Skip to main content

အောင်မြင်ခြင်း လမ်းမပေါ်က အကြောက်တရားများ..


အကြောက်တရားဆိုတာ နေရာတိုင်းမှာရှိပါတယ်။ ဒါပေမယ့် ဒီကြောက်တဲ့စိတ်ကို ရင်မဆိုင်ဘဲ ရှောင်ပုန်းနေမယ်ဆိုရင် အကြောက်တရားတွေက ကိုယ့်ကို ခြောက်လှန့်နေပါလိမ့်မယ်။ အောင်မြင်မှုကိုသွားတဲ့ လမ်းမတွေပေါ်မှာလည်း အောင်မြင်သူတိုင်း ရင်ဆိုင်ခဲ့ရတဲ့ အကြောက်တရားတွေ ရှိပါတယ်။ ဒီအကြောက်တရားတွေကို မကျော်လွှားခဲ့ဘဲ အောင်မြင်မှုလမ်းမပေါ်ကို သက်တောင့်သက်သာ လျှောက်လှမ်းလို့မရနိုင်ပါဘူး။

(၁) ဝေဖန်ခံရခြင်း။ 
အောင်မြင်ချင်တဲ့သူဟာ ဝေဖန်ခံရမှာကို ကြောက်လို့မဖြစ်ပါဘူး။ အောင်မြင်ဖို့ ကြိုးစားနေပြီဆိုကတည်းက လူတိုင်းရဲ့ သဘောတူထောက်ခံမှုရဖို့ မလွယ်ပါဘူး။ ဘာလို့လဲဆိုတော့ အောင်မြင်ဖို့ဆိုရင် ကိုယ့်ယုံကြည်ချက်ကို ကိုယ်မြဲမြဲဆုပ်ကိုင်ထားရပါတော့မယ်။ ဒီယုံကြည်ချက်ဟာ လူတိုင်းနဲ့လဲ သဘောထားချင်း တိုက်ဆိုင်ချင်မှ တိုက်ဆိုင်ပါလိမ့်မယ်။ ဒီတော့ ဝေဖန်ခြင်းကို ခံနိုင်ရည်ရှိဖို့လိုပါတယ်။ ကိုယ်ရွေးချယ်ထားတဲ့လမ်းဟာ ကိုယ့်မိဘ၊ အသိုင်းအဝိုင်း၊ ပတ်ဝန်းကျင်ရဲ့ ဝေဖန်မှုကိုခံရနိုင်လို့ မလျှောက်လှမ်းဖူးဆိုရင်တော့ သင်လိုချင်တဲ့ပန်းတိုင်ရဲ့ အောင်မြင်မှုဟာ သင်နဲ့ဝေးနေဦးမှာပဲဖြစ်ပါတယ်။ 

(၂) ဆင်းရဲမှာကြောက်ခြင်း။ 
အောင်မြင်ချင်တဲ့သူတိုင်းဟာ ထိုက်သင့်တဲ့ ငွေကြေးရပိုင်ခွင့်တွေ၊ ချမ်းသာချင်စိတ်တွေရှိတာ သဘာဝကျပါတယ်။ ဖြစ်လည်း ဖြစ်သင့်ပါတယ်။ ဒါပေမယ့် အောင်မြင်မှုကိုသွားနေတဲ့လမ်းမှာတော့ ဆင်းရဲမှုကိုကြောက်နေလို့ မရပါဘူး။ ဥပမာ ပြောရရင် တစ်လကို ပုံမှန်လစာလေးရနေတဲ့သူက အခြေအနေလေးပျက်သွားမှာစိုးလို့ ကိုယ်ပိုင်အလုပ်လုပ်တာတွေ၊ စွန့်စားတာတွေမလုပ်ဘဲ ဒီတိုင်း လခစားဝန်ထမ်းလုပ်နေမယ်ဆိုရင်တော့ ဘယ်တော့မှ အောင်မြင်တော့မှာ မဟုတ်ပါဘူး။ အောင်မြင်ချင်ရင် ဆင်းရဲမှာ မကြောက်သင့်ပါဘူး။ ဒါပေမယ့် ဆင်းရဲခြင်းမှာပဲ သာယာနေလို့လည်း မဖြစ်ပါဘူး။ လုပ်ရဲကိုင်ရဲ ရပါမယ်။ ဒါပေမယ့် မျက်လုံးမှိတ်ပြီး ကံစမ်းတာမျိုးမဟုတ်ဘဲ ကိုယ့်အစွမ်းအစကိုလည်း အားကိုးရပါမယ်။ 

