Skip to main content

MARKETING 4.0 ကပြောတဲ့ CONTENT MARKETING






Content ဆိုတာ ပုံစံသစ်နဲ့ကြော်ငြာတစ်ခုသာ … Hashtag (#) ဆိုတာ Brand တစ်ခုအတွက် Tagline အသစ်ပါ … (Initiating Conversations with Powerful Storytelling)

ကဲ … ဒီဘက်ခေတ်မှာ Marketer တွေလုပ်စားရတာ မလွယ်ကူတော့တာက ကိုယ့်ကြော်ငြာထဲမှာ ကိုယ်ပြောထားတဲ့ အမှန်တရားပါဆိုတဲ့အရာတွေကိုတောင် ဈေးဝယ်သူတွေက မယုံတော့တဲ့ခေတ်။ ဆိုလိုချင်တာက လွန်ခဲ့တဲ့ အနှစ် ၂၀ ကလို မြဝတီကပြတဲ့ တရုတ်သိုင်းကားကြားထဲ TVC 30 စက္ကန့် ကို 10 spots လောက်ရိုက်လိုက်ရင် မနက်ကျရင်ဈေးထဲမှာ ပြေးဝယ်တဲ့ခေတ်မဟုတ်တော့ဘူး။ Internet ကဆင့် သယ်ဆောင်လာတဲ့ ပွင့်လင်းမြင်သာမှုတွေက Content Marketing ကို မွေးဖွားပေးလိုက်တာပါပဲ။ လူတွေ Internet ကနေချိတ်ဆက်လာတာကဆင့် Brand တစ်ခုချင်းစီရဲ့ တကယ့် အမှန်တရားပါဆိုတဲ့ အရာတွေကို သိရစေတယ်။ လူတွေက သူတို့ပစ္စည်းတစ်ခုကိုမဝယ်ခင် သူများတွေကို မေးပြီလေ။ ဘာမေးတာလဲဆိုတော့ အမှန်စင်စစ် Brand တစ်ခုအတွက် သူငယ်ချင်းတွေ၊ မိတ်ဆွေတွေရဲ့ ပကတိအမြင်တွေ။ လူတွေက သူများပြောတဲ့ Brand တစ်ခုကို Marketer တွေ ကြော်ငြာထဲမှာပြောနေတာထက် ပိုပြီးယုံလာကြတယ်။

Content Marketing တိုတိုနဲ့လိုရင်းပြောမယ်ဆိုရင် Brand တွေကိုယ်တိုင်ဟာ စာအုပ်တိုက်တွေလိုပဲ။ ဥပမာ Brand တွေကိုယ်တိုင်က မဂ္ဂဇင်းတစ်အုပ်လိုပဲ။ စာဖတ်သူနဲ့ အတွင်းကျကျ ဆက်စပ်နိုင်မှုရှိဖို့ လိုအပ်လာတယ်။ အထဲမှာပါတဲ့ အကြောင်းအရာတွေက Target Audience ကို ဘယ်လောက်ထိ စိတ်ဝင်စားစေမှာလဲ၊ ဘယ်လိုဆက်စပ်မှုရှိတာလဲနဲ့ ဘာတွေအသုံးဝင်စေမှာလဲဆိုတာက သူတို့ဆီကို ကိုယ်ပေးချင်တဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး ဘယ်လိုမျိုးတုံ့ပြန်မှာလဲဆိုတာတွေ ဖြစ်လာပါတယ်။ နောက်ဆုံးလည်းကျရော Content Marketing က ဆွဲခေါ်သွားတာက Marketer တွေသည် Brand Promoter တွေဆိုတာထက် Storyteller တွေအဖြစ် ရောက်ရှိသွားစေတယ်။ အဲဒီတော့ Content တွေက ကြော်ငြာပုံစံသစ်အသွင်ကိုဆောင်လာပြီး၊ #hashtags တွေက Social Media တွေပေါ်မှာ အရင်တုန်းက Tagline တွေလိုမျိုး လုပ်ဆောင်လာကြတယ်။

