Skip to main content

Admin တိုင်းသိထားသင့်တဲ့ Ads Manager ထဲက အချက် ၂ ချက်


Facebook Ads Manager ထဲက ဒီခေါင်းစဉ် ၂ ခုကို ကောင်းကောင်းအချတတ်မယ်ဆိုရင် သင့် Page အတွက် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေကိုရရှိလာစေမှာ အသေအချာပါပဲ။ အချက်က ၂ ချက်ကတော့…

၁။ Audience Insights

၂။ Audiences

၁။ Audience Insights

Audience Insights ကို ဘာအတွက်အသုံးပြုတာလဲဆိုတော့ Facebook Platform ပေါ်မှာရှိတဲ့ သူတွေရဲ့ Data အချက်အလက်တွေကိုကြည့်လို့ရမယ်။ ဥပမာ မြန်မာနိုင်ငံမှာ ဘယ်အသက်အရွယ်နဲ့ ဘယ်အသက်ရွယ်ကြားက လူတွေ ပိုများလဲ၊ မြန်မာနိုင်ငံမှာ Facebook အသုံးပြုတဲ့ ယောကျာၤးလေးနဲ့ မိန်းကလေး ဘယ်တာပိုများလဲ၊ ဘာကို စိတ်ဝင်စားတဲ့ သူတွေ ဘယ်လောက်ရှိလဲ ဥပမာ Management ကို စိတ်ဝင်စားတဲ့ အသက်အရွယ်ဘယ်လောက်ကနေ ဘယ်လောက်ကြားက ယောကျာၤးလေး၊ မိန်းကလေး၊ Single က ဘယ်လောက် % ၊ Relationship ကဘယ်လောက်% ၊ Married ကဘယ်လောက် ၊ Collage တက်နေတဲ့သူက စိတ်ဝင်စားတာက ဘယ်လောက်% ဆိုပြီး Data အချက်အလက်တွေကို အသေးစိတ်ကြည့်လို့ရပါမယ်။ မြန်မာနိုင်ငံအတွင်းမှာ ဘယ်မြို့တွေက အင်တာနက်သုံးတာပိုများလဲ၊ ကိုယ်က Post တစ်ခုကို Boost လုပ်တော့မယ်ဆိုရင် ဘယ်အသက်အရွယ်ကဘယ်အသက်အရွယ်ကြား၊ ဘယ်နိုင်ငံမှာနေတဲ့ ဘယ် Topic (စကားလုံး) ကို စိတ်ဝင်စားတဲ့ ဘယ်လောက်ရှိလဲဆိုတာ Audience Insights ထဲမှာ Data အချက်အလက်တွေထည့်ပြီး လူတွေစိတ်ဝင်စားတဲ့ % များတယ်ဆိုမှ ကိုယ့် Post ကို Facebook အသုံးများတဲ့ Yangon လိုနေရာတစ်ခုတည်းကိုပဲ Boost လုပ်မယ်ဆိုရင် မြန်မာနိုင်ငံတစ်ခုလုံး ဆိုတာထက်တော့ ပိုကောင်း resultsတွေ ထွက်ချင်ထွက်လာမှာပါ။ အတိအကျတော့ ပြောလို့မရဘူးပေါ့နော်။ အဓိကပြောချင်တာကတော့ Audience Insights ဆိုတာ Audience တွေရဲ့ Insights ကိုကြည့်လို့ရတာလို့မှတ်ထားရင်ရပါပြီ

၂။ Audiences

Audience Insights ထဲက Data အချက်အလက်တွေကို ကြည့်ပြီး Audiences ထဲမှာ Audiences တွေကို Create လုပ်ထားလို့ရပါတယ်။ Audiences ထဲမှာ Create Audience ဆိုတာကို နှိပ်လိုက်ရင် Custom Audience နဲ့ Looklike Audience ဆိုပြီး ၂ ခုတွေ့လိမ့်မယ်။

Custom Audience ထဲမှာမှခေါင်းစဉ် ၂ ခုရှိပါတယ်။ Use your Sources ဆိုတာရယ် Use Facebook sources ဆိုတာရယ်ပါ။

Use your Sources ခေါင်းစဉ်အောက်မှာ Website, App Activity, Customer List, Offline Activity ဆိုပြီး ခေါင်းစဉ် ၄ ခုရှိပါတယ်။

၁။ Website

ကိုယ့် Website ထဲကို လာကြည့်ဖူးတဲ့သူတွေကို Marketing ပြန်လုပ်တာပါ။ တွေ့ဖူးမှာပါ ကျွန်တော်တို့ Website တစ်ချို့ ဝင်ကြည့်ပြီး မကြာခင်မှာပဲ ကိုယ့် Facebook New Feed မှာ အဲ Website Page ကနေ ကြော်ငြာတွေတက်လာမျိုးတွေ့ဖူးမှာပါ။

