Skip to main content

အွန်လိုင်းပေါ်တချက် အကြည့် ...

 လူကိုယ်တိုင်သွားရောက်စရာမလိုပဲနဲ့ online ကိုအခြေပြုကာ အရောင်းအဝယ် ပြုတဲ့ E Commerce အကြောင်းကို မိတ်ဆက်သဘောအနေနဲ့ ရေးဖူးပါတယ်။ တော်တော်လေးတော့ကြာပါပြီ။ အခုနဲနဲ ထပ်ရေးပါ မယ်။ အကြောင်းက အခုတလော ကျွန်တော်တို့နိုင်ငံမှာလည်း အွန်လိုင်းအရောင်းအဝယ်နဲ့ပတ်သတ်တာတွေ ကို တွေ့ရတာများလာတာကတစ်ကြောင်း ၊ နောက်ပိုင်း ဆက်သွယ်ရေးစနစ်တွေကောင်းမွန်လာတော့မည့် ကာလမှာ ပိုမိုပြီး E Commerce တွေကိုတွေ့လာရဖို့ရှိတာကြောင့်လဲဖြစ်ပါတယ်။

အကျယ်တဝင့် ရေးသားတာမျိုးတော့ မဟုတ်ပါဘူး။


ကျွန်တော်လဲ E Commerce ကျွမ်းကျင်သူမဟုတ်လို့ပါ။ ကိုယ်သိထားသလောက်ကို ချရေးရင်း အားလုံးနဲ့အတူ မျှဝေတဲ့သဘောပါ။



ခုဆိုရင် Facebook လို လူမှုကွန်ယက်မှာ ဖက်ရှင် ပစ္စည်းတွေ ၊ ခရီးသွားလုပ်ငန်းတွေ ၊ ပရိဘောဂ လုပ်ငန်းတွေ ၊ နောက်တော့ အိမ်ခြံမြေလုပ်ငန်းတွေအထိ အွန်လိုင်းမှာ ဈေးစကားပြောနေကြပါပြီ။ ဒါဟာ Distribution Channel အပြောင်းအလဲ တစ်ခုလဲဖြစ်ပါတယ်။ လူတိုင်းဟာ သက်ဆိုင်ရာနေရာကို သွားရောက်ပြီး ကိုယ်သိချင်တာကိုလေ့လာရတာအထိ အပင်ပန်းခံရလောက်တဲ့အနေအထားမှာ ရှိမနေကြတော့ပါဘူး။ အစအဆုံးကို အွန်လိုင်းက လုပ်တာမျိုးမဟုတ်ရင်တောင် ကနဦးလေ့လာမှုလောက်ကို တော့ ကွန်ပျူတာရှေ့ကနေ ပြီးစေချင်နေကြပါပြီ။ ဆိုတော့ လေ့လာဖို့လိုတဲ့အချက်ကလေးတွေထုတ်နုတ်ပြီး E Commerce ရဲ့လက်တံက လက်ရှိ ကျွန်တော်တို့အပေါ်ဘယ်လောက်ထိ သက်ရောက်နေ အကျိုးပြုနေ ပြီဆိုတာ လေ့လာရအောင်။


၁) ရောင်းသူတွေက ဘယ်လိုအကျိုးရနေမလဲ


လူပေါင်းများစွာကို ကွန်ပျူတာရှေ့ကလူတစ်ယောက်ထဲနေ ကိုယ့်ထုတ်ကုန်တွေ အကြောင်းကို ရှင်းပြ          လို့ရသွားပါပြီ။ ဒါဟာတော်တော်ကောင်းတဲ့အားသာချက်တစ်ခုပါပဲ။ ကိုယ်တွေ ဘာလုပ်တယ် ၊ ဘာလုပ်မယ် ၊ ဘာတွေရှိ တယ် စသည်ဖြင့် လူအများကို သိအောင်လုပ်နိုင်ပါတယ်။ ကုန်ကျစားရိတ်တော်တော်သက်သာသွားစေပါတယ်။ ကျွန်တော်တွေးမိတာက အွန်လိုင်းကနေ နေ့စဉ် ကြော်ငြာမှု ၊ ထိတွေ့မှုတွေလုပ်နေတာက ပြင်ပမှာ flyer ဝေတာမျိုး ၊ ဂျာနယ်မှာ ကြော်ငြာတာမျိုးထက်တောင် တစ်ခါတစ်ရံ မှာ ပိုမိုထိရောက်နေမလားလို့ပါ။

