Skip to main content

How can slove! If you forget your andorid phone Pattern Lock password ?

 အထူးသဖြင့် SAMSUNG Android ဖုန်းတွေမှာ လုံခြုံရေးအရ သင့်ရဲ့ ဖုန်းထဲက အချက်အလက်တွေကို တခြားလူ အလွယ်တကူ ဝင် မကြည့်နိုင်ဖို့ Lock Pattern နဲ့ပဲဖြစ်ဖြစ် Pin Number နဲ့ပဲဖြစ်ဖြစ် ပိတ်ထားလို့ ရတယ်ပေါ့ဗျာ … အဲ ဒါပေ မယ့် … ကိုယ်ပေးထားခဲ့တဲ့ Lock Pattern ဘယ်လိုဆွဲလဲဆိုတာ ဒါမှမဟုတ် Pin Number ဘာပေးခဲ့လဲ ဆိုတာ ခေါင်းထဲမှာ မမှတ်မိတော့ရင်တော့ ဘယ်လိုလုပ်မလဲ… ကျွန်တော် ပြောပြမယ့် နည်းလမ်းလေးတွေက အသုံးဝင်မှာပါ … ဖုန်းထဲမှာ google account တော့ ဝင် ထား ဖို့လိုပါတယ် … အကယ်လို့ ဖုန်းထဲမှာ Google Account ကို ဝင်မထားမိဘူးဆိုရင်တော့ … Wi-Fi ချိတ်ထားဖို့ လို ပါ တယ် … ဘာလို့လဲဆိုတော့ ဖုန်းပြောနေရင်း Internet သုံးဖို့ အဆင်မပြေလို့ပါ။ပြီးတော့ တခြားဖုန်း တစ်လုံးလုံးနဲ့ သင့်ဖုန်းကို ခေါ်လိုက်ပါ … Answer လုပ်လိုက်ပါ … ပြီးတော့ Back Key နှိပ်ပြီး Settings > Location & Security ထဲကနေ disable lock pattern ပြီးတော့ Settings > Accounts & Sync ကနေ Add Account ပြီးတော့ google account ကိုထည့်လိုက်ပေါ့ဗျာ … ပြီးတော့ ဖုန်းချလိုက်ပါ … အောက်က အဆင့်တွေ ဆက်လုပ်လို့ ရပါပြီ … Unlock Pattern မှာ ငါးကြိမ်ထက် ပိုမှားခဲ့ရင်တော့ ” you have incorrectly drawn your unlock pattern 5 times. Please try again in 30 seconds. ” ဆိုပြီး ပေါ်လာပါမယ် … OK နှိပ်လိုက်ပါ။ စက္ကန့် ၃၀ ပြည့်တဲ့အခါ ညာဘက်အောက်ထောင့်က Forgot pattern? ဆိုတာလေးကို နှိပ်လိုက်ပါ ... သင်ဖုန်းထဲမှာ ထည့်ထားတဲ့ username နဲ့ password ဖြည့်ပြီး Sign in လုပ်လိုက်ပါ … ဝင်သွားပြီ ဆိုရင် Pattern အသစ်တစ်ခု ပေးရမှာပါ … ဒီတစ်ခါတော့ မှတ်ထားပေါ့နော် … ပြီးရင် Continue နှိပ်ပါ … Confirm ဖြစ်ဖို့အတွက် နောက်တစ်ကြိမ်ထပ်လုပ်ရပါမယ် … ပြီးရင် Confirm နှိပ်ပါ … ဒါဆိုရင်ေ တာ့ သင် ဟာ အောင်မြင်စွာနဲ့ ပြန်လည် Unlock Pattern ဖြည်နိုင်သွားပြီပဲ ဖြစ်ပါတယ် … အကယ်လို့ … ဒီနည်းနဲ့ အဆင်မပြေဘူးဆိုရင်တော့ နောက်တစ်နည်း ရှိပါသေးတယ် … အဲဒါကတော့ Screen Lock Bypass Android Application ကို အသုံးပြုပြီးတော့ ဖြည် တာပဲဖြစ်ပါတယ်။ ဒါပေမယ့် Lock ဖြစ်နေတဲ့ ဖုန်းထဲကို apk ဖိုင်ကို ဘယ်လို ထည့် Run မလဲ ??? https://play.google.com/store/apps/details?id=net.thomascannon.screenlockbypass.fix&feature=search_result#?t=W251bGwsMSwyLDEsIm5ldC50aG9tYXNjYW5ub24uc2NyZWVubG9ja2J5cGFzcy5maXgiXQ.. PC ဒါမှမဟုတ် Laptop ကိုသုံးပြီးတော့ Google Account နဲ့ Android Market ထဲကို Log in ဝင်ပြီး USB Cable ကိုသုံးပြီး ဖုန်းထဲ ထည့်ရမှာပါ … ပြီးရင် Restart ကျပါမယ် … မကျရင် ကိုယ့်ဟာကို ချလိုက်ပါ … ပြန်တက်လာတဲ့အခါ Pattern Lock ဖြည်ပြီးသား ဖြစ်နေမှာပါ … Ref: Software မြို့တော် Yatanarpon Call Center

