အပိုင်းနှစ်ကို တစ်ဆက်တည်းရေးဖို့မှန်းပေမယ့် တိုတိုနဲ့ပြောချင်တာကိုရေးနိုင်တဲ့ mood မျိုးမရခဲ့လို့နဲနဲကြာခဲ့ ပါတယ်။ ခုတော့ သူငယ်ချင်းတို့ဖတ်နိုင်ပါပြီ။ ပထမ စာပုဒ်လေးမှာပြောခဲ့တဲ့အတိုင်း သီအိုရီအားကိုး တဲ့ မိတ်ဆွေများအတွက် မြန်မြန်လုပ်ရမဲ့အကြောင်းများကို နိုင်သလောက်ရေးသားပါမယ်။
သီအိုရီလူသားများဆိုတာ ….
သီအိုရီဆိုတာက ဘာနဲ့ဆက်စပ်သလဲဆိုရင် နိုင်ငံတကာ အဆင့် အောင်လက်မှတ်များနဲ့တိုက်ရိုက်ပတ်သတ် ပါတယ်။ အဲ့ဒီလို အသိအမှတ်ပြုခံ ပုဂ္ဂိုလ်တွေက သီအိုရီတွေကို အားပြုကာ လုပ်ငန်းတွေကိုအကောင်အထည် ဖော်တတ်ကြလို့ပါ။ ဒါဆိုမေးစရာရှိပါတယ်။ အဲဒီလို ပညာတွေသင်ဖူးတဲ့သူများကလွဲရင် ကျန်တဲ့သူတွေကရော ဒီလိုမျိုးတွေကို လေ့လာပြီးအသုံးချတာမျိုးမရှိဘူးလားလို့ တန်ပြန်မေးနိုင်ပါတယ်။ ဖြေပေးပါမယ်။
၁) မြန်မာပြည်က လုပ်ငန်းရှင်များရဲ့သဘောအရ အဆင့်မြင့်တဲ့ အကောင်အထည်ဖော်စရာတွေရှိရင် နီးစပ်ရာလူတွေထဲ လုပ်နိုင်တဲ့သူရှိမလားလို့အရင်ကြည့်လေ့မရှိပါဘူး။ စိတ်ဝင်စားစရာ ကောင်းတဲ့ CV ဖောင်ပိုင်ရှင်များဆီကိုသာအာရုံရောက်လေ့ရှိပါတယ်။ ဒါကြောင့် ရှိရင်းစွဲလူတွေအနေနဲ့ တတ်နေရင်တောင် အစွမ်းပြခွင့်မသာပါဘူး။
၂) နောက်တစ်ချက်က ကိုယ့် ပြည်တွင်းက ဆရာတွေကလည်း သိစရာတွေရှိရင် HR ဂျာနယ်တို့ အခွင့်အလှမ်းဂျာနယ်တို့မှာ ပါတဲ့ သက်ဆိုင်ရာပညာတွေကို စုဆောင်းတာ ၊ စာအုပ်တွေဖတ်တာထက် သင်တန်းတက်ဖို့လောက်ကိုသာ အားသန်နေတာမျိုးရှိတတ်ပါတယ်။ ဒါကြောင့် No Class No Knowledge ဖြစ်နေတတ်ပါတယ်။
အနှစ်ချုပ်ပြောရရင် လက်ရှိ ပြည်တွင်းက လူများစုက မသိကြတာများသလို သိထားပြီးသားလူတွေကိုလဲ အခွင့်အလမ်းတွေမရကြရှာပါဘူး။ ဒါကြောင့် Strategic ပိုင်းဆိုရင် အဆိုပါ လက်မှတ်ပိုင်ရှင်တွေ ၊ ကျောင်းပြီး ပြန်လာကြသူတွေကသာ အကောင်အထည်ဖော်ခွင့်ရကြပါတယ်။
စစချင်းပြတဲ့အစွမ်းများ
ခုပြောပြမှာက ကျွန်တော့် အာဘော်မဟုတ်ပါဘူး။ ဒါပေမယ့်ရာနှုံးပြည့်ထောက်ခံတယ်။ အဖြစ်အပျက်လေးတစ်ခုကိုပြော ပြမယ်။ Company တစ်ခုမှာ မန်နေဂျာသစ်တစ်ယောက်ရောက်လာပါတယ်။ နိုင်ငံခြားမှာ ပညာလဲသင် အလုပ်လဲလုပ်ခဲ့တဲ့သူ ပေါ့။ အဲ့လို Back Ground မျိုး ။ သူက ရောက်ရောက်ချင်းပဲ စကားလုံးတစ်လုံးကိုစပြောတယ် တဲ့။ လက်ရှိ Running Customer Database ကိုကြည့်ချင်တယ် တဲ့။ ဖြစ်ချင်တော့သူပြောတာကို သူ့ရဲ့ အသစ်ချက်ချွတ် တပည့်တွေက လုံးဝမကြားဖူးပါဘူး။ အားလုံးကြောင်တောင်တောင်ဖြစ်သွားလို့သူက တစ်မျိုးလေးပြောင်းသွားတယ်။ Latest Sales Figure နဲ့ Lion Customers တွေရဲ့ အချက်အလက်တွေ ပြင်ပေးပါဆိုပြီး။ ဒီနေရာမှာတော့ ဆက်စပ်တွေးတတ်တဲ့ ဝန်ထမ်းတစ်ချို့က အရောင်းစာရင်းတွေပြရမယ် ဆိုတာကို သဘောပေါက်သွားပါတယ်။ လယ်ဂျာစာအုပ်ရှည်ရှည်တွေကို သယ်ချလာပါတယ်။ အဲ့ဒီမှာစလွဲပါတယ်။ သူမျှော်လင့်တာက Memory Stick တစ်ချောင်းနဲ့အတူယူလာမယ့် Data တွေပါ။ သူစိတ်ပျက်သွားတယ်။ အခုရေးပြခဲ့တာကသူ့ရဲ့ ပထမဆုံးနေ့ရဲ့ မနက်ပိုင်းနာရီတွေ။
ခုကျွန်တော်က ကြားဖြတ်တင်ပြမယ်။ သုံးသပ်ချက်ပါ။ သူ့အနေနဲ့လုပ်သင့်တာက သူ့ဠာနကဝန်ထမ်းတွေရဲ့ အနေအထားကို အရင်ဆုံးလေ့လာဖို့လိုပါတယ်။ ပြီးမှ တဖက်လူရဲ့ လိုက်နာနိုင်စွမ်းနဲ့ Organizational Behavior ခေါ်တဲ့ လုပ်ငန်းခွင်အထာကို အရ သူချဉ်းကပ်ရမှာပါ။ ဒါပေမယ့်သူမလုပ်ခဲ့ပါဘူး။ ဆရာတစ်ဦးရဲ့ အဆိုရ အစွမ်းပြချင်စိတ် ၊ ခြားနားမှုကိုပြသလိုစိတ်နဲ့ လူရှိန်အောင်လုပ်ဖို့ကိုအာရုံရောက်နေတာတဲ့။ အမှန်ဆိုရင် ကိုယ့်ဝန်ထမ်းဆိုတာကိုယ့် Customer ပါပဲ။ သူ့အနေနဲ့ Customer Positioning ကိုမေ့သွားပုံ ရပါတယ်။ နောက်ပြီး Computerized Office Running ဆိုတာ တစ်ချိုု့ Local Company တွေမှာ စတောင်မစ သေးတာကို သတိထားသင့်ပါတယ်။
ဆက်ပြောမယ်။ သူ့ရဲ့ သက်တမ်းတစ်ပတ်လောက်အကြာမှာသူလဲ စိတ်ညစ်လာသလို ဝန်ထမ်းတွေလဲ ထွက်မယ်ဆိုတဲ့အသံတွေ ကြားလာရပါတယ်။ နောက်တော့ ပိုင်ရှင်အနေနဲ့ကောင်းချင်လို့လုပ်ခါမှ ရှိသမျှကုန်ဖြစ်မှာကို ကြောက်တဲ့အဆင့်ရောက်သွားခဲ့ရပါတယ်။ တကယ်တော့ ပြောင်းလဲလိုသူ မိတ်ဆွေက မှားခဲ့တာကြောင့်ဖြစ်ပါတယ်။ ဒါက အလွန်ပြောင်းလဲလိုသူတစ်ယောက်ရဲ ့ကမောက်ကမ အဖြစ်။
ခုနောက်ထပ် .. လိုက်ရောညီထွေဖြစ်သူ မိတ်ဆွေရဲ့ အဖြစ်ကိုပြောပြဦးမယ်။ သူကတော့ပါးနပ်တဲ့သူဆိုတော့ Local အနေအထားမှာ လောလို့မရတာကိုသိတယ်။ ရောက်ရောက်ချင်းမှာဝန်ထမ်းတွေကိုလေ့လာကြည့် တယ်။ သူ့ထက်အသက်ကြီးသူတွေများတာကိုတွေ့တယ်။ နောက်ပြီး လုပ်နေတဲ့အလုပ်ရဲ့ Image နဲ့မညီတဲ့ Department Document တွေကိုတွေ့တယ်။ သူလန့်သွားတယ်။
