Skip to main content

မြန်မြန်လုပ်ရပါမည် ( ၁ )

 


ခေါင်းစဉ်အတိုင်းပဲ ကျွန်တော်မြန်မြန်ရေးဖြစ်တဲ့စာတစ်ပုဒ်ဖြစ်ပါသည်။ အလုပ်မှာ ကိစ္စ       ္စများမြောင်နေတုန်း အချိန်အားတွေကလဲနဲနေတုန်းမှာ တွေ့ရတဲ့အနေအထားတွေကလည်းပဲ စိတ်ပူစရာတွေများနေပါသည်။ ဘာတွေကများ ပူပင်စရာတွေတဲ့တုန်း …။ ပြောပြပါမည်။

အလုပ်ကို ကိုယ်စားပြုကာပွဲတစ်ပွဲကိုရောက်ခဲ့ပါသည်။ စီးပွားရေးလောကမှ လူများစုလာကြသည်။ ပြည်တွင်းမီဒီယာရော ၊ ပြည်ပမီဒီယာရော လာကြသည်။ကင်မရာတွေ တဖြတ်ဖြတ်ရိုက်ကြသည်။ ကိုယ့်ကိုတော့မဟုတ်ပါ။ ဆိုတော့ … ထုံးစံအတိုင်း ပွဲမစတင်ခင်မှာ အချင်းချင်းစကားတွေပြောကြသည်။ သူ့အကြောင်း ၊ ကိုယ့်အကြောင်းတွေရော ၊ အလုပ်အကြောင်းတွေရောပြောကြသည်။ ပထမဦးစွာသူတို့ပြောကြသည့်                   သူ့အကြောင်းကိုယ်အကြောင်းတွေကိုစပြီး မိတ်ဆွေတို့ကိုဖောက်သည်ချပါမည်။


သူ့အကြောင်း ကိုယ့်အကြောင်းများ


အားလုံးက အသက် 24 မှ 30 ကြားတွေဖြစ်ကြပါသည်။ မိန်းကလေးပိုများသည်။ နိုင်ငံခြားမှာ ကျောင်းတက်ပြီးလို့ ပြန်လာကြတဲ့သူတွေဖြစ်သဖြင့် အချင်းချင်းပြောစရာတွေများပါသည်။ ဟိုက အကြောင်းတွေ ၊ ကျောင်းတုန်းက အကြောင်းတွေပြောကြသည်။ လက်ရှိလုပ်ငန်းခွင်များမှာ ရာထူးများ ရထားသူများဖြစ်ကြသဖြင့်  အနာဂတ်စီးပွားရေးများကိုလည်း အပြိုင်ခန့်မှန်းနေကြသည်။ အဲ့လိုလူတွေကြား ထဲမှာ ရောက်နေသောကျွန်တော့်ကို လည်း မိတ်ဆက်ပေးရင်းမေးကြသည်။ စကာၤပူမှာကျောင်းတက်ခဲ့လားတဲ့။ ကျွန်တော်က မတက်ခဲ့ကြောင်းပြန်ဖြေရသည်။ ခပ်လှလှ တရုတ်မလေးက ပြောသည်။ Business Theory တွေကို တော်တော်ပိုင်နိုင်တော့ ဟိုမှာတက်ခဲ့တယ်ထင်လို့ပါတဲ့။  ဂွတော့ကျပါသည်။ ထို့နောက်ဆက်ပြောကြ ပါသည်။ မြန်မာအချင်းချင်းဖြစ်ပေမယ့် မြန်မာလိုတလှည့် English လိုတစ်လှည့်ပြောကြပါသည်။

