Skip to main content

ကိုယ်ပုဆိန်တွေ ကိုယ်သွေးကြပါစို့


တစ်ခါက ထင်းခုတ်သမား လူငယ်တစ်ဦး တောင်တက်ပြီး ထင်းခုတ်လေသည်။ မကြာမီ ထင်းခုတ်သမား အဘိုးအိုတစ်ဦးလည်း ရောက်လာခဲ့သည်။ ထင်းများကို ခုတ်ကြရင်းညနေစောင်းချိန်တွင် အဘိုးအို ခုတ်ပြီးသော ထင်းအရေအတွက်မှာ လူငယ်ထက်ပိုများနေခဲ့သည်။ အဘိုးအိုမှာ နောက်ကျမှ ရောက်လာပြီး သူ့ထက်ထင်းပိုများနေသည်ကို သတိပြုမိသောလူငယ်က နောက်ရက်တွင် စောစောထပြီး ထင်းခုတ်ထွက်ရန် ဆုံးဖြတ်လိုက်သည်။
နောက်တစ်နေ့တွင် လူငယ်မှာ အဘိုးအိုထက် စောပြီး ထင်းခုတ်ရန် ထွက်ခဲ့သည်။ စိတ်ထဲတွင် အဘိုးအိုထက် ထင်းပိုရမည်ဟုလည်း တွေးနေမိသည်။ သို့သော် အလုပ်သိမ်းချိန်တွင် အဘိုးအို၏ ထင်းမှာ သူ့ထက် ပိုများနေသည်ကို တွေ့ပြန်သည်။ သို့နှင့် လေး၊ ငါးရက်ဆက်တိုက် တောင်ပေါ်သို့ စောစီးစွာ ရောက်နှင့်နေပြီး မိုးချုပ်နေဝင်မှ အိမ်ပြန်ခဲ့သော်လည်း သူ၏ထင်းမှာ အဘိုးအိုထက် အမြဲတမ်းလိုလိုပင် နည်းနေခဲ့သည်။ ခြောက်ရက်မြောက်နေ့တွင် သူသည် မအောင့်နိုင်တော့သည့်အဆုံး အဘိုးအိုအား မေးမြန်း ခဲ့သည်။

“ အဘိုး.... ကျွန်တော်က အဘိုးထက် အားသန်တယ်... အဘိုးထက် စောပြီး တောင်ပေါ်ရောက်အောင် လာခဲ့တယ်.. နောက်ကျမှ အိမ်ပြန်တယ်။ ဒါပေမယ့် ကျွန်တော်ခုတ်ရတဲ့ ထင်းက အဘိုးထက် နည်းနေခဲ့တယ်... ဘာကြောင့်လဲ? “ဒီလို လူလေးရဲ့... အဘိုးက ထင်းခုတ်ပြီး အိမ်ပြန်ရောက်တိုင်း အဘိုးရဲ့ပုဆိန်ကို အမြဲသွေးတယ်။ လူလေးက မသွေးခဲ့ဘူး။ ထင်းခုတ်ပြီး ဒီအတိုင်း ပစ်ထားခဲ့တယ်။ အဘိုးက အသက်ကြီးပြီ။ နောက်ကျမှ တောင်ပေါ်ရောက်သလို လူလေးထက် စောပြီး အလုပ်သိမ်း ခဲ့တယ်။ ဒါပေမယ့် အဘိုးရဲ့ ပုဆိန်က လူလေးပုဆိန်ထက် ထက်မြက်နေတဲ့အတွက် အဘိုး လေး ငါးချက်ခုတ်လို့ ပြတ်တဲ့ သစ်ပင်ကို လူလေးက ဆယ်ချက်လောက် ခုတ်ယူရတယ်... ဒါကြောင့် လူလေးရဲ့ ထင်းတွေ နည်းနေတာပါ”

ပုံပြင်လေးကတော့ ဒါပါပဲ။

အလုပ်ထဲက လုပ်ဖော်ကိုင်ဖက်တွေကို ဟောပြောပွဲတွေ သွားနားထောင်ဖို့၊ အချိန်ပိုရင် ကိုယ့်ဝါသနာပါရာ၊ လေ့လာနေတဲ့ ပညာရပ်ဆိုင်ရာ သင်တန်းတွေ တက်ဖို့ ကျွန်တော် အမြဲ တိုက်တွန်းတတ်ပါတယ်။ အများစုက “အလုပ်ပင်ပန်းရတဲ့ ကြားထဲ သင်တန်းတွေ ဟောပြောပွဲတွေ တက်ဖို့ အချိန်မရှိဘူး” လို့ ညည်းပြကြပါတယ်။