(၃) အသက်အရွယ်တွေ။ 
အောင်မြင်ချင်တဲ့သူတစ်ယောက်ဟာ လက်ရှိရှိနေတဲ့ အသက်အရွယ်တွေကို မေ့ထားလိုက်ပါ။ အသက်ငယ်သေးလို့ သင်ယူစရာတွေရှိသေးတယ်၊ အောင်မြင်မှုနောက် မလိုက်သင့်ဘူးလို့လည်း မယူဆသင့်ပါဘူး။ အသက်ကြီးသွားလို့လည်း အချိန်မရှိတော့ဘူး၊ ဒီအတိုင်းလေးပဲ ဘဝကို ဖြတ်သန်းလိုက်ရမယ်ဆိုတာမျိုးလည်း မတွေးသင့်ပါဘူး။ ဇူကာဘတ်လိုမျိုး အသက်ငယ်ငယ်နဲ့ အောင်မြင်မှုနောက်ကိုလိုက်ပြီး အောင်မြင်နိုင်သလို ဂျက်မားလိုလည်း အသက်အရွယ်ရမှ အောင်မြင်မှုလမ်းကို စလျှောက်လည်း အချိန်မှီပါသေးတယ်။ အသက်တွေကိုမေ့ပြီး လုပ်စရာရှိတာကိုပဲ အာရုံစိုက်လုပ်ပါ။ 

(၄) ဆုံးရှုံးမှုဒဏ်တွေ။ 
လူတွေက အရှုံးကို အရမ်းကြောက်ပါတယ်။ အရှုံးဆိုတာကို အဆုံးသတ်လိုှ့ ထင်ကြပါတယ်။ တကယ်တော့ ဆုံးရှုံးခြင်းဆိုတာ အဆုံးသတ်တစ်ခုမဟုတ်ပါဘူး။ အမြဲတမ်း ပြင်ဆင်ဖို့ အခွင့်အရေးတွေ ရှိနေပါတယ်။ နောက်ပြီး အောင်မြင်ခြင်းလမ်းမပေါ်မှာ မကြာခဏဆိုသလို တရင်းတနှီးတွေ့ရမှာလည်း အရှုံးဒဏ်တွေဆိုတာ မေ့မထားသင့်ပါဘူး။ 

(၅) တစ်မူထူးတယ်ဆိုတဲ့ မှတ်ချက်တွေ။ 
အများနဲ့မတူဘဲ တစ်ခုခုထူးခြားနေရင် ပုံမှန်မဟုတ်တဲ့သူ၊ ရူးကြောင်ကြောင်လူလို့ ထင်ခံရတာမျိုးတွေ ရှိပါတယ်။ ဒီလိုထင်ခံရမှာ ကြောက်ပြီးတော့ပဲ အတော်များများဟာ ကိုယ့်ရဲ့ပုံစံအတိုင်း မနေတော့ဘဲ အများနဲ့ သဟဇာတဖြစ်အောင် နေလိုက်ပါတော့တယ်။ အဲဒီ့မှာတင် အများထဲက အများတစ်ယောက်ဖြစ်ပြီး သာမန်လူတစ်ယောက်သာ ဖြစ်သွားပါတော့တယ်။ လူတိုင်းလုပ်တဲ့အလုပ်တွေပဲ လုပ်ပြီး၊ လူတိုင်း တွေးတဲ့အတွေးတွေနဲ့သာ ကျေနပ်လိုက်ပါတော့တယ်။ ဒီအကြောက်တရားကို ရင်ဆိုင်ပါ။ အရူးလို့ အထင်ခံရလည်း ကိုယ့်ပုံစံ၊ ကိုယ့်အတွေးနဲ့သာနေပါ။ ဒါဟာ သင့်ပုံစံနဲ့သင် အောင်မြင်ဖို့ အခွင့်အလမ်းပါပဲ။ 