နောက်.. သူတို့ပြောကြသည့်အထဲတွင် Night Club များ၊ ပျော်ပွဲစားများ ၊ တွေ့ဆုံပွဲများအကြောင်းပါသည်။ အရက်သောက်ကြသည့်အကြောင်းများလဲပါပါသည်။ ကျွန်တော့်ဖက်ပြန်လှည့်လာပါသည်။ အစ်ကိုရော ဘယ် ဝီစကီကို ခရေဇီဖြစ်သလဲတဲ့။ ကျွန်တော်က မသောက်တတ်ကြောင်းပြန်ပြောတော့ အားလုံးနီးပါးကရယ်ပါသည်။ အာဖရိကပြန် ကောင်မလေးတစ်ယောက်ကတော့ လေးစားကြောင်းပြောပြီး လက်ဆွဲနှုတ်ဆက်ပါသည်။ ယောက်ျားလေးက ကိုယ်တစ်ယောက်တည်းမဟုတ်ပေမယ့် အရေအတွက်ကတော့ နဲပါသည်။ အုပ်စုနည်းလို့လားတော့မသိပါ။  ကျွန်တော်အပါအဝင် ယောက်ျားလေးများကတော့ နားထောင်သူ များသာဖြစ်ကြပါသည်။

နားထောင်နေရင်းနှင့် သူတို့၏ ပြောဆိုဆက်ဆံဟန်များကိုလေ့လာကြည့်သည်။ အားလုံးက တော့ ထက်မြက်မှု ကိုမြင်သာစေကြသည်။ တစ်ချို့ကတော့ အိနြေအပြည့်ပုံကို ပြသကြသလို တစ်ချို့ကတော့ Sexy ဆန်မှုနှင့်ပွင့်လင်းမှုကိုတွဲလျက်ပြသကြသည်။ ကိုယ်စီပါလာကြသော နိုင်ငံခြားသား Boss များ ၊ အထက်အရာရှိ များကို တုန့်ပြန်ဟန်တွေကလည်း စိတ်ဝင်စားစရာကောင်းသည်။ အများစုကတော့ တန်းတူဆက်ဆံကြသည်။ တစ်ချို့သောအနဲစုကတော့ ကိုယ်ပါ နိုင်ငံခြားပုံစံမျိုးဖြစ်အောင်အားထုတ်နေကြပုံရသည်။ တစ်ချို့ကတော့ ခပ်ကန်ကန်။


အဓိက ပြောချင်တာက ဒီလိုပါ။ 


ခုလက်ရှိလုပ်ငန်းခွင်မှာ နေရာရစပြုနေကြသူများသည် English အလွန်ကောင်းသော Theory ပိုင်းကျွမ်းကျင် ကြသော ၊ စစတွေ့ချင်းမှာ ကြွေကျလောက်သော ရုပ်ရည်ရှိကြသော နိုင်ငံခြားပြန်လူငယ်များဖြစ်ကြသည်။ မိမိတို့နိုင်ငံမှ ပြည်တွင်းဖြစ် ညီ ၊ ညီမ ၊ ကိုကို ၊ မမ ၊ အန်တီ ၊ ဦးလေး နှင့် ရောင်းရင်းများစွာတို့ ….. သူ              တို့လိုလူတွေနှင့် အတူအလုပ်လုပ်ဖို့အဆင်သင့်ဖြစ်ကြပြီလား။ သူတို့ရဲ့ English Pronunciations များ Phonetics များကို ကြားပြီးလုပ်ဖို့ဖြစ်ပြီလား။  သူတို့ပြောနေကျ KPI တို့၊ SWOT တို့ကို နားရည်ဝပြီလား။ သူတို့ရဲ့ လူနေမှုပုံစံတွေကိုရော လက်ခံလို့ရပြီလား။ 


