B2B Company တွေအတွက် Marketing ဟာ အချို့ Marketer တွေအဖို့ မလွယ်ကူပဲ ဘယ်ကစလို့စရမှန်း မသိဖြစ်နေတတ်ပါတယ်။ ကျွန်တော်ရဲ့ B2B Business မှာကျင်လည်ခဲ့တဲ့ အတွေ့အကြုံအရတော့ B2B ရဲ့ Nature ကြောင့်နဲ့ B2B Company တွေရဲ့ Marketing ကလဲ unique ဖြစ်တဲ့ စိန်ခေါ်မှုတွေရှိနေတာကြောင့်လို့ပဲ မြင်ပါတယ်။ ဒါပေမယ့် B2B Business တွေရဲ့ Marketing ကနေရလာမယ့် အခွင့်အရေး Opportunity တွေကလဲ များသလို၊ ရရှိလာမယ့် Opportunity တွေရဲ့တန်ဖိုး (Deal Size) ကလဲကြီးပါတယ်။ B2C Marketing နဲ့မတူပြီး စဉ်းစားရတာ ကွဲလွဲနေတဲ့အချက်ကတော့ Target ထားရတဲ့ Audience Size အရမ်းသေးတာပါပဲ။ ဥပမာ ။ ကိုယ်က Banking Sector က Bank တစ်ခုကို Target ထားတော့မယ်ဆိုရင် ကိုယ် Target ထားချင်တဲ့သူတွေက Decision Maker တွေဖြစ်တဲ့ Director Level တွေ၊ C Level တွေ၊ Management Levelတွေဖြစ်နေရင် အရေအတွက်အားဖြင့် အရမ်းနည်းပါတယ်။ ဒီလူတွေကို Reach ဖြစ်ဖို့က ခက်ခဲနိုင်ပြီး ဒီလူတွေထဲကမှ Decision-Making Process ထဲမှာ ပါဝင်နေတဲ့သူတွေ ဘယ်လူလဲဆိုတာသိရဖို့၊ဒီလူတွေနဲ့ အဆက်အသွယ်ရ Communication လုပ်နိုင်ဖို့၊ အရမ်းခက်ခဲနိုင်ပါတယ်။ ဒီလိုအချက်...
Myanmar Small Medium Enterprise are using Digital Marketing Grow there Business.