(၆) လူတွေရဲ့အကြည့်တွေ။ 
လူတွေရဲ့ အကြောက်ဆုံးအရာတစ်ခုက တခြားသူတွေရဲ့အကြည့်တွေပါပဲ။ အကြည့်ဒဏ်တွေအောက်မှာ ငါဘာများမှားသွားလေမလဲ ဆိုတဲ့ အတွေးဟာ ကိုယ့်ကိုယ်ကို တကယ်ဖိစီးစေပါတယ်။ လူတွေရဲ့ ထင်မြင်ယူဆချက်ကို ဂရုတော့စိုက်ပါ။ ဒါပေမယ့် လိုက်ပြီး ခံစားမနေပါနဲ့။ ကိုယ်မှားတယ်ထင်ရင် ပြန်ပြင်လိုက်ပါ။ ပြန်ပြင်ခွင့်ရှိပါတယ်။ ကိုယ်မှန်တယ်ထင်ရင် ဆက်လုပ်လိုက်ပါ။ သင့်ရဲ့ ဆုံးဖြတ်ချက်တိုင်းဟာ သင့်ဘဝကိုပဲ သက်ရောက်စေမှာပါ။ 

(၇) အောင်မြင်ခြင်းတွေ။ 
လူတော်တော်များများကို အောင်မြင်ချင်လားလို့ မေးလိုက်ရင်တော့ အောင်မြင်ချင်ပါတယ်လို့ ဖြေကြမယ့်သူများပါတယ်။ ဒါပေမယ့် အောင်မြင်ရမှာကို ကြောက်တဲ့သူတွေ အတော်များပါတယ်။ အောင်မြင်ရမှာ ကြောက်တဲ့သူတွေဟာ ဘယ်လိုလူတွေလဲဆိုတော့ အပြောင်းအလဲကို မကြိုက်တဲ့သူတွေ၊ စိန်ခေါ်မှုကို မလိုလားတဲ့သူတွေ၊ လက်ရှိအနေအထားလေးမှာပဲ ရောင့်ရဲတင်းတိမ်နေတဲ့သူတွေ။ ဒီလိုလူတွေဟာ အောင်မြင်ရမှာကို ကြောက်ကြပါတယ်။ ဒီတော့ အခြေအနေတွေကို ပြောင်းလဲပစ်လိုက်ပါ။ ကိုယ်ဖြတ်သန်းနေရတဲ့ဘဝဟာ အောင်မြင်ဖို့ ထိုက်တန်ပါတယ်။
 
ရွှေညာမောင် (Focus Youth E-magazine) 

အဆင်ပြေပါစေ..


Comments

Popular posts from this blog

Facebook အကောင့်အလွယ်တကူဖွင့်နည်း 100%

ကျွန်တော်တို့ မြန်မာနိုင်ငံကနေ Facebook အကောင့်တစ်ခုဖွင့်ရတာ မလွယ်ပါဘူး။ ဒီနေရာမှာ ဒေါင်းလိုက်ပါ အဆင်မပြေတာရှိရင် မန့်ထားခဲ့ပါ.....:)