ကျွန်တော်အပိုတွေမေးနေတာမဟုတ်ပါ။ ရှေ့လျောက်အဲ့သလိုလူတွေအလွန်များလာပါတော့မည်။ မျက်စိရှေ့ မှာတင်ကို အဲ့လိုလူတွေနဲ့ အံမဝင်ဖြစ်ပြီး အလုပ်တွေထွက်ကြ ၊ ဘာတွေမှန်းကိုမသိဘူးဆိုကာ စိတ်တွေပျက်ကြ နဲ့ … အဆင်မပြေတာတွေကိုမြင်နေရပါသည်။  အကျယ်ကို ဆောင်းပါးပြီးခါနီးတွင် ဆက်ရေးပါမည်။  ခုကတော့ အလုပ်အကြောင်းတွေပြောကြတာကိုဆက်ရေးမည်။


အလုပ်အကြောင်းများ


သူတို့ကတော့ Global Situation ကလာသူတွေဖြစ်လို့ ပြောစကားတွေကု Globalize ဖြစ်သည်။ ကမ္ဘာနဲ့ချီပြီး ပြောနိုင်ကြသည်။ ကောင်းပါသည်။ ကိုယ့်နိုင်ငံမှာ နိုင်ငံတစ်ကာ ပညာတတ်တွေများတာ ဂုဏ်ယူစရာဖြစ်ပါသည်။ သို့သော်စိုးရိမ်စရာလည်းရှိသည်။

သူတို့က ပြောနေကြတာက နားလည်တဲ့သူဆိုရင် တော့ ကိစ္စမရှိ ၊ ဒီအရာတွေကို အကျွမ်းတဝင်မရှိသူတွေ ဆိုရင်တော့ ပြသနာတက်ပြီ။ မြန်မာလူမျိုးထုံးစံအရ မသိရင်ပြန်မေးလေ့မရှိ။ အခန်းပြင်ရောက်မှ မသိသူအချင်းချင်းတွတ်ထိုးကြမည်။ အဲ့သလိုဆိုရင်တော့ ပြောတဲ့သူမောပြီ။

နောက်တစ်ခုက … Theory တွေကိုတကယ်အံဝင်စွာသုံးနိုင်ရဲ့လားဆိုတာဖြစ်သည်။ ကိုယ်တိုင်ကြုံဖူးပါသည်။ လုပ်ငန်းသဘောနဲ့ တော်တော်အံချော်သော Market Analysis တွေကိုအကောင်အထည်ဖော်ဖို့ တာဝန်ပေးခံရဖူးသည်။ ထိပ်တိုက်ပြန်ငြင်းလျှင် ပြသနာတက်မည်စိုး၍ နားလည်အောင် အလိမ္မာနှင့် ပါးစပ်ညောင်းအောင်ရှင်းပြခဲ့ရသည်။  တဖက်မှာလည်းသူတို့တွေအနေနဲ့ ပြည်တွင်းမှာပဲ ပုံစံဟောင်းနဲ့နေထိုင်လာကြသူများထဲတွင် ခောတ်သစ်စီးပွားရေးပုံစံအတွက် ဦးဆောင်ရုန်းကန်နေရတာကို ကျွန်တော်နားလည်ပါသည်။ သူငယ်ချင်းများထဲတွင် နိုင်ငံခြားမှာကျောင်းပြီးလာပြီး လုပ်ငန်းခွင်များထဲတွင် စိတ်ညစ်လို့ရင်ဖွင့်ကြတာတွေရှိသည်။ ဆိုတော့ .. အနှစ်ချုပ်ကတော့ ခောတ်ပြောင်းတွင် ပုံစံသစ်နှင့်ပုံစံဟောင်း ကလည်းအားပြိုင်နေတာဖြစ်သည်။ စိတ်ရင်းနဲ့ပြောရရင် ဘယ်သူမှမရှုးံစေချင်။ နှစ်ဦးလုံးနိုင်မှ လုပ်ငန်းတွေအောင်မြင်ပါလိမ့်မည်။ ပိုက်ဆံတွေပိုရကာ ပျော်ပျော်တွေဖြစ်လာပါလိမ့်မည်။