“ထင်းပဲခုတ်နေပြီး ပုဆိန်သွေးဖို့ မေ့နေကြရင် အလုပ်အပြည့် လုပ်ပြီး ရလဒ်တစ်ဝက်ပဲ ခံစားရမယ် ဆိုတာကို တစ်ချိန်ချိန်ကျရင် သိလာလိမ့်မယ်” လူ့ဘဝလမ်းတစ်လျောက်မှာ ရှင်သန်ကြီးပြင်းဖို့ ကြိုးစားနေသလို တစ်ဖက်ကလည်း ကိုယ့်ပညာ ဗဟုသုတတွေကို မြှင့်တင်ယူရမှာ ဖြစ်ပါတယ်။ အရင်ခေတ်တုန်းကတော့ ထင်းခုတ်ပြီး အသက်မွေးဝမ်းလို့ ရပေမယ့် ပြောင်းလဲနေတဲ့ ဒီခေတ်မှာ ထင်းပဲခုတ်နေလို့ မလုံလောက်တော့ဘူး။ တစ်ဖက်က ထင်းခုတ်ရင်း တစ်ဖက်ကလဲ ပုဆိန်ကို သွေးနေသင့်ပါတယ်။ နို့မဟုတ်ရင် ခေတ်နောက် မလိုက်နိုင်တဲ့ ကိုယ့်ကို အဲဒီခေတ်ကပဲ ပယ်ထုတ်ဖယ်ရှားသွားမှာ ဖြစ်ပါတယ်။ တတ်သလောက် အင်္ဂလိပ်စာလေးနဲ့ ဘာသာပြန်လုပ်စားနေတဲ့ ကျွန်တော့်အတွက် ဒီပုံပြင်လေးက အိပ်ရာက လန့်နှိုးလိုက်သလို ဖြစ်သွားစေခဲ့ပါတယ်။ ဘော်ဒါရောင်းရင်းများ၊ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများအတွက်လည်း ဒီပုံပြင်လေးက တစ်ခုခု ပေးသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။

ကျွန်တော်ကတော့ အင်္ဂလိပ်စာကို ဒီထက်ပို လေ့လာနိုင်မယ့်၊ သင်ပေးနိုင်မယ့်သင်တန်းများ ထပ်တက်ပြီး သွေးသစ်လောင်းဖို့ ပြင်နေပါပြီ။ ဒီက မိတ်ဆွေများရော.. ဘယ်လို စီစဉ်ထားပါသလဲ၊ ကိုယ့်ကိုကိုယ် တတ်လှပြီထင်ရင်တော့ သူများက တစ်ချက်တည်းနဲ့ ခုတ်လို့ ပြီးသွားတဲ့ သစ်ပင်ကို ကိုယ့်ကျမှ နဖူးကချွေးခြေမ ကျအောင် အချက်ပေါင်း လေးငါးဆယ်မက ခုတ်မှရမယ်ဆိုရင်တော့ ထူးအိမ်သင် သီချင်းထဲကလို နည်းနည်းလေးတော့  လွဲနေပြီပေါ့ဗျာ။

ဒီတော့ သင်တန်းချည်းတက်ပြီး တက်သမျှ မလေ့ကျင့်ဘဲ၊ ပြန်မေ့နေရင်ရော ဆိုရင်တော့ အဲဒါ ကိုယ့်သမိုင်း ဖြစ်သွားပြီလို့ပဲ ဆိုပါရစေ။ ဒီနေရာမှာတရုတ်ပညာရှိကြီး ကွန်ဖြူးရှပ်စ်ရဲ့ စကားတစ်ခွန်း လက်ဆောင် ပါးချင်ပါတယ်။

"လက်တွေ့မပါတဲ့ ပညာဟာ အသုံးမဝင်သလို၊ ပညာမပါတဲ့ လက်တွေ့ဟာလဲ အန္တရာယ်များတယ်"

အဲဒီလိုပဲ။ ကျွန်တော်တို့ဟာ ကိုယ်သိသလောက်၊ အတွေ့အကြုံလေးနဲ့ပဲ ပြဿနာတိုင်းကို ဖြေရှင်းလို့ မရနိုင်ပါဘူး။ လိုအပ်ရင် သင်တန်းတွေတက်ပညာယူ လေ့လာရတော့မှာ ဖြစ်ပါတယ်။ ဒီတော့ နေ့တိုင်းနေ့တိုင်း ဒီအလုပ်တွေကုန်းရုန်းလုပ်ရင်း ဒီနေရာ မှာပဲ ရပ်တန့်နေတော့မှာလား၊ ကိုယ့်ဘဝကိုဒီထက်မြင့်မြင့် ပျံသန်းနိုင်ဖို့ အချိန်လေး အခွင့်အရေးလေး မပေးနိုင်ဘူးလား..။

တစ်ချက်တည်း ခုတ်လို့ ပြတ်မယ့် နေရာမှာ အချက်ပေါင်းများစွာ ခုတ်ရင်း အချိန်ကုန်၊ လူပန်းနဲ့ ဘဝကို အောက်ကျ၊ နောက်ကျ ဖြတ်သန်းသွားမလား။ ကျွန်တော်တို့ ကိုယ်ပုဆိန်တွေ ကိုယ်သွေးကြပါစို့.....။

