ခောတ်ကပြောင်းသလိုလိုရှိလာတော့ Skill ရှိပြီးသားသူတစ်ချို့နေရာကောင်းကောင်းရလာသည်။ လစာတွေကလဲ မြင့်လာကြသည်။ လုပ်ငန်းခွင်ဖွဲ့စည်းပုံတွေမှာလည်း နိုင်ငံခြားသားတစ်ဝက် မြန်မာ တစ်ဝက်ဖြစ်လာကြသည်။ နိုင်ငံခြားသားဆိုရာမှာ အရင်တုန်းကလို ဥရောပသား ၊ အနောက်သားတွေ ချည်းမဟုတ်ပဲ ဒေသတွင်းက ဖိလစ်ပိုင် ၊ ထိုင်း၊ ဟောင်ကောင် ၊ နောက် အာဖရိကဘက်က သူတွေပါ ပါဝင်လာကြသည်။ ဒါက ဒီမိုကရေစီ သံနဲနဲလေး စွက်လာသော မြန်မာပြည်၏ စီးပွားရေးနယ်ပယ် အခင်းအကျင်းဖြစ်သည်။ တစ်ဖက်က နိုင်ငံရေးရာ ကိစ္စများ၏ ရှတ်ထွေးမှုများကိုလဲ မြင်နေရသေးသော အချိန်ဖြစ်သည်။ ဆိုတော့ … လူငယ်တွေတော်စေ့ချင်သည်။ သိစေချင်သည်။ ကိုယ်ကိုယ်တိုင်လည်း ဒရွတ်တိုက် သွားနေရသေးသော အခြေအနေတွင် အနှိမ်မခံရစေလိုပါ။ နိုင်ငံတစ်ကာ ဆန်ဆန်ဖြစ်လာချိန်တွင် ကိုယ့်ထက်က ကြွယ်နိုင်သမျှကြွယ်ဖို့လိုပါသည်။ ဒါကြောင့် … ကျွန်တော်ဖတ်ဖြစ်ခဲ့သော မားကတ်တင်း၏ အဆင့်ဆင့်ဖွ ံ့ဖြိုးမှုအကြောင်းလေးကို မျှဝေပါမည်။ ရှေးဦးစွာပြောလိုသည်မှာ Phillip Kotler နှင့် Gary Amstrong တို့၏ Principles of Marketing 13th Edition မှ ထုတ်နုတ်ထားခြင်းကို ဖြစ်ပါသည်။ မားကတ်တင်းနှင့်ပတ်သတ်၍ အဖွဲ့အစည်းတို့၏ ပုံစံနှင...
Myanmar Small Medium Enterprise are using Digital Marketing Grow there Business.