Skip to main content

Brian Tracyရဲ့အောင်မြင်ရေးဒဿန

အသက်(၇ဝ)နားနီးနေပြီးဖြစ်တဲ့ Brian Tracyဟာ ဆံပင်တွေ တစ်ခေါင်းလုံးဖြူနေပေမယ့် ခန္ဓာကိုယ်က

လူငယ်တစ်ယောက်လို သန်မာနေဆဲဖြစ်တယ်။ ဒါဟာ နှစ်ကာလကြာ သူလေ့ကျင့်ခဲ့တဲ့

ကိုယ်ကာယရလဒ်ဖြစ်တယ်။ Tracyဟာ တခြားလူပြောတဲ့စကားကို နားထောင်တဲ့အခါ အာရုံစိုက်ပြီး

အပြုံးမျက်နှာနဲ့ ခပ်ပြုံးပြုံးနားထောင်လေ့ရှိတယ်။ သူကိုယ်တိုင်စကားပြောတဲ့အခါမှာလည်း

သံလိုက်စက်ကွင်းတစ်ခုဖြစ်အောင် သူဖန်တီးနိုင်တယ်။

ဒီလိုသံလိုက်စက်ကွင်းက နေရာမှာရှိတဲ့လူအားလုံးရဲ့ အာရုံကို ဖမ်းစားဆွဲငင်ထားနိုင်တယ်။ Brian

Tracyဟာ တစ်ချိန်က ဘီဂိတ်လ်ရဲ့ စီးပွားရေးလမ်းညွှန်ဆရာဖြစ်ခဲ့သလို Buffett၊ Michael Dell၊ Jack

Welchတို့တောင် သူ့ဟောပြောပွဲကို တက်ရောက်ခဲ့ဖူးတယ်။ သူဟာ အမေရိကန်မှာ

သြဇာလွှမ်းမိုးမှုအရှိဆုံး ဟောပြောသူ၊ အောင်မြင်တိုးတက်ရေး ဟောပြောဆရာတွေထဲက

တစ်ဦးဖြစ်တယ်။ နိုင်ငံပေါင်း(၄ဝ)ကျော်မှာ ဟောပြောပွဲတွေ

သူကျင်းပခဲ့သလို နိုင်ငံပေါင်း(၉ဝ)ကျော်ကိုလည်း သူရောက်ခဲ့ဖူးတယ်။

တခြား အောင်မြင်တိုးတက်ရေး ဟောပြောဆရာတွေနဲ့ မတူတဲ့အချက်က Brian Tracyဟာ သူ့အကြောင်း၊

သူ့ပုံပြင်ကိုပဲ နှစ်နှစ်ခြိုက်ခြိုက် ဟောပြောတတ်တာဖြစ်တယ်။ ဒီအချက်ကိုကြည့်ခြင်းအားဖြင့်

သူကိုယ်တိုင်ကိုက သက်ရှိထင်ရှား အရှင်လတ်လတ် အောင်မြင်ရေးသင်ခန်းစာတစ်ပုဒ် ဖြစ်နေခဲ့ပါတယ်။

"ကျွန်တော့်ဘဝလမ်းမကြီးက အစကတည်းက ညီညာဖြောင့်ဖြူးနေခဲ့တာ မဟုတ်ပါဘူး" ဒီစကားကို Brian

Tracy မကြာခဏပြောတတ်တယ်။ အကြောင်းက သူဟာ ဆင်းရဲသားမိသားစုက ပေါက်ဖွားခဲ့သူဖြစ်ပြီး

အထက်တန်းမပြီးခင်မှာပဲ ကျောင်းရပ်နားခဲ့ရတယ်။ Brian Tracyကို ကယ်ရီဖိုးနီးယားပြည်နယ် San