၂။ App Activity
ကိုယ့် Application ကို သုံးဖူးတဲ့သူတွေကို Marketing ပြန်လုပ်တာ။

၃။ Customer List
ကိုယ့်ရုံးမှာ ကိုယ့် Product ကို သုံးဖူးတဲ့ ဝယ်ဖူးတဲ့သူတွေရဲ့ နာမည်တွေ၊ ဖုန်းနံပါတ်တွေ၊လိပ်စာ၊ Email တို့ ရှိတယ်ဆိုရင် အဲဒီ List တွေကို Customer List ဆိုတာလေးကို နှိပ်ပြီး သူတို့ဆီကို ကြော်ငြာလွှတ်လို့ရပါတယ်။

၄။ Offline Activity
ကိုယ့်ဆီကို လာဝယ်ဖူးတဲ့ သူတွေကို Marketing ပြန်လုပ်တာ။

Use Facebook sources
Use Facebook sources ထဲမှာတော့ ခေါင်းစဉ် ၆ ခုပါတယ်။ Video, Lead Form, Instant Experience, Instagram Business profile, Events, Facebook Page ဆိုပြီးရှိပါတယ်။

၁။ Video
Video က ဘယ်လိုအသုံးပြုရမလဲဆိုတော့ ကိုယ့် Page ထဲက ဘယ် Video အမျိုးအစားကို ကြည့်ဖူးတဲ့ သူတွေဆီကို Marketing ပြန်လွှတ်တာလုပ်လို့ရပါမယ်။ ဥပမာ - ကိုယ့် Page မှာ Video တွေ
အများကြီး တင်ထားတာရှိတယ်။ အဲဒီထဲမှာမှ ကိုယ့်ရဲ့ ဒီ Video တွေကို ၃ စက္ကန့်၊ ၁၀ စက္ကန့် ကြည့်ဖူးတဲ့သူတွေဆီကိုပဲ Marketing ပြန်လုပ်တာပါ။

၂။ Lead Form
Lead Form ဆိုတာကတော့ ကိုယ့်ရဲ့ Page မှာ Form တွေတင်ထားပြီးသားကို အဲဒီ Form ကိုပဲ ဖြည့်ဖူးတဲ့သူတွေဆီကို Marketing ပြန်လုပ်တာပါ။

၃။ Instant Experience
ကိုယ့် Page ရဲ့ Instant Experience Post ကို ကြည်ဖူးတဲ့သူတွေဆီကို Marketing ပြန်လုပ်တာပါ။

၄။ Instagram business profile
ကိုယ့်ရဲ့ Instagram ကို လာကြည့်ဖူးတဲ့သူတွေဆီကို Marketing ပြန်လုပ်တာပါ။

၅။ Event
ကိုယ် Page ကနေ Event ပွဲတွေလုပ်ဖူးရင် အဲဒီ Event တွေကို Engage ဖြစ်ဖူးတဲ့ သူတွေဆီကို Marketing ပြန်လုပ်တာပါ။

၆။ Facebook Page
Facebook Page ဆိုတာကတော့ ကိုယ်မှာ Page တွေထောင်ထားတာအများကြီးရှိတယ်ဆိုရင် ကိုယ်ရဲ့ ဘယ် Page တွေကို Engage ဖြစ်ဖူးတဲ့ သူတွေဆီကိုပဲ Marketing ပြန်လွှတ်တာမျိုးပါ။

Looklike Audience
Looklike Audience ဆိုတာကျတော့ မြန်မာလိုဘာသာပြန်ရင်တော့ ဆင်တူတဲ့ Audience လို့ပြောလို့ရပါတယ်။ ဘယ်လိုအသုံးပြုရလဲဆိုတော့ ဥပမာ- ကိုယ် Page က ဘယ် Video အမျိုးအစားကို ကြည့်ဖူးတဲ့ ဥပမာ ဗေဒင်Video တင်ထားတယ်ဆိုရင် အဲဒီလို ဗေဒင် Video လိုမျိုး ကြည့်တတ်တဲ့ Facebook User တွေကို Marketing ပြန်လုပ်တာကို Looklike Audience ပြန်လုပ်တယ်လို့ခေါ်ပါတယ်။ စာရေးပြီးရှင်းပြရင် ပြီးမှာတော့မဟုတ်ဘူး။ ကျန်တဲ့အပိုင်းတွေလည်းရှိပါသေးတယ်။ အဲဒါတွေကတော့ ကိုယ်ဘာသာကိုယ်ပဲ Self Study လုပ်ကြပါ။ မသိတာ၊ မရှင်းတာရှိရင် လာမေးလို့ရပါတယ်…