Content Marketing အကြောင်းပြောမယ်ဆိုရင် Social Media အပိုင်းက တကယ့်အရေးအကြီးဆုံးပါပဲ။ မြန်မာနိုင်ငံမှာဆိုရင် Social Media လောကမှာ Facebook ကြီးက ဘုရင်တစ်ဆူပေ့ါ။ ဥပမာ – Online Shop တစ်ခုကနေ ကိုယ်ကြိုက်တာလေးတစ်ခုလောက်ဝယ်မယ်ဆိုပါစို့။ ဒီ Product နဲ့ ပတ်သက်တဲ့ Review တွေ၊ Comment မှာ ဘာရေးထားလဲဆိုတဲ့အကြောင်းအရာတွေ၊ Visitor Post တွေ၊ Rating တွေ အကုန်ကြည့်တတ်ကြတယ်လေ။ အဲဒါတင်မကသေးပဲ ပိုသေချာအောင်ဆိုပြီး Status တင်မေးတာတွေလည်း ရှိသေးတယ်။ ဒါတွေဟာဘာကိုပြနေသလဲဆိုတော့ Content Marketing ခေတ်မှာ ကိုယ့် Brand က ဘာကြီးပါ၊ ညာကြီးပါလို့ အော်နေတာ အရေးမဟုတ်ဘူး။ သူများက ကိုယ့် Brand ကို မင်းက ဘာကြီးပါ၊ ညာကြီးပါလို့ ပြောတာကမှ အစစ်။ (ပြောပါတယ် … ဒီဘက်ခေတ် Marketing လုပ်ရတာ မသက်သာပါဘူးလို့) အရင်တုန်းက လူတွေက တီဗွီ၊ ရေဒီယိုတွေကလာတဲ့ အကြောင်းအရာတွေကို ရွေးချယ်လို့မရပဲ ကြည့်ရနားထောင်ရတယ်။ အခုတော့ Social Media ရေစီးကြောင်းမှာတော့ လူတွေ Content တွေကို Consume လုပ်တဲ့အခါ ကြော်ငြာတွေက နှောက်ယှက်လို့မရတော့ပါဘူး။ ဥပမာ YouTube မှာ သင့်အတွက် အချိန် ၅ စက္ကန့်ပဲ ကြော်ငြာအတွက် အချိန်ပေးပါတယ်။ (SKIP AD ဆိုတာကြီးမနှိပ်ဘူးဆိုရင်ပေါ့) Marketer တွေကသာ အဲဒီ ၅ စက္ကန့်အတွင်း Attention မယူနိုင်ဘူး ဆိုရင်တော့ ရေထဲကို ခဲလုံးပစ်ချလိုက်သလိုပါပဲ။ (ပလုံ …)

Content တွေဟာ ကြော်ငြာပုံစံသစ်တွေလို့ဆိုပေမယ့် တကယ့်တော့ ဒီနှစ်ခုက မတူပါဘူး။ ကြော်ငြာဆိုတာက ကိုယ်ပေးချင်တဲ့ Message ကို ဈေးဝယ်သူကို သိစေခြင်းသာဖြစ်ပြီး “Content တွေကတော့ လူတွေသိချင်ဖြစ်ချင်နေတဲ့အရာတွေကို ကိုယ့်ပေးချင်တဲ့ Information ကတဆင့် ရရှိစေခြင်း” ဖြစ်ပါတယ်။ တိုက်ရိုက်ကြီးမဟုတ်ဘူးနော်။ Engage ဖြစ်တဲ့ Content တွေအကုန်လုံးဟာ ဒီ Brand ကကောင်းပါတယ်၊ ဝယ်ပါ ဆိုတာမျိုးထက် သူ့ရဲ့ Personal Lifestyle နဲ့ မိမိ Brand Equity ကို ချိတ်ဆက်နိုင်ခြင်းသာဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်။

“Marketing is a race without a finishing line” ~ Philip Kotler
Credit -https://pnlu.wordpress.com/category/digital-marketing/x

Comments

Popular posts from this blog

Facebook အကောင့်အလွယ်တကူဖွင့်နည်း 100%

ကျွန်တော်တို့ မြန်မာနိုင်ငံကနေ Facebook အကောင့်တစ်ခုဖွင့်ရတာ မလွယ်ပါဘူး။ ဒီနေရာမှာ ဒေါင်းလိုက်ပါ အဆင်မပြေတာရှိရင် မန့်ထားခဲ့ပါ.....:)