ရှေ့ကိုပြန်သွားပါမည် …


ခုချိန်ခါက ဝန်ထမ်းဈေးလေးတွေစကောင်းချိန်လေးဖြစ်သည်။ သို့သော်အလွန်ကိုနည်းပါးသော လူစုကိုသာ ရိုက်ခတ်နေသေး၍ ထင်သာမြင်သာမရှိသော အပြောင်းအလဲဖြစ်နေသေးသည်။ နောက်တစ်ခုက … နိုင်ငံတစ်ကာ ပညာရေး၏ ရှေ့တန်းရောက်မှုက သိသာလွန်းနေသည်။ အဲ့တာပါလျှင် အလုပ်တစ်ခုကောင်းစွာ ရဖို့က သေချာနေသည်။ ဒီလိုဆိုရင် အဲ့ဒီလို စာရွက်စာတန်းတွေမရှိသူတွေကရော … ။ ပညာရေးသည် စာတော်ဖို့လိုသလို စာမေးပွဲကြေးတို့ ၊ ကျောင်းခ တို့တက်နိုင်ဖို့လဲလိုသေးသည်ဖြစ်ရာ ဒါက တကယ့်အခက်အခဲဖြစ်သည်။ Marketing Assistant လာလျှောက်သောလူငယ်တစ်ဦးကို နောက် ၃ နှစ်ဘာဖြစ်ချင်လဲမေးတော့ ABE အောင်ချင်သည်တဲ့ ။ ဖြေသွားတဲ့လေသံကိုကြည့်ရတာက စာရွက်ပါသောသူ တစ်ဦးကို အရှုံးပေးခဲ့ရမှန်း အတွေ့အကြုံအရချက်ချင်းသိပါသည်။

နိုင်ငံခြားပညာသင်ပြန်တွေက ခုနေရာတော်တော်ရနေကြပြီဖြစ်သည်။ ဆိုတော့ သူတို့နဲ့လက်တွဲလုပ်ဖို့ပြည်တွင်းကသူတွေက သူတို့နဲ့အတူ ပညာတွေသိဖို့တတ်ဖို့ ၊ English သုံးနိုင်ဖို့က လိုနေပြီဖြစ်သည်။ သွားဖြစ်ခဲ့သည့် စီးပွားရေးဆိုင်ရာပွဲတွင်လူငယ်တွေရဲ့ အနေအထားက ကြက်သီးထစရာဖြစ်နေသည်။ အချိန်မရွေး နေရာဖယ်ပေးလိုက်ရမည့် အခြေအနေ။ 


ခုနေမှာ အကောင်းဆုံးအဖြေကတော့ ကြိုးစားမှုပင်ဖြစ် သည်။ ကိုယ့်မှာ နိုင်ငံခြားပညာရေးနှင့်ထိတွေ့မှုမရှိလည်း ဒီပညာတွေကို သိနိုင်ပြီဆိုရင် ကိုယ်အဆင်ပြေပြီဖြစ် သည်။ စာများများဖတ်ဖို့သာတိုက်တွန်းချင်သည်။

