Skip to main content

 


ခောတ်ကပြောင်းသလိုလိုရှိလာတော့ Skill ရှိပြီးသားသူတစ်ချို့နေရာကောင်းကောင်းရလာသည်။ လစာတွေကလဲ မြင့်လာကြသည်။ လုပ်ငန်းခွင်ဖွဲ့စည်းပုံတွေမှာလည်း နိုင်ငံခြားသားတစ်ဝက် မြန်မာ တစ်ဝက်ဖြစ်လာကြသည်။ နိုင်ငံခြားသားဆိုရာမှာ အရင်တုန်းကလို ဥရောပသား ၊ အနောက်သားတွေ ချည်းမဟုတ်ပဲ ဒေသတွင်းက ဖိလစ်ပိုင် ၊ ထိုင်း၊ ဟောင်ကောင် ၊ နောက် အာဖရိကဘက်က သူတွေပါ ပါဝင်လာကြသည်။ ဒါက ဒီမိုကရေစီ သံနဲနဲလေး စွက်လာသော မြန်မာပြည်၏ စီးပွားရေးနယ်ပယ် အခင်းအကျင်းဖြစ်သည်။ တစ်ဖက်က နိုင်ငံရေးရာ ကိစ္စများ၏ ရှတ်ထွေးမှုများကိုလဲ မြင်နေရသေးသော အချိန်ဖြစ်သည်။ 


ဆိုတော့ … လူငယ်တွေတော်စေ့ချင်သည်။ သိစေချင်သည်။ ကိုယ်ကိုယ်တိုင်လည်း ဒရွတ်တိုက် သွားနေရသေးသော အခြေအနေတွင် အနှိမ်မခံရစေလိုပါ။ နိုင်ငံတစ်ကာ ဆန်ဆန်ဖြစ်လာချိန်တွင် ကိုယ့်ထက်က ကြွယ်နိုင်သမျှကြွယ်ဖို့လိုပါသည်။ ဒါကြောင့် … ကျွန်တော်ဖတ်ဖြစ်ခဲ့သော မားကတ်တင်း၏ အဆင့်ဆင့်ဖွ ံ့ဖြိုးမှုအကြောင်းလေးကို မျှဝေပါမည်။


ရှေးဦးစွာပြောလိုသည်မှာ Phillip Kotler နှင့် Gary Amstrong တို့၏ Principles of Marketing 13th Edition မှ ထုတ်နုတ်ထားခြင်းကို ဖြစ်ပါသည်။



မားကတ်တင်းနှင့်ပတ်သတ်၍ အဖွဲ့အစည်းတို့၏ ပုံစံနှင့် လမ်းကြောင်းကိုလိုက်ကာ သုံးစွဲသော အယူအဆ ၅ မျိုးရှိသည်။ ၎င်းတို့မှာ Production Concept ၊ Product Concept ၊ Selling Concept ၊ Marketing Concept ၊ Societal Marketing Concept တို့ဖြစ်ကြသည်။ တစ်ခုခြင်းစီကို အတိုချုံးရှင်းပြပါမည်။ ရှည်လျားစွာပြောရင် မိတ်ဆွေတို့ပျင်းမှာစိုး၍ ဖြစ်သည်။


Production Concept


-       ရိုးရှင်းပြီး တစ်ချို့အခြေအနေတွေမှာ လွန်စွာအသုံးတဲ့သည်

-       များများထုတ်လေ ၊ ကုန်ထုတ်စရိတ်နဲလေ ၊ အမြတ်ကျန်လေ ဆိုတဲ့ အတွေးမျိုးဖြစ်သည်

-       ကုန်ပစ္စည်းတွေများစွာထုတ်နိုင်တော့ ဈေးကွက်မှာ ဘယ်ကြည့်ကြည့်ကိုယ် ဆိုတာမျိုးဖြစ်သည်