Diegoမှာမွေးဖွားခဲ့တယ်။ မိဘနှစ်ပါးက ကျပမ်းအလုပ်သမားဖြစ်တာကြောင့် ငယ်ငယ်လေးကတည်းက

စားဝတ်နေရေးချိုတဲ့တဲ့ဘဝကို သူရင်ဆိုင်ခဲ့ရတယ်။ နှစ်အတန်ကြာပြီးနောက် ငယ်ဘဝကို

သူပြန်ပြောင်းစဉ်းစားမိတိုင်း သူပြောတတ်တာက "အဲဒီတုန်းက အိမ်မှာအမြဲပြောဖြစ်၊

ကြားရတဲ့စကားတစ်ခွန်းက "ငါတို့ မဝယ်နိုင်ဘူး"ဆိုတာပဲဖြစ်တယ်"လို့ ဆိုတယ်။ အထက်တန်းမပြီးခင်မှာပဲ

Brian Tracyကျောင်းနားခဲ့ရတယ်။ သူ့ရဲ့ပထမဆုံးအလုပ်က စားသောက်ဆိုင်ငယ်လေးတစ်ခုမှာ

ပန်းကန်ဆေးတဲ့အလုပ်ဖြစ်တယ်။ နေ့တိုင်း ညနေ၄နာရီမှ နောက်တစ်နေ့မနက်အထိ

သူအလုပ်လုပ်ခဲ့ရတယ်။ သူ့ရဲ့ဒုတိယအလုပ်က ကားရေဆေးတဲ့အလုပ်ဖြစ်တယ်။ အဲဒီကမှ

ကုမ္ပဏီသန့်ရှင်းရေးအလုပ်ကို သူလုပ်ခဲ့တယ်။ ညနက်သန်းခေါင်ယံအထိ ကြမ်းပြင်တွေ

သူဆေးကြောသုတ်သင်ခဲ့ရတယ်။ "တစ်သက်လုံးပဲ ငါဒီလိုအလုပ်မျိုးပဲ လုပ်ရတော့မလားလို့?"

သူ့ကိုယ်သူ မေးခဲ့တယ်။ အသက်(၂ဝ)အရွယ်မှာ Brian Tracyဟာ နေရာအနှံ့ စလှည့်ပတ်ခဲ့တယ်။

သူငယ်ချင်းနှစ်ယောက်နဲ့အတူ ဒေါ်လာ(၃ဝဝ)နဲ့ အမေရိကတိုက်၊ ဥရောပတိုက်၊ အာရှတိုက်၊

အာဖရိကတိုက်တွေကို ဖြတ်သန်းခဲ့တယ်။ ခရီးစဉ်ရဲ့ မိုင်ပေါင်း၃သောင်းနီးနီးကို ကား၊ ခြေကျင်နဲ့ပဲ

သူတို့ဖြတ်သန်းခဲ့တယ်။ အာဖရိကတိုက်က ဆာဟာရသဲကန္တာရကို Tracy

ပင်ပင်ပန်းပန်း ဖြတ်ကျော်ခဲ့ရတယ်။ အဲဒီမှာ "လူတိုင်းက ကိုယ့်ဆာဟာရသဲကန္တာရကို ဖြတ်ကျော်ရတယ်"

ဆိုတဲ့အသိကို သူရခဲ့တယ်။ Tracyဟာ သူ့ဘဝကို သူစတင်ပြောင်းလဲဖို့ ကြိုးစားလိုက်တယ်။ နေ့တိုင်း

ကာယအားနဲ့အလုပ်တွေ လုပ်ကိုင်ပြီးနောက် စာပေလေ့လာသင်ယူခြင်းကို အချိန်(၅)နာရီကြာ

သူအသုံးပြုခဲ့တယ်။ ခွန်အားနဲ့ အလုပ်လုပ်သူတစ်ဦးက ဘာကြောင့် နေ့တိုင်း စာတွေကို

ကျက်မှတ်နေရသေးသလဲ?ဆိုပြီးသူ့သူငယ်ချင်းတော်တော်များများက သူ့လုပ်ရပ်ကို နားမလည်ခဲ့ကြဘူး။

Tracyအတွက်တော့ အကြောင်းပြချက်က ရိုးရှင်းလှပါတယ်။ ဒါဟာ ဘဝကိုပြောင်းလဲဖို့အတွက်

"ဒီလိုအလုပ်မျိုး ငါတစ်သက်လုံး မလုပ်ချင်ဘူး"လို့ သူကဆိုပါတယ်။ နောက်ကြောင်းကိုပြန်ကြည့်တော့