နည်းပညာသိပ်ကောင်းတဲ့ နိုင်ငံခြားမှာတော့ ပရိဘောဂ ပစ္စည်းတွေကို အွန်လိုင်းကဝယ်ယူရင် မိမိအိမ်ရဲ့ဓါတ်ပုံ ကို upload လုပ်ပြီး ဝယ်ချင်တဲ့ပစ္စည်းက ကိုယ့်အိမ်နဲ့လိုက်မလိုက်ကိုတောင် နမူနာထဲ့ကြည့်လို့ရပါတယ်။ ခုလောလောဆယ်ကျွန်တော်တို့ဆီမှာကတော့ ပစ္စည်းကို လှည့်ပတ်ကြည့်နိုင်တဲ့ ပုံလေးတွေကို တော့ရနိုင်ပါပြီ။ ကျန်တာကတော့ မျက်လုံးလေးမှိတ်ပြီး ကိုယ်တိုင်တွေးကြည့်ပေါ့ ။

ဒါပေမယ့်လည်း လုပ်ငန်းရှင်တစ်ဦးပြောဖူးတာကို ကြားဖူးပါတယ်။ အွန်လိုင်းမားကတ်တင်းက လောလောဆယ် မှာ ပင်လယ်ထဲကို ခဲလုံးချရသလိုပဲလို့တော့ ပြောပါတယ်။ ကျွန်တော်လက်မခံပေမယ့်လည်း သူပြောတာကိုတော့ ထည့်သွင်းတွေးဖို့လိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် …. ကျွန်တော်တို့ Facebook စာမျက်နှာတွေမှာ Company တွေက သူတို့ရဲ့ activities တွေကို ဖော်ပြလာကြတာကိုတော့ နေ့တိုင်းတွေ့ နိုင်နေပါပြီ။


၂) ဝယ်သူတွေက ဘယ်လိုအကျိုးရနိုင်ပါသလဲ


ကိုယ်သိချင်တာတစ်ခုရှိတယ်။ ဒါပေမယ့် တကယ်ဝယ်ဖို့ကလည်းသိပ်ပြီးမနီးစပ်သေးတဲ့ အခြေအနေမျိုးမှာပေါ့။ ရောင်းတဲ့သူရဲ့ အွန်လိုင်းစာမျက်နှာတစ်ခု ( web ဖြစ်စေ facebook ဖြစ်စေ ) ကို ဝင်လိုက်ပြီး သိချင်တာလေးကို တီးခေါက်လိုက်တာ က ထင်ရှားတဲ့ဥပမာပါ။ ဖုန်းဟန်းဆက်ကလေးအကြောင်းကိုသိချင်ရုံ နဲ့ တော့လောလောဆယ် ဆိုင်ထိသွားဖို့မလိုသေးဘူးလေ။

နောက်ပြီး … လုံး၀ သံသယ ဖြစ်စရာမလိုတဲ့ ( ဥပမာ မိတ်ဆွေက ဝယ်ဖို့လုံးဝသေချာပြီး ပစ္စည်းအကြောင်းလဲ သိနေတာမျိုးမှာ ) အရာတစ်ခုခုအတွက်ဆိုရင် ကလစ် တစ်ချက်နဲ့တင် ကိစ္စပြီးသွားနိုင်ပါတယ်။ Branded Product တစ်ခုခုပေါ့လေ။ ပါကင်ဖွင့်ပြီးစမ်းစရာမလို ၊ ရောက်တာနဲ့ပါကင်ဖွင့်ပြီး ကိုယ်တိုင်အသုံးပြုလို့ ရအောင် စိတ်ချထားပြီဆိုရင် ဆိုင်သွားရတာ ပင်ပန်းပါတယ်။