နောက်တစ်ခုက ယဉ်ကျေးမှုပြသနာ ..။ အရမ်းအနောက်ဆန်သော အထာကိုကျွန်တော်မကြိုက်ပါ။ ဘာပဲဖြစ်ဖြစ် ကိုယ်တွေကမြန်မာတွေဖြစ်သည်။ တဖက်မှာလည်း မြန်မာဆိုတာကို ရုပ်ပိုင်းနဲ့ထိန်း သိမ်းတာထက် အနှစ်သာရပြည့်စွာထိန်းရပါမည်။ ပုဆိုးဝတ်ထားပြီးနိုင်ငံခြားသားကို ဦးညွတ်တာထက် စကတ်တိုတို ဝတ်ထားပြီး ငါတို့နိုင်ငံကသူတွေကို ဘာမှတ်နေတုန်းဆိုပြီး ပြန်ချဲတာကို ကျွန်တော်ပိုကြိုက်ပါသည်။ ( ကျွန်တော်ကိုယ်တိုင်လဲ ပိန်တာနဲ့ပတ်သတ်ပြီးနိုင်ငံခြားသားတွေက နောက်ပါသည်။ ကျွန်တော်အမြဲတမ်းပြန်ပြောတာက မင်းလို အတ္တဘောကို ငါအော်တာ အကြိမ်မနဲဘူးလို့ ဖြစ်သည် )။ ဆိုတော့ … ဒီကလူတွေအနေနဲ့ စကတ်တိုတာတို့၊ နားကပ်တပ်တာတို့ ၊ ဆံပင် ဆိုးတာတို့ကို လိုက်ကြည့်ရင်းစိတ်မပင်ပန်းစေချင်။ ဟိုက ကိုကိုမမ များကလည်း ဝီစကီသောက်တာက ဂုဏ်တစ်ခုမဟုတ် တာ ကိုပြောချင်သည်။




အဆုံးသတ်ပါမည်။ ခောတ်ကတိုးတက်နေသည်။ ဝင်လာမဲ့နိုင်ငံခြားသားများနေသည်။ ပြန်လာမယ့်သ ူ တွေကလည်း တစ်ပုံတစ်ပင်မို့ပြည်တွင်းဖြစ်များကြိုးစားကြစေလိုသည်။ ဖြစ်နိုင်ရင် ခုချက်ချင်း စရပါတော့မည်။ ဘာပဲဖြစ်ဖြစ် ကိုယ့်လူတွေက အတွေ့အကြုံရှိထားတာမို့ ပညာလေးထပ်ထဲ့လိုက်ရင် အားလံးုအိုကေပါလိမ့် မည်။ ငါ့ကို စာတွေသင်ပြီး လာဆရာလုပ်နေတယ်မတွေ းပါနဲ့။ အတွေ့အကြုံဆိုတာကိုပဲ ဇွတ်ကြီးအားကိုးမနေပါနဲ့။ သဘောတရားတွေကို ကိုယ်လဲတတ်အောင်လုပ်ပါ။ အဲ့စာတွေမှာ အတွေ့အကြုံသွားကပ်လိုက်ရင် ကိုယ်တွေ Assistant ဘ၀ သက်ဆိုးရှည်ပါလိမ့်မည်။ 


ကျွန်တော်ရေးချင်တာက မပြီးသေးပါ။ အပိုင်း နှစ်အဖြစ် ဆက်လာပါဦးမည်။ ဒီတစ်ခါက တော့သီအိုရီများနှင့် ချပြကြသူတွေအကြောင်း ဆွေးနွေးမှာဖြစ်ပါသည်။


လေးစားစွာဖြင့်

ပြည့်စုံဖြိုး

Comments

Popular posts from this blog

Facebook အကောင့်အလွယ်တကူဖွင့်နည်း 100%

ကျွန်တော်တို့ မြန်မာနိုင်ငံကနေ Facebook အကောင့်တစ်ခုဖွင့်ရတာ မလွယ်ပါဘူး။ ဒီနေရာမှာ ဒေါင်းလိုက်ပါ အဆင်မပြေတာရှိရင် မန့်ထားခဲ့ပါ.....:)

