Skip to main content

Posts

Showing posts from June, 2022
  ခောတ်ကပြောင်းသလိုလိုရှိလာတော့ Skill ရှိပြီးသားသူတစ်ချို့နေရာကောင်းကောင်းရလာသည်။ လစာတွေကလဲ မြင့်လာကြသည်။ လုပ်ငန်းခွင်ဖွဲ့စည်းပုံတွေမှာလည်း နိုင်ငံခြားသားတစ်ဝက် မြန်မာ တစ်ဝက်ဖြစ်လာကြသည်။ နိုင်ငံခြားသားဆိုရာမှာ အရင်တုန်းကလို ဥရောပသား ၊ အနောက်သားတွေ ချည်းမဟုတ်ပဲ ဒေသတွင်းက ဖိလစ်ပိုင် ၊ ထိုင်း၊ ဟောင်ကောင် ၊ နောက် အာဖရိကဘက်က သူတွေပါ ပါဝင်လာကြသည်။ ဒါက ဒီမိုကရေစီ သံနဲနဲလေး စွက်လာသော မြန်မာပြည်၏ စီးပွားရေးနယ်ပယ် အခင်းအကျင်းဖြစ်သည်။ တစ်ဖက်က နိုင်ငံရေးရာ ကိစ္စများ၏ ရှတ်ထွေးမှုများကိုလဲ မြင်နေရသေးသော အချိန်ဖြစ်သည်။  ဆိုတော့ … လူငယ်တွေတော်စေ့ချင်သည်။ သိစေချင်သည်။ ကိုယ်ကိုယ်တိုင်လည်း ဒရွတ်တိုက် သွားနေရသေးသော အခြေအနေတွင် အနှိမ်မခံရစေလိုပါ။ နိုင်ငံတစ်ကာ ဆန်ဆန်ဖြစ်လာချိန်တွင် ကိုယ့်ထက်က ကြွယ်နိုင်သမျှကြွယ်ဖို့လိုပါသည်။ ဒါကြောင့် … ကျွန်တော်ဖတ်ဖြစ်ခဲ့သော မားကတ်တင်း၏ အဆင့်ဆင့်ဖွ ံ့ဖြိုးမှုအကြောင်းလေးကို မျှဝေပါမည်။ ရှေးဦးစွာပြောလိုသည်မှာ Phillip Kotler နှင့် Gary Amstrong တို့၏ Principles of Marketing 13th Edition မှ ထုတ်နုတ်ထားခြင်းကို ဖြစ်ပါသည်။ မားကတ်တင်းနှင့်ပတ်သတ်၍ အဖွဲ့အစည်းတို့၏ ပုံစံနှင...

မြန်မြန်လုပ်ရပါမည် ( အပိုင်း ၂ )

  အပိုင်းနှစ်ကို တစ်ဆက်တည်းရေးဖို့မှန်းပေမယ့် တိုတိုနဲ့ပြောချင်တာကိုရေးနိုင်တဲ့ mood မျိုးမရခဲ့လို့နဲနဲကြာခဲ့ ပါတယ်။ ခုတော့ သူငယ်ချင်းတို့ဖတ်နိုင်ပါပြီ။ ပထမ စာပုဒ်လေးမှာပြောခဲ့တဲ့အတိုင်း သီအိုရီအားကိုး တဲ့ မိတ်ဆွေများအတွက် မြန်မြန်လုပ်ရမဲ့အကြောင်းများကို နိုင်သလောက်ရေးသားပါမယ်။ သီအိုရီလူသားများဆိုတာ …. သီအိုရီဆိုတာက ဘာနဲ့ဆက်စပ်သလဲဆိုရင် နိုင်ငံတကာ အဆင့် အောင်လက်မှတ်များနဲ့တိုက်ရိုက်ပတ်သတ်  ပါတယ်။ အဲ့ဒီလို အသိအမှတ်ပြုခံ ပုဂ္ဂိုလ်တွေက သီအိုရီတွေကို အားပြုကာ လုပ်ငန်းတွေကိုအကောင်အထည် ဖော်တတ်ကြလို့ပါ။ ဒါဆိုမေးစရာရှိပါတယ်။ အဲဒီလို ပညာတွေသင်ဖူးတဲ့သူများကလွဲရင် ကျန်တဲ့သူတွေကရော ဒီလိုမျိုးတွေကို လေ့လာပြီးအသုံးချတာမျိုးမရှိဘူးလားလို့ တန်ပြန်မေးနိုင်ပါတယ်။ ဖြေပေးပါမယ်။ ၁) မြန်မာပြည်က လုပ်ငန်းရှင်များရဲ့သဘောအရ အဆင့်မြင့်တဲ့ အကောင်အထည်ဖော်စရာတွေရှိရင် နီးစပ်ရာလူတွေထဲ လုပ်နိုင်တဲ့သူရှိမလားလို့အရင်ကြည့်လေ့မရှိပါဘူး။ စိတ်ဝင်စားစရာ ကောင်းတဲ့ CV ဖောင်ပိုင်ရှင်များဆီကိုသာအာရုံရောက်လေ့ရှိပါတယ်။ ဒါကြောင့် ရှိရင်းစွဲလူတွေအနေနဲ့ တတ်နေရင်တောင် အစွမ်းပြခွင့်မသာပါဘူး။ ၂) နောက်တစ်ချက်က ကိုယ့် ပြည်တွင်းက...