၃) E Commerce က ဒီနိုင်ငံမှာ လုပ်လို့မရသေးတာတွေက ဘာတွေများလဲ…


လူတိုင်းအင်တာနက်နဲ့ အသားတကျမရှိသေးတာက သူရဲ့ အကန့်အသတ်ဖြစ်နေပါတယ်။ အင်တာနက် ကောင်းမွန်တဲ့ တိုင်းပြည်တွေမှာတောင် E Commerce က ရာနံှုးပြည့် solution မဟုတ်လေတော့ ဒီအချက်ကလည်းသိပ်ထူးဆန်းတာတော့မဟုတ်ပါဘူး။

နောက်တစ်ချက်က ဝယ်သူတွေအနေနဲ့ ကိုင်တွယ်ကြည့်ရုှလို့မရတာပါ။ Specification ကို မျက်စိမှိတ်ယုံလို့ မရတဲ့ product တွေများကြီးလေ။ နောက်ထပ်တစ်ချက်က အိမ်ခြံမြေဈေးကို အွန်လိုင်းကသိနိုင်ပေမယ့် အကျိုးတော်ဆောင်ကသာ သင့်ကို အထူးတလည်ရှင်းပြနိုင်မှာဖြစ်ပါတယ်။ တစ်ခါတစ်လေတော့ သူက ကနဦးလေ့လာမှုလောက်ပဲကောင်းပါတယ်။ ဖက်ရှင်လိုပစ္စည်းမှာလည်း အပြင်နဲ့ ဖန်သားပြင်ပေါ်ရဲ့ကွာဟမှုက ရှိနေပြန်ပါတယ်။


အထက်က အချက်လေးတွေကို ကျွန်တော်နဲ့ခနဆုံတုန်းပြောဖြစ်သွားတယ်လို့ပဲသဘောထားပြီး ဖတ်ပေး ကြပါ။ ခောတ်ကြီးတစ်ခောတ်လုံးကိုတော့ ဒီနှစ်မျက်နှာနဲ့မလုံလောက်သေးပါဘူး။ ဒါပေမယ့် မိတ်ဆွေတို့ကို တော့ ခောတ်အကြောင်းတစေ့တစ်စောင်း ပြောဖြစ်သွားတာက ပျော်စရာပါပဲ။



ပြီးတော့ တွေးမိတာရှိသဗျ။ ဒီလို အွန်လိုင်းကို နဲနဲလေးစအားထားလာကြချိန်မှာ online sales လိုအလုပ်လေး တွေ ဈေးကွက်သုတေသနကို အွန်လိုင်းကနေလုပ်တဲ့ အလုပ်အမျိုးအစားတွေလဲ ပေါ်လာနိုင်မယ်ဆိုတာကိုပါ။


ကျေးဇူးတင်ပါတယ်

ပြည့်စုံဖြိုး

Comments

Popular posts from this blog

Facebook အကောင့်အလွယ်တကူဖွင့်နည်း 100%

ကျွန်တော်တို့ မြန်မာနိုင်ငံကနေ Facebook အကောင့်တစ်ခုဖွင့်ရတာ မလွယ်ပါဘူး။ ဒီနေရာမှာ ဒေါင်းလိုက်ပါ အဆင်မပြေတာရှိရင် မန့်ထားခဲ့ပါ.....:)

