comments
Post a Comment
ကျေးဇူးတင်ပါတယ်။