မြန်မြန်လုပ်ရပါမည် ( ၁ )

  ခေါင်းစဉ်အတိုင်းပဲ ကျွန်တော်မြန်မြန်ရေးဖြစ်တဲ့စာတစ်ပုဒ်ဖြစ်ပါသည်။ အလုပ်မှာ ကိစ္စ       ္စများမြောင်နေတုန်း အချိန်အားတွေကလဲနဲနေတုန်းမှာ တွေ့ရတဲ့အနေအထားတွေကလည်းပဲ စိတ်ပူစရာတွေများနေပါသည်။ ဘာတွေကများ ပူပင်စရာတွေတဲ့တုန်း …။ ပြောပြပါမည်။ အလုပ်ကို ကိုယ်စားပြုကာပွဲတစ်ပွဲကိုရောက်ခဲ့ပါသည်။ စီးပွားရေးလောကမှ လူများစုလာကြသည်။ ပြည်တွင်းမီဒီယာရော ၊ ပြည်ပမီဒီယာရော လာကြသည်။ကင်မရာတွေ တဖြတ်ဖြတ်ရိုက်ကြသည်။ ကိုယ့်ကိုတော့မဟုတ်ပါ။ ဆိုတော့ … ထုံးစံအတိုင်း ပွဲမစတင်ခင်မှာ အချင်းချင်းစကားတွေပြောကြသည်။ သူ့အကြောင်း ၊ ကိုယ့်အကြောင်းတွေရော ၊ အလုပ်အကြောင်းတွေရောပြောကြသည်။ ပထမဦးစွာသူတို့ပြောကြသည့်                   သူ့အကြောင်းကိုယ်အကြောင်းတွေကိုစပြီး မိတ်ဆွေတို့ကိုဖောက်သည်ချပါမည်။ သူ့အကြောင်း ကိုယ့်အကြောင်းများ အားလုံးက အသက် 24 မှ 30 ကြားတွေဖြစ်ကြပါသည်။ မိန်းကလေးပိုများသည်။ နိုင်ငံခြားမှာ ကျောင်းတက်ပြီးလို့ ပြန်လာကြတဲ့သူတွေဖြစ်သဖြင့် အချင်းချင်းပြောစရာတွေများပါသည်။ ဟိုက အကြောင်းတွေ ၊ ကျောင်းတုန်းက အကြောင်းတွေပြောကြသည်။ လက်ရှိလုပ်ငန်းခွင်များမ...

အွန်လိုင်းပေါ်တချက် အကြည့် ...