ခောတ်သစ်ဈေးကွက်ဖော်ဆောင်ရေးနဲ့ ၎င်းကို လွှမ်းမိုးထားသော အချက်အလက်များ

 ခောတ်ပေါ်ဈေးကွက်ဖော်ဆောင်မှု လုပ်ငန်းစဉ်တွေကို သက်ရောက်မှုဖြစ်စေတဲ့အချက်တွေကို ရေးသားတင်ပြလိုပါတယ်။ ဒါကြောင့်မို့လို့ ခေါင်းစဉ်ကို Marketing Environment ဈေးကွက်နယ်ပယ်များလို့ ပေးလိုက်ထားလိုက်ပါမယ်။ ဈေးကွက်ဖော်ဆောင်မှုဆိုတာ သုံးစွဲသူတွေရဲ့ အဆင်ပြေမှု တွေအတွက် အမြဲတစေ ကြိုးစားရှာဖွေနေကြတဲ့ အပေါ်မှာအခြေခံပြီး စတင်ဖြစ်တည်ပါတယ်။ ဒီနေ့ခောတ် Marketing Manager တွေဟာ သုံးစွဲသူတွေအတွက် အချက်အလက်တွေကို ရှာဖွေဖန်တီးမှုမှာ နစ်မြှပ်နေကြပါတယ်။ သူတို့တွေက သုံးစွဲသူတွေနဲ့ ရေရှည်တည်မြဲတဲ့ ဆက်နွယ်မှုတွေကို ဖန်တီးဖို့ကြိုးစားယှဉ်ပြိုင်နေရတာပါ။ အဲ့ဒီလိုမျိုးကြိုးစား မှုတွေမှာ သူတို့တွေဟာ လိုက်နာရမည့် အချက်တွေ ၊ ရှောင်ကျဉ်ရမယ့် အချက်တွေစ သည်ဖြင့် တော်တော် များပြားလှပါတယ်။ အခုအဲ့ဒီအချက်တွေကို တစ်ချက်ချင်းစီ ရေးသားပေးပါမယ်။ ဝန်ခံစရာရှိတာက အချက်အလက်တွေက အင်တာနက် web site ပေါင်းစုံကနေ စုပေါင်းပြီး တင်ပြထားတာဖြစ် ပါတယ်။ တစ်ချို့အပိုင်းတွေမှာတော့ ကိုယ်နားလည်သလောက်ဖြည့်စွက်ထားပါတယ်။ Political Forces ( နိုင်ငံရေးရာများ၏ လွှမ်းမိုးမှု ) လူမှုရေးရာ အချက်အလက်အများစုက နိုင်ငံရေးရဲ ့ ဖြစ်တည်မှုတွေကို ပုံဖော်နိုင်ကြ...

မာန

ကြုံဆုံတုန်း ခဏ… ဒီဘဝ လောကထဲမှာ… တို့ရဲ့ မာနတွေက ရှိနေလား အချိန်တန် အိမ်ပြန်လမ်းဟာ… မင်း မာနတွေ မပါလောက်ဘူး……။ မာယာကို မာနလုပ်ထား… မင်းလျှောက်တဲ့လမ်း…… အတ္တမဆန်ပါဘူး……… ထွက်သွားပါ……နှုတ်ဆက်ပါ……။ လူတစ်ယောက်ရဲ့ ဘဝဟာ ခွဲခွာခြင်း ခရီးသည်းတစ်ဦးပါ… မဟူရာမျက်ဝန်းတွေထဲ… မင်း မာနကို ဖုံးလွှမ်း…… မင်းရဲ့ စိတ်က ထင်ပေါ်နေခဲ့တယ်… သူစိမ်းဆန်တဲ့ စကားလုံးများ ဖွင့်ဟဝန်ခံ…မုဿသံတွေ လေထဲမှာ ပျံလွှင့်…… လူတစ်ယောက်ကို သေအောင် သတ်နိုင်တယ်……။ မင်းမာနကို ရှေ့တန်းတင်ထား ငါ့အတ္တနဲ့ တိုက်ထုတ်ရမယ်… အဲဒီလို့ပဲ……ဘဝနှစ်ခု တိတ်တဆိတ် ရပ်တန့်သွားမှာပါ…။ အနားက ဖြတ်သွားသော လေ ငါ့ကို တိုးတိုးလေး…သတိပေးလိုက်တယ်… မင်းချစ်သူဟာ……မာန သိပ်ကြီးတာတဲ့…။ Credit #တိမ်တိုက်