ခောတ်သစ်ဈေးကွက်ဖော်ဆောင်ရေးနဲ့ ၎င်းကို လွှမ်းမိုးထားသော အချက်အလက်များ

 ခောတ်ပေါ်ဈေးကွက်ဖော်ဆောင်မှု လုပ်ငန်းစဉ်တွေကို သက်ရောက်မှုဖြစ်စေတဲ့အချက်တွေကို ရေးသားတင်ပြလိုပါတယ်။ ဒါကြောင့်မို့လို့ ခေါင်းစဉ်ကို Marketing Environment ဈေးကွက်နယ်ပယ်များလို့ ပေးလိုက်ထားလိုက်ပါမယ်။ ဈေးကွက်ဖော်ဆောင်မှုဆိုတာ သုံးစွဲသူတွေရဲ့ အဆင်ပြေမှု တွေအတွက် အမြဲတစေ ကြိုးစားရှာဖွေနေကြတဲ့ အပေါ်မှာအခြေခံပြီး စတင်ဖြစ်တည်ပါတယ်။ ဒီနေ့ခောတ် Marketing Manager တွေဟာ သုံးစွဲသူတွေအတွက် အချက်အလက်တွေကို ရှာဖွေဖန်တီးမှုမှာ နစ်မြှပ်နေကြပါတယ်။ သူတို့တွေက သုံးစွဲသူတွေနဲ့ ရေရှည်တည်မြဲတဲ့ ဆက်နွယ်မှုတွေကို ဖန်တီးဖို့ကြိုးစားယှဉ်ပြိုင်နေရတာပါ။ အဲ့ဒီလိုမျိုးကြိုးစား မှုတွေမှာ သူတို့တွေဟာ လိုက်နာရမည့် အချက်တွေ ၊ ရှောင်ကျဉ်ရမယ့် အချက်တွေစ သည်ဖြင့် တော်တော် များပြားလှပါတယ်။ အခုအဲ့ဒီအချက်တွေကို တစ်ချက်ချင်းစီ ရေးသားပေးပါမယ်။ ဝန်ခံစရာရှိတာက အချက်အလက်တွေက အင်တာနက် web site ပေါင်းစုံကနေ စုပေါင်းပြီး တင်ပြထားတာဖြစ် ပါတယ်။ တစ်ချို့အပိုင်းတွေမှာတော့ ကိုယ်နားလည်သလောက်ဖြည့်စွက်ထားပါတယ်။ Political Forces ( နိုင်ငံရေးရာများ၏ လွှမ်းမိုးမှု ) လူမှုရေးရာ အချက်အလက်အများစုက နိုင်ငံရေးရဲ ့ ဖြစ်တည်မှုတွေကို ပုံဖော်နိုင်ကြ...

မာန

ကြုံဆုံတုန်း ခဏ… ဒီဘဝ လောကထဲမှာ… တို့ရဲ့ မာနတွေက ရှိနေလား အချိန်တန် အိမ်ပြန်လမ်းဟာ… မင်း မာနတွေ မပါလောက်ဘူး……။ မာယာကို မာနလုပ်ထား… မင်းလျှောက်တဲ့လမ်း…… အတ္တမဆန်ပါဘူး……… ထွက်သွားပါ……နှုတ်ဆက်ပါ……။ လူတစ်ယောက်ရဲ့ ဘဝဟာ ခွဲခွာခြင်း ခရီးသည်းတစ်ဦးပါ… မဟူရာမျက်ဝန်းတွေထဲ… မင်း မာနကို ဖုံးလွှမ်း…… မင်းရဲ့ စိတ်က ထင်ပေါ်နေခဲ့တယ်… သူစိမ်းဆန်တဲ့ စကားလုံးများ ဖွင့်ဟဝန်ခံ…မုဿသံတွေ လေထဲမှာ ပျံလွှင့်…… လူတစ်ယောက်ကို သေအောင် သတ်နိုင်တယ်……။ မင်းမာနကို ရှေ့တန်းတင်ထား ငါ့အတ္တနဲ့ တိုက်ထုတ်ရမယ်… အဲဒီလို့ပဲ……ဘဝနှစ်ခု တိတ်တဆိတ် ရပ်တန့်သွားမှာပါ…။ အနားက ဖြတ်သွားသော လေ ငါ့ကို တိုးတိုးလေး…သတိပေးလိုက်တယ်… မင်းချစ်သူဟာ……မာန သိပ်ကြီးတာတဲ့…။ Credit #တိမ်တိုက်