သူ့ဘဝမှာ ဘာလှည့်ပြောင်းမှတ်မှရှိခဲ့တယ်လို့ Tracyမထင်ခဲ့ဘူး။ ဘဝဆိုတာ အဆင့်ဆင့်

မပြတ်ဆည်းပူးခြင်းရဲ့ရလဒ်လို့ပဲ သူသတ်မှတ်ခဲ့တယ်။ သူ့ဘဝကိုပြောင်းလဲခဲ့တဲ့

အကြောင်းရင်း(၃)ရပ်ရှိတယ်လို့ သူထင်ခဲ့တယ်။ အဲဒီအကြောင်းရင်းသုံးရပ်က---

(၁) ကိုယ့်ကိုယ်ကို တာဝန်ယူပါ။ ဘယ်တော့မှ ဆင်ခြေမရှာပါနဲ့။ 

(၂) ရည်မှန်းချက်ရဲ့တန်ဖိုးကို သိနားလည်အောင်လုပ်ပြီး အဲဒီရည်မှန်းချက်အတွက် ကြိုးစားပါ။ 

(၃) လေ့လာသင်ယူခြင်းရဲ့တန်ဖိုးကို သိနားလည်အောင်လုပ်ပြီး 

အသက်ထက်ဆုံးအထိ စွဲမြဲသင်ယူပါ။

အနှစ်(၄ဝ)အတွင်းမှာ နေ့ရက်တိုင်းကို (၃)နာရီကြာအချိန်ပေးပြီး

Tracyစာဖတ်ခဲ့တယ်။ အလုပ်များရက်၊ အားလပ်ရက်ပဲဖြစ်ပါစေ စာဖတ်တာကို သူအပျက်မခံခဲ့ဘူး။ အဲဒီလို

ကြံ့ကြံ့ခံပြီး စွဲစွဲမြဲမြဲစာဖတ်ခဲ့ခြင်းက Tracyကို အချိန်မှန်မှန်စာဖတ်တတ်တဲ့ အကျင့်ကိုပေးခဲ့ရုံမက

အသိပညာ၊ ဗဟုသုတနောက် အမြဲလိုက်လံတတ်အောင်လည်း ကျင့်ပေးခဲ့တယ်။ အထက်တန်းမပြီးခဲ့တဲ့

Tracyဟာ နောက်ဆုံးမှာ ကိုယ့်ကြိုးစားမှုနဲ့ တက္ကသိုလ်မှာဘွဲ့ရခဲ့ပြီး

ဘွဲ့လွန်ပါဆက်တက်ခဲ့တယ်။ အောင်မြင်မှုဆိုတာ ရည်ရွယ်ချက်ကို 

လက်တွေ့ဆောင်ရွက်တာပဲဖြစ်တယ်လို့ 

Tracy ယူဆပါတယ်။ "၃%လူတွေလောက်ပဲ အနာဂတ်အတွက် အသေးစိပ်စီမံချက်ချထားတယ်။ 

၉၇% လူတွေက အနာဂတ်အတွက် ဘာစီမံချက်မှမချထားဘူး။ ယေဘုယျအားဖြင့်ပြောရရင် 

စီမံချက်ချထားတဲ့လူမှာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေ ပိုင်ဆိုင်ကြတယ်။ 

စီမံချက်ချမထားတဲ့လူက အဲဒီ စီမံချက်ချထားတဲ့လူတွေဆီမှာ အလုပ်လုပ်ကြရတယ်" လို့ Tracyကပြောခဲ့တယ်။

Tracyဟာ နှစ်အတော်ကြာ ကိုယ်တိုင်လက်တွေ့ဆောက်ရွက်ချက်နဲ့ လေ့လာကြည့်ရှုချက်အရ

အထွတ်ထိပ်လူတွေက အနာဂတ်အတွက် အမြဲတွေးတောပြီး သာမညလူတွေက ပြီးခဲ့တာတွေကို

အမြဲတွေးတောကြောင်း တွေ့ရှိခဲ့တယ်။ "တော်ထက်တဲ့လူတွေက စတင်မလှုပ်ရှားခင် အနာဂတ်အတွက်