အဲနောက်မှာသူက ဖြေးဖြေးချင်းစကြိုးစားတယ်။
တစ်ဦးချင်းကိုခေါ်ပြီးစကားတွေပြောတယ်။ အချက်အလက်တွေကိုစုတယ်။ အကောင်းဆုံး Solution တွေရှာမယ်ပေါ့။ အဲ့တာနဲ့ နှစ်ပတ်လောက်အကြာမှာ သူ့အတွက် Feedback လာပါတော့တယ်။ စာသင်ထားတဲအတိုင်းအလုပ်လာလုပ်နေတယ်တဲ့ ။ ပြီးတော့ ပြောတာတွေကလည်းဘာမှန်းကိုမသိဘူး တဲ့။ ချာတိတ်လေးပါ … ဘာသမ္ဘာမှမရှိပါဘူးတဲ့ ။ ငါတို့လုပ်တဲ့အထာတွေက သူ ပြောတာတွေထက်ကောင်း တယ်တဲ့။ သိပ်ကိုဝမ်းနည်းစရာကောင်းပါတယ်။ သူ့ကိုကွယ်ရာမှာ ပြောင်ချော်ချော်တွေရှိလာတယ်။ မကြားတကြားတွေဖြစ်လာတယ်။ သူအားမလျော့ပါဘူး။ ဆက်ကြိုးစားတယ်။ ဒါပေမယ့် နောက်ကျတော့ သူကိုယ်တိုင်စိတ်ပျက်လာပါတယ်။ သိပ်မကြာခင်သူနောက်ဆုတ်ပါတယ်။ စာရေးသူအမြင်ပြောပါမယ်။ သူမမှားခဲ့ပါဘူး။ သူလေ့လာခဲ့တယ်။ ပြီးမှသူလိုတာတွေကို သွတ်သွင်းခဲ့ပါတယ်။ တစ်ခုလေးပဲလိုခဲ့တာပါ။
တဖက်လူနားလည်တဲ့အသုံးအနှု ုံးတွေကိုမရွေးဖြစ်ခဲ့တာပါ။ ပြောတာကိုနားမလည်တဲ့သူတွေစုမိသွားတဲ့အခါ သူရဲ ့ ဤ ကကျွဲ ဖြစ်ခဲ့ပါတော့တယ်။
သူတို့ပဲမှားတာလား ???
ဟုတ်ပါတယ်။ သူတို့ကမှားတာပါ။ ဘာကြောင့်လဲဆိုတော့ သူတို့က ပညာပိုတတ်ကြလို့ပါ။ သူတို့က လာသမျှ အဆိုးတွေ အမှားတွေထက်ပိုပြီးအင်အားရှိရမှာဖြစ်လို့ သူတို့ကိုပဲအမှားလို့သတ်မှတ်ရတာပါ။ ဒါပေမယ့် … ဒါပေမယ့် … အဖွဲ့အစည်းတွေနဲ့ ပြည်တွင်းကလူတွေကလည်း သူတို့ကိုယ်သူတို့မပြင်ပါလျှင် သူတို့ရဲ့ ဘဝရှေ့ရေးတွေမှာပြသနာရှိနေပါသည်။ ဒါကိုတော့ တစ်ခြားခေါင်းစဉ်မှာ ဆက်တင်ပြပါမည်။ လောလောဆယ်တော့ ပညာတတ်များကို မြင်မိတဲ့ရှုထောင့်ကရေးရင်းနိဂုံးချုပ်ပါမည်။
ကျေးဇူးပြု၍ မြန်မြန်လုပ်ပေးပါ
အကျပ်အတည်းတွေကြုံပြီဆိုရင် ပိုမိုကျွမ်းကျင်သူတွေက ဦးဆောင်ရပါတယ်။ သူတို့ကိုယ်သူတို့မမှားအောင် သတိထားလုပ်ဆောင်ရသလို ကျန်တဲ့သူတွေကိုလဲ တည့်မတ်ဖို့ကြိုးစားရပါတယ်။ စီမံခန့်ခွဲမှု ( Management ) ရဲ့ အခြေခံ ပါဝင်မှု ၄ ချက်မှာကိုက ဒီလိုဆိုပါတယ်။
- Plan စီစဉ်ချမယ်
- Organize စုရုံးမယ်
- Lead ဦးဆောင်မယ်
- Control ထိန်းကွပ်မယ် ….. လို့ဆိုထားတာကိုး ။