-       များများဖြန့်နိုင်တော့ ရောင်းအားအတွက် အထောက်အကူဖြစ်သည်

-       ထိုအယူအဆတွင် မားကတ်တင်းနည်းဗျူဟာသည် ကုန်ထုတ်စွမ်းအားဖြစ်သည်

-       လူသုံးကုန်ပစ္စည်းများ ၊ ဈေးနှုန်းသက်သာသော ပစ္စည်းများတွင် တွေ့ရသည်



Product Concept


-       အရည်အသွေးကောင်းရင် ရောင်းကောင်းသည်ဆိုတာမျိုးဖြစ်သည်

-       ကုန်ပစ္စည်.းထုတ်လုပ်မှုက အရေအတွက်ကန့်သတ်ချက်ရှိသည်

-       BMW လ ို ပစ္စည်းမျိုးမှာတွေ့နိုင်သည်

-       အမြတ် Margin က မြင့်သည်



Selling Concept


-       Company အများစုလက်ကိုင်ထားနေတာကိုတွေ့ရသည်

-       ရောင်းရဖို့အဓိက ဖြစ်ပြီး လက်ငင်း အခြေအနေကို ရေရှည်ထက် ပို၍ တန်ဖိုးထားသည်

-       Huawei ကိုကြည့်ရင်သိနိုင်သည်။ ဈေးကွက်၏ လက်ငင်းလိုအပ်ချက်ကိုဖြည့်ကာ ရောင်းချရန် အားထုတ်သည်။ Nokia ၊ Apple တို့ကဲ့သို့ ၎င်းတို့၏ ပုံစံကို ထိန်းထားခြင်းမျိုးမတွေ့ရ။

-       ရောင်းရမည့် အနေအထားတွေ့လျှင် နည်းဗျူဟာ တစ်ခု ထပ်၍ ပြောင်းလဲရန် ဝန်မလေးပါ


Marketing Concept


-       သုံးစွဲသူက အရှင်သခင်ဖြစ်သည်

-       သုံးစွဲသူအတွက် အဆင်ပြေအောင် ၊ သုံးစွဲသူတွေကို သိမ်းပိုက်ထားနိုင်အောင် ဘာမဆိုလုပ်သည်

-       နောက်ဆုံးပန်းတိုင်မှာ သုံးစွဲသူအနေနှင့် သုံးရန်အကြောင်းရှိသည်နှင့် ကိုယ့်ကုန်ပစ္စည်း ၊ ကိုယ့်ဝန်ဆောင်မှုကို အရင်ဆုံးသတိရရေးဖြစ်သည်

-       ကိုယ့်ကို အလွန်နှစ်သက်နေသော ၊ ကိုယ့်ကို သုံးစွဲရမှုအပေါ် ဂုဏ်ယူနေသော လူ့အဖွဲ့အစည်းကို ဖန်တီးသည်

-       မဟာဗျူဟာ အားဖြင့် အဆင့်အမြင့်ဆုံးဖြစ်သည်


Societal Marketing Concept 


-       လူသားဆန်မှုကို စီးပွားရေးနယ်ပယ်တွင် လာရောက်ပေါင်းထဲ့ခြင်းလို့ဆိုချင်သည်

-       မိမိတို့စီးပွားရေးလုပ်ရင်းဖြင့် လူမှုနယ်ပယ်အတွက်ကိုပါ အကျိုးဆောင်ခြင်းကို အားပေးသည်။ ထိုသို့အားပေးခြင်းဖြင့် အဖွဲ့အစည်း၏ ဂုဏ်သတင်းသည် ပိုမိုကောင်းမွန်လာသည်

-       ထိုနည်းအားဖြင့် စီးပွားရေးလမ်းကြောင်းသည်ပိုကောင်းလာသည်

-       အမြတ်အစွန်းတစ်ချို့သည် သုံးစွဲသူများနှင့် ၎င်းတို့၏ ပတ်ဝန်းကျင်အတွက် ပြန်လည်သုံးစွဲရန် ယခုအယူအဆက အားပေးသည်


အထက်မှာရေးခဲ့တဲ့ ၅ ချက်က နောက်ဆုံးဖြစ်တည်လာသော မားကတ်တင်းအယူအဆ များဖြစ်သည်။  မိမိတို့၏ မန်နေဂျာက ဒါတွေကို သိတာလဲဖြစ်မည်။ မသိတာလဲဖြစ်မည်။ သေချာတာကတော့ သိနားလည်ထားသော မိတ်ဆွေတို့က အဆင့်မှီ Professional အဖြစ် ကိုယ့်အဆင့်မှာကိုယ် ဂုဏ်ရှိစွာနေနိုင် ပါလိမ့်မည်။


ကျေးဇူးဗျ

ပြည့်စုံဖြိုး

Comments

Popular posts from this blog

Facebook အကောင့်အလွယ်တကူဖွင့်နည်း 100%

ကျွန်တော်တို့ မြန်မာနိုင်ငံကနေ Facebook အကောင့်တစ်ခုဖွင့်ရတာ မလွယ်ပါဘူး။ ဒီနေရာမှာ ဒေါင်းလိုက်ပါ အဆင်မပြေတာရှိရင် မန့်ထားခဲ့ပါ.....:)