ခောတ်သစ်ဈေးကွက်ဖော်ဆောင်ရေးနဲ့ ၎င်းကို လွှမ်းမိုးထားသော အချက်အလက်များ

 ခောတ်ပေါ်ဈေးကွက်ဖော်ဆောင်မှု လုပ်ငန်းစဉ်တွေကို သက်ရောက်မှုဖြစ်စေတဲ့အချက်တွေကို ရေးသားတင်ပြလိုပါတယ်။ ဒါကြောင့်မို့လို့ ခေါင်းစဉ်ကို Marketing Environment ဈေးကွက်နယ်ပယ်များလို့ ပေးလိုက်ထားလိုက်ပါမယ်။ ဈေးကွက်ဖော်ဆောင်မှုဆိုတာ သုံးစွဲသူတွေရဲ့ အဆင်ပြေမှု တွေအတွက် အမြဲတစေ ကြိုးစားရှာဖွေနေကြတဲ့ အပေါ်မှာအခြေခံပြီး စတင်ဖြစ်တည်ပါတယ်။ ဒီနေ့ခောတ် Marketing Manager တွေဟာ သုံးစွဲသူတွေအတွက် အချက်အလက်တွေကို ရှာဖွေဖန်တီးမှုမှာ နစ်မြှပ်နေကြပါတယ်။ သူတို့တွေက သုံးစွဲသူတွေနဲ့ ရေရှည်တည်မြဲတဲ့ ဆက်နွယ်မှုတွေကို ဖန်တီးဖို့ကြိုးစားယှဉ်ပြိုင်နေရတာပါ။ အဲ့ဒီလိုမျိုးကြိုးစား မှုတွေမှာ သူတို့တွေဟာ လိုက်နာရမည့် အချက်တွေ ၊ ရှောင်ကျဉ်ရမယ့် အချက်တွေစ သည်ဖြင့် တော်တော် များပြားလှပါတယ်။ အခုအဲ့ဒီအချက်တွေကို တစ်ချက်ချင်းစီ ရေးသားပေးပါမယ်။ ဝန်ခံစရာရှိတာက အချက်အလက်တွေက အင်တာနက် web site ပေါင်းစုံကနေ စုပေါင်းပြီး တင်ပြထားတာဖြစ် ပါတယ်။ တစ်ချို့အပိုင်းတွေမှာတော့ ကိုယ်နားလည်သလောက်ဖြည့်စွက်ထားပါတယ်။ Political Forces ( နိုင်ငံရေးရာများ၏ လွှမ်းမိုးမှု ) လူမှုရေးရာ အချက်အလက်အများစုက နိုင်ငံရေးရဲ ့ ဖြစ်တည်မှုတွေကို ပုံဖော်နိုင်ကြ...

မာန

ကြုံဆုံတုန်း ခဏ… ဒီဘဝ လောကထဲမှာ… တို့ရဲ့ မာနတွေက ရှိနေလား အချိန်တန် အိမ်ပြန်လမ်းဟာ… မင်း မာနတွေ မပါလောက်ဘူး……။ မာယာကို မာနလုပ်ထား… မင်းလျှောက်တဲ့လမ်း…… အတ္တမဆန်ပါဘူး……… ထွက်သွားပါ……နှုတ်ဆက်ပါ……။ လူတစ်ယောက်ရဲ့ ဘဝဟာ ခွဲခွာခြင်း ခရီးသည်းတစ်ဦးပါ… မဟူရာမျက်ဝန်းတွေထဲ… မင်း မာနကို ဖုံးလွှမ်း…… မင်းရဲ့ စိတ်က ထင်ပေါ်နေခဲ့တယ်… သူစိမ်းဆန်တဲ့ စကားလုံးများ ဖွင့်ဟဝန်ခံ…မုဿသံတွေ လေထဲမှာ ပျံလွှင့်…… လူတစ်ယောက်ကို သေအောင် သတ်နိုင်တယ်……။ မင်းမာနကို ရှေ့တန်းတင်ထား ငါ့အတ္တနဲ့ တိုက်ထုတ်ရမယ်… အဲဒီလို့ပဲ……ဘဝနှစ်ခု တိတ်တဆိတ် ရပ်တန့်သွားမှာပါ…။ အနားက ဖြတ်သွားသော လေ ငါ့ကို တိုးတိုးလေး…သတိပေးလိုက်တယ်… မင်းချစ်သူဟာ……မာန သိပ်ကြီးတာတဲ့…။ Credit #တိမ်တိုက်