ဆိုလေတော့ စာတတ်ပေတတ်ပုဂ္ဂိုလ်တွေအနေနဲ့ သူတို့ရဲ့ပညာတွေကို အများနားလည်နိုင်အောင်အသွင် ပြောင်းကာ လက်တွေသုံးချဖို့လုပ်ရပါမယ်။ အဲ့ဒီလိုလုပ်နိုင်ပါမှာ သူတို့လဲ ပတ်ဝန်းကျင်ရဲ့ အသိအမှတ်ပြုခံရမယ်။
လက်အောက်ငယ်သားတွေတိုးတက်လာမယ်။ နောက်ထပ် ခေါင်းဆောင်သစ်တွေ ထွက်လာမယ်။ နောက်ဆုံးအားကိုးတစ်ကြီးခေါ်ထားတဲ့ သူဠေးအတွက်လဲပျော်ရွင်ရပါမယ်။ ဖြစ်သင့်တာကို ဖြစ်သင့်သလိုဖြစ်အောင် လုပ်ဖို့က ပညာရှိရဲ့တာဝန်လို့ဆိုနေတာပါ။ တကယ့် Organization တွေရဲ့လိုအပ်ချက်တွေ ၊ ပြောင်းလဲဖို့အကြောင်းတွေကိုက မိတ်ဆွေတို့ကမှသိတာဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ မိတ်ဆွေတို့ကမှားရင် ၊ အားလုံးမှားပါပြီ။
နိုင်ငံခြားပြန်မန်နေဂျာတစ်ဦးရဲ ့ အလွန်ချစ်စရာကောင်းတဲ့ လုပ်ရပ်တစ်ခုကို တင်ပြပြီး နိဂုံးချုပ်ပါမယ်။ တစ်ခါက Marketing ကိစ္စတစ်ခုအတွက် သူဠေးလုပ်သူက အရေးပေါ် Marketing Staff တစ်ယောက်ကို နယ်သွားခိုင်းပါတယ်။ သွားရမယ့်ရက်က ပိတ်ရက်တစ်ရက်ဖြစ်ပါတယ်။ ကပ်ပြီးသိရတာမို့တက်သုတ်ရိုက် စီစဉ် ရပါတယ်။ သွားမယ့် Staff ကလူငယ်လူလွတ်လေးတစ်ဦးဖြစ်လို့ Sunday ဆိုတာသူ့အတွက် ပျော်ပါးရမယ့်ကိစ္စတွေဖျက်ပြီးသွားရပါတယ်။ အဲ့ဒီမှာ မန်နေဂျာလေးက ဝင်ပြောပါတယ်။
ခုလို မျိုးကပ်ပြီးတော့ပြောလာလို့စိတ်ပျက်ကြောင်း ၊ မှာယွင်းမှုတွေဖြစ်လာနိုင်ကြောင်း ၊ နောက်ထပ်တစ်ချက်က ပိတ်ရက်ကို အလုပ်ခိုင်းတာက မသင့်တော်ကြောင်း ၊ အချိန်ပိုကြေးထက် အားလပ်ရက်က ဝန်ထမ်းအတွက်တန်ဖိုးရှိကြောင်း ၊ နောက်နောင်ခုလိုမျိုးအနားကပ်မှ ကိစ္စပေါ်တာမျိုး လုံး၀ လက်မခံနိုင်ကြောင်း ၊ Urgent ဆိုပြီးလုပ်တာမျိုးကို မကြိုက်ကြောင်း သူဠေးကိုပြန်ပြောပါတယ်။
ကျွန်တော်ပြောရဲပါတယ်။ ပြည်တွင်းကမန်နေဂျာတွေထဲမှာ တွေ ့ရခဲတဲ့ အပြုအမူဖြစ်ပါတယ်။ အမှန်အတိုင်းပြောရဲတဲ့ စိတ်ကိုချီးကျူးမိပါတယ်။ အဲ့လိုပြောလို့သူဠေးက သူ့ကိုပြသနာမရှာခဲ့သလို တောင်းပန်တောင် သွားပါတယ်။ ဘာကြောင့်လဲဆိုတော့ ပညာတတ်တွေအပေါ်မှာ အထင်ကြီးစွဲရှိနေတာ ဖြစ်သလို ပြောတာကလဲမှန်နေလို့ဖြစ်ပါတယ်။ အဲ့ဒီလိုအဖြစ်တို့ပေါများပါစေဆုတောင်းပါတယ်။ ပါဝါရှိတဲ့သူတွေ အမှန်လုပ်ရင်ခရီးအမြန်ရောက်ပါတယ်။
Comments
Post a Comment
ကျေးဇူးတင်ပါတယ်။