Comments

Popular posts from this blog

Facebook အကောင့်အလွယ်တကူဖွင့်နည်း 100%

ကျွန်တော်တို့ မြန်မာနိုင်ငံကနေ Facebook အကောင့်တစ်ခုဖွင့်ရတာ မလွယ်ပါဘူး။ ဒီနေရာမှာ ဒေါင်းလိုက်ပါ အဆင်မပြေတာရှိရင် မန့်ထားခဲ့ပါ.....:)

ခောတ်သစ်ဈေးကွက်ဖော်ဆောင်ရေးနဲ့ ၎င်းကို လွှမ်းမိုးထားသော အချက်အလက်များ

 ခောတ်ပေါ်ဈေးကွက်ဖော်ဆောင်မှု လုပ်ငန်းစဉ်တွေကို သက်ရောက်မှုဖြစ်စေတဲ့အချက်တွေကို ရေးသားတင်ပြလိုပါတယ်။ ဒါကြောင့်မို့လို့ ခေါင်းစဉ်ကို Marketing Environment ဈေးကွက်နယ်ပယ်များလို့ ပေးလိုက်ထားလိုက်ပါမယ်။ ဈေးကွက်ဖော်ဆောင်မှုဆိုတာ သုံးစွဲသူတွေရဲ့ အဆင်ပြေမှု တွေအတွက် အမြဲတစေ ကြိုးစားရှာဖွေနေကြတဲ့ အပေါ်မှာအခြေခံပြီး စတင်ဖြစ်တည်ပါတယ်။ ဒီနေ့ခောတ် Marketing Manager တွေဟာ သုံးစွဲသူတွေအတွက် အချက်အလက်တွေကို ရှာဖွေဖန်တီးမှုမှာ နစ်မြှပ်နေကြပါတယ်။ သူတို့တွေက သုံးစွဲသူတွေနဲ့ ရေရှည်တည်မြဲတဲ့ ဆက်နွယ်မှုတွေကို ဖန်တီးဖို့ကြိုးစားယှဉ်ပြိုင်နေရတာပါ။ အဲ့ဒီလိုမျိုးကြိုးစား မှုတွေမှာ သူတို့တွေဟာ လိုက်နာရမည့် အချက်တွေ ၊ ရှောင်ကျဉ်ရမယ့် အချက်တွေစ သည်ဖြင့် တော်တော် များပြားလှပါတယ်။ အခုအဲ့ဒီအချက်တွေကို တစ်ချက်ချင်းစီ ရေးသားပေးပါမယ်။ ဝန်ခံစရာရှိတာက အချက်အလက်တွေက အင်တာနက် web site ပေါင်းစုံကနေ စုပေါင်းပြီး တင်ပြထားတာဖြစ် ပါတယ်။ တစ်ချို့အပိုင်းတွေမှာတော့ ကိုယ်နားလည်သလောက်ဖြည့်စွက်ထားပါတယ်။ Political Forces ( နိုင်ငံရေးရာများ၏ လွှမ်းမိုးမှု ) လူမှုရေးရာ အချက်အလက်အများစုက နိုင်ငံရေးရဲ ့ ဖြစ်တည်မှုတွေကို ပုံဖော်နိုင်ကြ...

မာန

ကြုံဆုံတုန်း ခဏ… ဒီဘဝ လောကထဲမှာ… တို့ရဲ့ မာနတွေက ရှိနေလား အချိန်တန် အိမ်ပြန်လမ်းဟာ… မင်း မာနတွေ မပါလောက်ဘူး……။ မာယာကို မာနလုပ်ထား… မင်းလျှောက်တဲ့လမ်း…… အတ္တမဆန်ပါဘူး……… ထွက်သွားပါ……နှုတ်ဆက်ပါ……။ လူတစ်ယောက်ရဲ့ ဘဝဟာ ခွဲခွာခြင်း ခရီးသည်းတစ်ဦးပါ… မဟူရာမျက်ဝန်းတွေထဲ… မင်း မာနကို ဖုံးလွှမ်း…… မင်းရဲ့ စိတ်က ထင်ပေါ်နေခဲ့တယ်… သူစိမ်းဆန်တဲ့ စကားလုံးများ ဖွင့်ဟဝန်ခံ…မုဿသံတွေ လေထဲမှာ ပျံလွှင့်…… လူတစ်ယောက်ကို သေအောင် သတ်နိုင်တယ်……။ မင်းမာနကို ရှေ့တန်းတင်ထား ငါ့အတ္တနဲ့ တိုက်ထုတ်ရမယ်… အဲဒီလို့ပဲ……ဘဝနှစ်ခု တိတ်တဆိတ် ရပ်တန့်သွားမှာပါ…။ အနားက ဖြတ်သွားသော လေ ငါ့ကို တိုးတိုးလေး…သတိပေးလိုက်တယ်… မင်းချစ်သူဟာ……မာန သိပ်ကြီးတာတဲ့…။ Credit #တိမ်တိုက်