 လူကိုယ်တိုင်သွားရောက်စရာမလိုပဲနဲ့ online ကိုအခြေပြုကာ အရောင်းအဝယ် ပြုတဲ့ E Commerce အကြောင်းကို မိတ်ဆက်သဘောအနေနဲ့ ရေးဖူးပါတယ်။ တော်တော်လေးတော့ကြာပါပြီ။ အခုနဲနဲ ထပ်ရေးပါ မယ်။ အကြောင်းက အခုတလော ကျွန်တော်တို့နိုင်ငံမှာလည်း အွန်လိုင်းအရောင်းအဝယ်နဲ့ပတ်သတ်တာတွေ ကို တွေ့ရတာများလာတာကတစ်ကြောင်း ၊ နောက်ပိုင်း ဆက်သွယ်ရေးစနစ်တွေကောင်းမွန်လာတော့မည့် ကာလမှာ ပိုမိုပြီး E Commerce တွေကိုတွေ့လာရဖို့ရှိတာကြောင့်လဲဖြစ်ပါတယ်။ အကျယ်တဝင့် ရေးသားတာမျိုးတော့ မဟုတ်ပါဘူး။ ကျွန်တော်လဲ E Commerce ကျွမ်းကျင်သူမဟုတ်လို့ပါ။ ကိုယ်သိထားသလောက်ကို ချရေးရင်း အားလုံးနဲ့အတူ မျှဝေတဲ့သဘောပါ။ ခုဆိုရင် Facebook လို လူမှုကွန်ယက်မှာ ဖက်ရှင် ပစ္စည်းတွေ ၊ ခရီးသွားလုပ်ငန်းတွေ ၊ ပရိဘောဂ လုပ်ငန်းတွေ ၊ နောက်တော့ အိမ်ခြံမြေလုပ်ငန်းတွေအထိ အွန်လိုင်းမှာ ဈေးစကားပြောနေကြပါပြီ။ ဒါဟာ Distribution Channel အပြောင်းအလဲ တစ်ခုလဲဖြစ်ပါတယ်။ လူတိုင်းဟာ သက်ဆိုင်ရာနေရာကို သွားရောက်ပြီး ကိုယ်သိချင်တာကိုလေ့လာရတာအထိ အပင်ပန်းခံရလောက်တဲ့အနေအထားမှာ ရှိမနေကြတော့ပါဘူး။ အစအဆုံးကို အွန်လိုင်းက လုပ်တာမျိုးမဟုတ်ရင်တောင် ကနဦးလေ့လာမှုလောက်ကို တော့ ကွန်ပျူတာရှေ...

ခောတ်သစ်ဈေးကွက်ဖော်ဆောင်ရေးနဲ့ ၎င်းကို လွှမ်းမိုးထားသော အချက်အလက်များ

 ခောတ်ပေါ်ဈေးကွက်ဖော်ဆောင်မှု လုပ်ငန်းစဉ်တွေကို သက်ရောက်မှုဖြစ်စေတဲ့အချက်တွေကို ရေးသားတင်ပြလိုပါတယ်။ ဒါကြောင့်မို့လို့ ခေါင်းစဉ်ကို Marketing Environment ဈေးကွက်နယ်ပယ်များလို့ ပေးလိုက်ထားလိုက်ပါမယ်။ ဈေးကွက်ဖော်ဆောင်မှုဆိုတာ သုံးစွဲသူတွေရဲ့ အဆင်ပြေမှု တွေအတွက် အမြဲတစေ ကြိုးစားရှာဖွေနေကြတဲ့ အပေါ်မှာအခြေခံပြီး စတင်ဖြစ်တည်ပါတယ်။ ဒီနေ့ခောတ် Marketing Manager တွေဟာ သုံးစွဲသူတွေအတွက် အချက်အလက်တွေကို ရှာဖွေဖန်တီးမှုမှာ နစ်မြှပ်နေကြပါတယ်။ သူတို့တွေက သုံးစွဲသူတွေနဲ့ ရေရှည်တည်မြဲတဲ့ ဆက်နွယ်မှုတွေကို ဖန်တီးဖို့ကြိုးစားယှဉ်ပြိုင်နေရတာပါ။ အဲ့ဒီလိုမျိုးကြိုးစား မှုတွေမှာ သူတို့တွေဟာ လိုက်နာရမည့် အချက်တွေ ၊ ရှောင်ကျဉ်ရမယ့် အချက်တွေစ သည်ဖြင့် တော်တော် များပြားလှပါတယ်။ အခုအဲ့ဒီအချက်တွေကို တစ်ချက်ချင်းစီ ရေးသားပေးပါမယ်။ ဝန်ခံစရာရှိတာက အချက်အလက်တွေက အင်တာနက် web site ပေါင်းစုံကနေ စုပေါင်းပြီး တင်ပြထားတာဖြစ် ပါတယ်။ တစ်ချို့အပိုင်းတွေမှာတော့ ကိုယ်နားလည်သလောက်ဖြည့်စွက်ထားပါတယ်။ Political Forces ( နိုင်ငံရေးရာများ၏ လွှမ်းမိုးမှု ) လူမှုရေးရာ အချက်အလက်အများစုက နိုင်ငံရေးရဲ ့ ဖြစ်တည်မှုတွေကို ပုံဖော်နိုင်ကြ...