Skip to main content

Blogger များအတွက် အလွယ်ကူဆုံး အသုံးဝင် Animated စာလုံးများ ဖန်တီးခြင်း

Blogger တွေအတွက် ဒီလိုလုပ်နည်းလေးတွေကို Photoshop နဲ့ ဖန်တီးတတ်အောင် တင်ပေးချင်ပေမယ့် အဆင့်တွေများပြီး လုပ်နည်းက ရှုပ်တဲ့အတွက် တင်ပေးဖို့ အဆင်မပြေခဲ့ပါ..။ အခုတော့ အပေါ်မှာ ပြထားတဲ့ ဒီဇိုင်းတွေ အပြင် နောက်ထပ်ဒီဇိုင်းမျိုးစုံကိုပါ အလွယ်ကူးဆုံး ဖန်တီးယူလို့ ရမယ့် Website လေးတစ်ခု တွေ့ရှိခဲ့ပါပြီ..။ အဲ့ဒီဆိုဒ်လေးမှာ မိမိတို့ရဲ့ Blog နာမည်တွေနဲ့ Blog လိပ်စာလေးတွေကို Animated စာလုံးတွေကို အလွယ်ကူဆုံး ဖန်တီးယူလို့ ရမှာ ဖြစ်ပါတယ်..။ အဲ့ဒီဆိုဒ်လေးမှာ မြန်မာစာရေးလို့ ရတယ်ဆိုပေမယ့် ပုံမှန် Zawgyi-One ဖေါင့်နဲ့ ရေးလို့ မြန်မာစာ အမှန်မပေါ်ပါဘူး..။ ကမောက်ကမ စာလုံးတွေပဲ ပေါ်လာမှာ ဖြစ်ပါတယ်..။ ဒီဆိုဒ်လေးက ကျနော်တို့ Windows 8 မှာ ပါလာတဲ့ MM3 ဖေါင့်ကို Support လုပ်တဲ့အတွက် ကျနော်မြန်မာစာ အမှန်ပေါ်အောင်လို့ KaNaung Converter ကို အသုံးပြုပြီး မြန်မာစာ ပေါ်အောင် ဖန်တီး ပြထားပါတယ်..။ ဒီ KaNaung Converter လေးကို ဒေါင်းယူပြီး Zawgyi-One ကနေ Myanmar3 ဖေါင့်ပြောင်းသုံးတတ်အောင်ပါ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ နောက်တခုက ဒီဆိုဒ်လေးမှာ Animated စာလုံးတွေအပြင် အရိပ်ပြန်ထင်နေတဲ့ 3D စာလုံးတွေပါ လုပ်ယူလို့ ရပါသေးတယ်..။ ကျနော်ဒီပိုစ့်မှာ ပြထားတဲ့ ဒီဇိုင်းတွေကို အသုံးပြုတတ်အောင် အောက်မှာ ပုံလေးတွေနဲ့ပါ ပြပေးထားပါတယ်..။ 3D Text နဲ့ Animated စာလုံးတွေကို ဖန်တီးချင်တဲ့သူများကတော့ ဒီဆိုဒ်လေးကို အောက်ကလင့်တွေကနေ ဝင်သွားလိုက်ပါဗျာ..။

Comments

Popular posts from this blog

Facebook အကောင့်အလွယ်တကူဖွင့်နည်း 100%

ကျွန်တော်တို့ မြန်မာနိုင်ငံကနေ Facebook အကောင့်တစ်ခုဖွင့်ရတာ မလွယ်ပါဘူး။ ဒီနေရာမှာ ဒေါင်းလိုက်ပါ အဆင်မပြေတာရှိရင် မန့်ထားခဲ့ပါ.....:)

ခောတ်သစ်ဈေးကွက်ဖော်ဆောင်ရေးနဲ့ ၎င်းကို လွှမ်းမိုးထားသော အချက်အလက်များ

 ခောတ်ပေါ်ဈေးကွက်ဖော်ဆောင်မှု လုပ်ငန်းစဉ်တွေကို သက်ရောက်မှုဖြစ်စေတဲ့အချက်တွေကို ရေးသားတင်ပြလိုပါတယ်။ ဒါကြောင့်မို့လို့ ခေါင်းစဉ်ကို Marketing Environment ဈေးကွက်နယ်ပယ်များလို့ ပေးလိုက်ထားလိုက်ပါမယ်။ ဈေးကွက်ဖော်ဆောင်မှုဆိုတာ သုံးစွဲသူတွေရဲ့ အဆင်ပြေမှု တွေအတွက် အမြဲတစေ ကြိုးစားရှာဖွေနေကြတဲ့ အပေါ်မှာအခြေခံပြီး စတင်ဖြစ်တည်ပါတယ်။ ဒီနေ့ခောတ် Marketing Manager တွေဟာ သုံးစွဲသူတွေအတွက် အချက်အလက်တွေကို ရှာဖွေဖန်တီးမှုမှာ နစ်မြှပ်နေကြပါတယ်။ သူတို့တွေက သုံးစွဲသူတွေနဲ့ ရေရှည်တည်မြဲတဲ့ ဆက်နွယ်မှုတွေကို ဖန်တီးဖို့ကြိုးစားယှဉ်ပြိုင်နေရတာပါ။ အဲ့ဒီလိုမျိုးကြိုးစား မှုတွေမှာ သူတို့တွေဟာ လိုက်နာရမည့် အချက်တွေ ၊ ရှောင်ကျဉ်ရမယ့် အချက်တွေစ သည်ဖြင့် တော်တော် များပြားလှပါတယ်။ အခုအဲ့ဒီအချက်တွေကို တစ်ချက်ချင်းစီ ရေးသားပေးပါမယ်။ ဝန်ခံစရာရှိတာက အချက်အလက်တွေက အင်တာနက် web site ပေါင်းစုံကနေ စုပေါင်းပြီး တင်ပြထားတာဖြစ် ပါတယ်။ တစ်ချို့အပိုင်းတွေမှာတော့ ကိုယ်နားလည်သလောက်ဖြည့်စွက်ထားပါတယ်။ Political Forces ( နိုင်ငံရေးရာများ၏ လွှမ်းမိုးမှု ) လူမှုရေးရာ အချက်အလက်အများစုက နိုင်ငံရေးရဲ ့ ဖြစ်တည်မှုတွေကို ပုံဖော်နိုင်ကြ...

ခ်စ္သူ

အာဒံက ပန်းသီးလေးတစ်ခြမ်းပဲကျွေးပြီး ရွေးစရာလူမရှိလို့ ဧ၀ကို ချစ်ခဲ့တာပါ ကျွန်တော်ကတော့ သန်းပေါင်းများစွာထဲက နှလုံးသားကရွေးတဲ့ သူ့ကို အသည်းနှလုံးတစ်ခုလုံး လိုရာသုံးဖို့ပေးပြီး ချစ်ခဲ့တာပါ ။