ခောတ်သစ်ဈေးကွက်ဖော်ဆောင်ရေးနဲ့ ၎င်းကို လွှမ်းမိုးထားသော အချက်အလက်များ

 ခောတ်ပေါ်ဈေးကွက်ဖော်ဆောင်မှု လုပ်ငန်းစဉ်တွေကို သက်ရောက်မှုဖြစ်စေတဲ့အချက်တွေကို ရေးသားတင်ပြလိုပါတယ်။ ဒါကြောင့်မို့လို့ ခေါင်းစဉ်ကို Marketing Environment ဈေးကွက်နယ်ပယ်များလို့ ပေးလိုက်ထားလိုက်ပါမယ်။ ဈေးကွက်ဖော်ဆောင်မှုဆိုတာ သုံးစွဲသူတွေရဲ့ အဆင်ပြေမှု တွေအတွက် အမြဲတစေ ကြိုးစားရှာဖွေနေကြတဲ့ အပေါ်မှာအခြေခံပြီး စတင်ဖြစ်တည်ပါတယ်။ ဒီနေ့ခောတ် Marketing Manager တွေဟာ သုံးစွဲသူတွေအတွက် အချက်အလက်တွေကို ရှာဖွေဖန်တီးမှုမှာ နစ်မြှပ်နေကြပါတယ်။ သူတို့တွေက သုံးစွဲသူတွေနဲ့ ရေရှည်တည်မြဲတဲ့ ဆက်နွယ်မှုတွေကို ဖန်တီးဖို့ကြိုးစားယှဉ်ပြိုင်နေရတာပါ။ အဲ့ဒီလိုမျိုးကြိုးစား မှုတွေမှာ သူတို့တွေဟာ လိုက်နာရမည့် အချက်တွေ ၊ ရှောင်ကျဉ်ရမယ့် အချက်တွေစ သည်ဖြင့် တော်တော် များပြားလှပါတယ်။ အခုအဲ့ဒီအချက်တွေကို တစ်ချက်ချင်းစီ ရေးသားပေးပါမယ်။ ဝန်ခံစရာရှိတာက အချက်အလက်တွေက အင်တာနက် web site ပေါင်းစုံကနေ စုပေါင်းပြီး တင်ပြထားတာဖြစ် ပါတယ်။ တစ်ချို့အပိုင်းတွေမှာတော့ ကိုယ်နားလည်သလောက်ဖြည့်စွက်ထားပါတယ်။ Political Forces ( နိုင်ငံရေးရာများ၏ လွှမ်းမိုးမှု ) လူမှုရေးရာ အချက်အလက်အများစုက နိုင်ငံရေးရဲ ့ ဖြစ်တည်မှုတွေကို ပုံဖော်နိုင်ကြ...

မာန

ကြုံဆုံတုန်း ခဏ… ဒီဘဝ လောကထဲမှာ… တို့ရဲ့ မာနတွေက ရှိနေလား အချိန်တန် အိမ်ပြန်လမ်းဟာ… မင်း မာနတွေ မပါလောက်ဘူး……။ မာယာကို မာနလုပ်ထား… မင်းလျှောက်တဲ့လမ်း…… အတ္တမဆန်ပါဘူး……… ထွက်သွားပါ……နှုတ်ဆက်ပါ……။ လူတစ်ယောက်ရဲ့ ဘဝဟာ ခွဲခွာခြင်း ခရီးသည်းတစ်ဦးပါ… မဟူရာမျက်ဝန်းတွေထဲ… မင်း မာနကို ဖုံးလွှမ်း…… မင်းရဲ့ စိတ်က ထင်ပေါ်နေခဲ့တယ်… သူစိမ်းဆန်တဲ့ စကားလုံးများ ဖွင့်ဟဝန်ခံ…မုဿသံတွေ လေထဲမှာ ပျံလွှင့်…… လူတစ်ယောက်ကို သေအောင် သတ်နိုင်တယ်……။ မင်းမာနကို ရှေ့တန်းတင်ထား ငါ့အတ္တနဲ့ တိုက်ထုတ်ရမယ်… အဲဒီလို့ပဲ……ဘဝနှစ်ခု တိတ်တဆိတ် ရပ်တန့်သွားမှာပါ…။ အနားက ဖြတ်သွားသော လေ ငါ့ကို တိုးတိုးလေး…သတိပေးလိုက်တယ်… မင်းချစ်သူဟာ……မာန သိပ်ကြီးတာတဲ့…။ Credit #တိမ်တိုက်