Comments

Popular posts from this blog

Facebook အကောင့်အလွယ်တကူဖွင့်နည်း 100%

ကျွန်တော်တို့ မြန်မာနိုင်ငံကနေ Facebook အကောင့်တစ်ခုဖွင့်ရတာ မလွယ်ပါဘူး။ ဒီနေရာမှာ ဒေါင်းလိုက်ပါ အဆင်မပြေတာရှိရင် မန့်ထားခဲ့ပါ.....:)

ခောတ်သစ်ဈေးကွက်ဖော်ဆောင်ရေးနဲ့ ၎င်းကို လွှမ်းမိုးထားသော အချက်အလက်များ

 ခောတ်ပေါ်ဈေးကွက်ဖော်ဆောင်မှု လုပ်ငန်းစဉ်တွေကို သက်ရောက်မှုဖြစ်စေတဲ့အချက်တွေကို ရေးသားတင်ပြလိုပါတယ်။ ဒါကြောင့်မို့လို့ ခေါင်းစဉ်ကို Marketing Environment ဈေးကွက်နယ်ပယ်များလို့ ပေးလိုက်ထားလိုက်ပါမယ်။ ဈေးကွက်ဖော်ဆောင်မှုဆိုတာ သုံးစွဲသူတွေရဲ့ အဆင်ပြေမှု တွေအတွက် အမြဲတစေ ကြိုးစားရှာဖွေနေကြတဲ့ အပေါ်မှာအခြေခံပြီး စတင်ဖြစ်တည်ပါတယ်။ ဒီနေ့ခောတ် Marketing Manager တွေဟာ သုံးစွဲသူတွေအတွက် အချက်အလက်တွေကို ရှာဖွေဖန်တီးမှုမှာ နစ်မြှပ်နေကြပါတယ်။ သူတို့တွေက သုံးစွဲသူတွေနဲ့ ရေရှည်တည်မြဲတဲ့ ဆက်နွယ်မှုတွေကို ဖန်တီးဖို့ကြိုးစားယှဉ်ပြိုင်နေရတာပါ။ အဲ့ဒီလိုမျိုးကြိုးစား မှုတွေမှာ သူတို့တွေဟာ လိုက်နာရမည့် အချက်တွေ ၊ ရှောင်ကျဉ်ရမယ့် အချက်တွေစ သည်ဖြင့် တော်တော် များပြားလှပါတယ်။ အခုအဲ့ဒီအချက်တွေကို တစ်ချက်ချင်းစီ ရေးသားပေးပါမယ်။ ဝန်ခံစရာရှိတာက အချက်အလက်တွေက အင်တာနက် web site ပေါင်းစုံကနေ စုပေါင်းပြီး တင်ပြထားတာဖြစ် ပါတယ်။ တစ်ချို့အပိုင်းတွေမှာတော့ ကိုယ်နားလည်သလောက်ဖြည့်စွက်ထားပါတယ်။ Political Forces ( နိုင်ငံရေးရာများ၏ လွှမ်းမိုးမှု ) လူမှုရေးရာ အချက်အလက်အများစုက နိုင်ငံရေးရဲ ့ ဖြစ်တည်မှုတွေကို ပုံဖော်နိုင်ကြ...

မာန

ကြုံဆုံတုန်း ခဏ… ဒီဘဝ လောကထဲမှာ… တို့ရဲ့ မာနတွေက ရှိနေလား အချိန်တန် အိမ်ပြန်လမ်းဟာ… မင်း မာနတွေ မပါလောက်ဘူး……။ မာယာကို မာနလုပ်ထား… မင်းလျှောက်တဲ့လမ်း…… အတ္တမဆန်ပါဘူး……… ထွက်သွားပါ……နှုတ်ဆက်ပါ……။ လူတစ်ယောက်ရဲ့ ဘဝဟာ ခွဲခွာခြင်း ခရီးသည်းတစ်ဦးပါ… မဟူရာမျက်ဝန်းတွေထဲ… မင်း မာနကို ဖုံးလွှမ်း…… မင်းရဲ့ စိတ်က ထင်ပေါ်နေခဲ့တယ်… သူစိမ်းဆန်တဲ့ စကားလုံးများ ဖွင့်ဟဝန်ခံ…မုဿသံတွေ လေထဲမှာ ပျံလွှင့်…… လူတစ်ယောက်ကို သေအောင် သတ်နိုင်တယ်……။ မင်းမာနကို ရှေ့တန်းတင်ထား ငါ့အတ္တနဲ့ တိုက်ထုတ်ရမယ်… အဲဒီလို့ပဲ……ဘဝနှစ်ခု တိတ်တဆိတ် ရပ်တန့်သွားမှာပါ…။ အနားက ဖြတ်သွားသော လေ ငါ့ကို တိုးတိုးလေး…သတိပေးလိုက်တယ်… မင်းချစ်သူဟာ……မာန သိပ်ကြီးတာတဲ့…။ Credit #တိမ်တိုက်