ပစ်မှတ်တစ်ခု/ရည်ရွယ်ချက်တစ်ခုကို အရင်ရေးဆွဲတယ်။ ပြီးရင် အဲဒီပစ်မှတ်အတွက်

အခုချိန်မှာဘာလုပ်သင့်တယ်ဆိုပြီး ပထမခြေလှမ်းကို စလှမ်းတယ်။ လူတိုင်းမှာ ဘဝနဲ့ပတ်သက်တဲ့

ကိုယ်ပိုင်အတွေးအမြင်တွေ ရှိကြတယ်။ ဒါပေမဲ့ ပထမခြေလှမ်းကို စမလှမ်းခဲ့ကြဘူး" "သဘာဝလောက,က

မျက်လှည့်ဆရာတစ်ဦးနဲ့တူတယ်။ သူဟာ သင့်ရှေ့မှာ လိုက်ကာတစ်ခု ကာထားပေးတယ်။

သင်ရှေ့တစ်လှမ်းတိုးတိုင်း လိုက်ကာက အလိုလို နောက်တစ်လှမ်းရွေ့တယ်။ တကယ်လို့ ဒီခြေလှမ်းကို

သင်မလှမ်းရင် ရှေ့ကအခြေအနေကို သင်ပြတ်ပြတ်သားသား တွေ့မြင်နိုင်မှာမဟုတ်ဘူး။

အနာဂတ်အတွက်

စီမံချက်ကို သိပ်စေ့စေ့စပ်စပ် စီမံထားစရာမလိုပါဘူး။ အဓိက,က ပထမခြေလှမ်းကို သင်စလှမ်းဖို့ပါပဲ"

Tracy က လှုပ်ရှားမှုကို လက်ကိုင်ထားသူဖြစ်တယ်။ "အောင်မြင်မှုမှာ လှုပ်ရှားမှုက

အဓိကဖြစ်တယ်။ အောင်မြင်သူတွေက လှုပ်ရှားမှုကို ဦးထိပ်ထားသူတွေဖြစ်တယ်။ သူတို့ဟာ

အတွေးစိတ်ကူးတစ်ခုခုရှိတာနဲ့ ချက်ချင်း လက်တွေ့ဆောက်ရွက်သူတွေဖြစ်တယ်။

လက်တွေ့ဆောင်ရွက်တဲ့နေရာမှာ ရလဒ်နှစ်မျိုးရှိတယ်။ (၁)အောင်မြင်နိုင်တယ်၊ (

(၂)ကျရှုံးနိုင်တယ်။ အောင်မြင်ခြင်းမှာ ရှုံးနိမ့်ခြင်းက တသီကြီး

လိုက်ပါအဖော်ပြုတယ်။ အောင်မြင်ခြင်းဆိုတာ ရှုံးနိမ့်ခြင်းတွေ စုပြုံထားတာပဲဖြစ်တယ်။ ဒါကြောင့်

 သင်ကြိုးစားလုပ်ခဲ့ရင် ရှုံးနိမ့်လိမ့်မှာမဟုတ်ဘူး" "ရှုံးနိမ့်မှာမကြောက်နဲ့။ အဓိက,က လှုပ်ရှားမှု၊

လုပ်ဆောင်ချက်ပဲ လိုတယ်။ တရုတ်နိုင်ငံကနေ အမေရိကန်ကိုပျံတဲ့ လေယာဉ်တွေဟာ

၉၉%အချိန်လောက်က အစီအစဉ်ဆွဲထားတဲ့လမ်းကြောင်းထဲ လမ်းလွဲပျံသန်းတတ်ကြတယ်။

ဒါပေမဲ့ လေယာဉ်အများက သတ်မှတ်ချိန်အတိအကျ ဆိပ်ရောက်ကြတယ်။ ဒါဟာ

လှုပ်ရှားနေစဉ်အတွင်းမှာပဲ ကိုယ့်အမှားကို သူတို့မပြတ်ပြင်ဆင်လို့ဖြစ်တယ်။ လူ့ဘဝခရီးဟာလည်း