ခောတ်သစ်ဈေးကွက်ဖော်ဆောင်ရေးနဲ့ ၎င်းကို လွှမ်းမိုးထားသော အချက်အလက်များ

 ခောတ်ပေါ်ဈေးကွက်ဖော်ဆောင်မှု လုပ်ငန်းစဉ်တွေကို သက်ရောက်မှုဖြစ်စေတဲ့အချက်တွေကို ရေးသားတင်ပြလိုပါတယ်။ ဒါကြောင့်မို့လို့ ခေါင်းစဉ်ကို Marketing Environment ဈေးကွက်နယ်ပယ်များလို့ ပေးလိုက်ထားလိုက်ပါမယ်။ ဈေးကွက်ဖော်ဆောင်မှုဆိုတာ သုံးစွဲသူတွေရဲ့ အဆင်ပြေမှု တွေအတွက် အမြဲတစေ ကြိုးစားရှာဖွေနေကြတဲ့ အပေါ်မှာအခြေခံပြီး စတင်ဖြစ်တည်ပါတယ်။ ဒီနေ့ခောတ် Marketing Manager တွေဟာ သုံးစွဲသူတွေအတွက် အချက်အလက်တွေကို ရှာဖွေဖန်တီးမှုမှာ နစ်မြှပ်နေကြပါတယ်။ သူတို့တွေက သုံးစွဲသူတွေနဲ့ ရေရှည်တည်မြဲတဲ့ ဆက်နွယ်မှုတွေကို ဖန်တီးဖို့ကြိုးစားယှဉ်ပြိုင်နေရတာပါ။ အဲ့ဒီလိုမျိုးကြိုးစား မှုတွေမှာ သူတို့တွေဟာ လိုက်နာရမည့် အချက်တွေ ၊ ရှောင်ကျဉ်ရမယ့် အချက်တွေစ သည်ဖြင့် တော်တော် များပြားလှပါတယ်။ အခုအဲ့ဒီအချက်တွေကို တစ်ချက်ချင်းစီ ရေးသားပေးပါမယ်။ ဝန်ခံစရာရှိတာက အချက်အလက်တွေက အင်တာနက် web site ပေါင်းစုံကနေ စုပေါင်းပြီး တင်ပြထားတာဖြစ် ပါတယ်။ တစ်ချို့အပိုင်းတွေမှာတော့ ကိုယ်နားလည်သလောက်ဖြည့်စွက်ထားပါတယ်။ Political Forces ( နိုင်ငံရေးရာများ၏ လွှမ်းမိုးမှု ) လူမှုရေးရာ အချက်အလက်အများစုက နိုင်ငံရေးရဲ ့ ဖြစ်တည်မှုတွေကို ပုံဖော်နိုင်ကြ...

မာန

ကြုံဆုံတုန်း ခဏ… ဒီဘဝ လောကထဲမှာ… တို့ရဲ့ မာနတွေက ရှိနေလား အချိန်တန် အိမ်ပြန်လမ်းဟာ… မင်း မာနတွေ မပါလောက်ဘူး……။ မာယာကို မာနလုပ်ထား… မင်းလျှောက်တဲ့လမ်း…… အတ္တမဆန်ပါဘူး……… ထွက်သွားပါ……နှုတ်ဆက်ပါ……။ လူတစ်ယောက်ရဲ့ ဘဝဟာ ခွဲခွာခြင်း ခရီးသည်းတစ်ဦးပါ… မဟူရာမျက်ဝန်းတွေထဲ… မင်း မာနကို ဖုံးလွှမ်း…… မင်းရဲ့ စိတ်က ထင်ပေါ်နေခဲ့တယ်… သူစိမ်းဆန်တဲ့ စကားလုံးများ ဖွင့်ဟဝန်ခံ…မုဿသံတွေ လေထဲမှာ ပျံလွှင့်…… လူတစ်ယောက်ကို သေအောင် သတ်နိုင်တယ်……။ မင်းမာနကို ရှေ့တန်းတင်ထား ငါ့အတ္တနဲ့ တိုက်ထုတ်ရမယ်… အဲဒီလို့ပဲ……ဘဝနှစ်ခု တိတ်တဆိတ် ရပ်တန့်သွားမှာပါ…။ အနားက ဖြတ်သွားသော လေ ငါ့ကို တိုးတိုးလေး…သတိပေးလိုက်တယ်… မင်းချစ်သူဟာ……မာန သိပ်ကြီးတာတဲ့…။ Credit #တိမ်တိုက်