ဒီအတိုင်းပဲဖြစ်တယ်။ လှုပ်ရှားရင်း၊ ပြင်ဆင်ရင်း၊ ပန်းတိုင်အထိ ရှေ့ဆက်တယ်" လို့ Tracyက ဆိုပါတယ်။

မူရင်း-- D Men ပြုစုရေးသားသော The Secret of Success.... စာအုပ်မှ နိုင်းနိုင်းစနေ

ဘာသာပြန်သည်။

(http://kolinthalarwaddythar.blogspot.com/)

Comments

Popular posts from this blog

Facebook အကောင့်အလွယ်တကူဖွင့်နည်း 100%

ကျွန်တော်တို့ မြန်မာနိုင်ငံကနေ Facebook အကောင့်တစ်ခုဖွင့်ရတာ မလွယ်ပါဘူး။ ဒီနေရာမှာ ဒေါင်းလိုက်ပါ အဆင်မပြေတာရှိရင် မန့်ထားခဲ့ပါ.....:)

ခောတ်သစ်ဈေးကွက်ဖော်ဆောင်ရေးနဲ့ ၎င်းကို လွှမ်းမိုးထားသော အချက်အလက်များ

 ခောတ်ပေါ်ဈေးကွက်ဖော်ဆောင်မှု လုပ်ငန်းစဉ်တွေကို သက်ရောက်မှုဖြစ်စေတဲ့အချက်တွေကို ရေးသားတင်ပြလိုပါတယ်။ ဒါကြောင့်မို့လို့ ခေါင်းစဉ်ကို Marketing Environment ဈေးကွက်နယ်ပယ်များလို့ ပေးလိုက်ထားလိုက်ပါမယ်။ ဈေးကွက်ဖော်ဆောင်မှုဆိုတာ သုံးစွဲသူတွေရဲ့ အဆင်ပြေမှု တွေအတွက် အမြဲတစေ ကြိုးစားရှာဖွေနေကြတဲ့ အပေါ်မှာအခြေခံပြီး စတင်ဖြစ်တည်ပါတယ်။ ဒီနေ့ခောတ် Marketing Manager တွေဟာ သုံးစွဲသူတွေအတွက် အချက်အလက်တွေကို ရှာဖွေဖန်တီးမှုမှာ နစ်မြှပ်နေကြပါတယ်။ သူတို့တွေက သုံးစွဲသူတွေနဲ့ ရေရှည်တည်မြဲတဲ့ ဆက်နွယ်မှုတွေကို ဖန်တီးဖို့ကြိုးစားယှဉ်ပြိုင်နေရတာပါ။ အဲ့ဒီလိုမျိုးကြိုးစား မှုတွေမှာ သူတို့တွေဟာ လိုက်နာရမည့် အချက်တွေ ၊ ရှောင်ကျဉ်ရမယ့် အချက်တွေစ သည်ဖြင့် တော်တော် များပြားလှပါတယ်။ အခုအဲ့ဒီအချက်တွေကို တစ်ချက်ချင်းစီ ရေးသားပေးပါမယ်။ ဝန်ခံစရာရှိတာက အချက်အလက်တွေက အင်တာနက် web site ပေါင်းစုံကနေ စုပေါင်းပြီး တင်ပြထားတာဖြစ် ပါတယ်။ တစ်ချို့အပိုင်းတွေမှာတော့ ကိုယ်နားလည်သလောက်ဖြည့်စွက်ထားပါတယ်။ Political Forces ( နိုင်ငံရေးရာများ၏ လွှမ်းမိုးမှု ) လူမှုရေးရာ အချက်အလက်အများစုက နိုင်ငံရေးရဲ ့ ဖြစ်တည်မှုတွေကို ပုံဖော်နိုင်ကြ...

ခ်စ္သူ

အာဒံက ပန်းသီးလေးတစ်ခြမ်းပဲကျွေးပြီး ရွေးစရာလူမရှိလို့ ဧ၀ကို ချစ်ခဲ့တာပါ ကျွန်တော်ကတော့ သန်းပေါင်းများစွာထဲက နှလုံးသားကရွေးတဲ့ သူ့ကို အသည်းနှလုံးတစ်ခုလုံး လိုရာသုံးဖို့ပေးပြီး ချစ်ခဲ့တာပါ ။