Comments

Popular posts from this blog

Facebook အကောင့်အလွယ်တကူဖွင့်နည်း 100%

ကျွန်တော်တို့ မြန်မာနိုင်ငံကနေ Facebook အကောင့်တစ်ခုဖွင့်ရတာ မလွယ်ပါဘူး။ ဒီနေရာမှာ ဒေါင်းလိုက်ပါ အဆင်မပြေတာရှိရင် မန့်ထားခဲ့ပါ.....:)

ခောတ်သစ်ဈေးကွက်ဖော်ဆောင်ရေးနဲ့ ၎င်းကို လွှမ်းမိုးထားသော အချက်အလက်များ

 ခောတ်ပေါ်ဈေးကွက်ဖော်ဆောင်မှု လုပ်ငန်းစဉ်တွေကို သက်ရောက်မှုဖြစ်စေတဲ့အချက်တွေကို ရေးသားတင်ပြလိုပါတယ်။ ဒါကြောင့်မို့လို့ ခေါင်းစဉ်ကို Marketing Environment ဈေးကွက်နယ်ပယ်များလို့ ပေးလိုက်ထားလိုက်ပါမယ်။ ဈေးကွက်ဖော်ဆောင်မှုဆိုတာ သုံးစွဲသူတွေရဲ့ အဆင်ပြေမှု တွေအတွက် အမြဲတစေ ကြိုးစားရှာဖွေနေကြတဲ့ အပေါ်မှာအခြေခံပြီး စတင်ဖြစ်တည်ပါတယ်။ ဒီနေ့ခောတ် Marketing Manager တွေဟာ သုံးစွဲသူတွေအတွက် အချက်အလက်တွေကို ရှာဖွေဖန်တီးမှုမှာ နစ်မြှပ်နေကြပါတယ်။ သူတို့တွေက သုံးစွဲသူတွေနဲ့ ရေရှည်တည်မြဲတဲ့ ဆက်နွယ်မှုတွေကို ဖန်တီးဖို့ကြိုးစားယှဉ်ပြိုင်နေရတာပါ။ အဲ့ဒီလိုမျိုးကြိုးစား မှုတွေမှာ သူတို့တွေဟာ လိုက်နာရမည့် အချက်တွေ ၊ ရှောင်ကျဉ်ရမယ့် အချက်တွေစ သည်ဖြင့် တော်တော် များပြားလှပါတယ်။ အခုအဲ့ဒီအချက်တွေကို တစ်ချက်ချင်းစီ ရေးသားပေးပါမယ်။ ဝန်ခံစရာရှိတာက အချက်အလက်တွေက အင်တာနက် web site ပေါင်းစုံကနေ စုပေါင်းပြီး တင်ပြထားတာဖြစ် ပါတယ်။ တစ်ချို့အပိုင်းတွေမှာတော့ ကိုယ်နားလည်သလောက်ဖြည့်စွက်ထားပါတယ်။ Political Forces ( နိုင်ငံရေးရာများ၏ လွှမ်းမိုးမှု ) လူမှုရေးရာ အချက်အလက်အများစုက နိုင်ငံရေးရဲ ့ ဖြစ်တည်မှုတွေကို ပုံဖော်နိုင်ကြ...

မာန

ကြုံဆုံတုန်း ခဏ… ဒီဘဝ လောကထဲမှာ… တို့ရဲ့ မာနတွေက ရှိနေလား အချိန်တန် အိမ်ပြန်လမ်းဟာ… မင်း မာနတွေ မပါလောက်ဘူး……။ မာယာကို မာနလုပ်ထား… မင်းလျှောက်တဲ့လမ်း…… အတ္တမဆန်ပါဘူး……… ထွက်သွားပါ……နှုတ်ဆက်ပါ……။ လူတစ်ယောက်ရဲ့ ဘဝဟာ ခွဲခွာခြင်း ခရီးသည်းတစ်ဦးပါ… မဟူရာမျက်ဝန်းတွေထဲ… မင်း မာနကို ဖုံးလွှမ်း…… မင်းရဲ့ စိတ်က ထင်ပေါ်နေခဲ့တယ်… သူစိမ်းဆန်တဲ့ စကားလုံးများ ဖွင့်ဟဝန်ခံ…မုဿသံတွေ လေထဲမှာ ပျံလွှင့်…… လူတစ်ယောက်ကို သေအောင် သတ်နိုင်တယ်……။ မင်းမာနကို ရှေ့တန်းတင်ထား ငါ့အတ္တနဲ့ တိုက်ထုတ်ရမယ်… အဲဒီလို့ပဲ……ဘဝနှစ်ခု တိတ်တဆိတ် ရပ်တန့်သွားမှာပါ…။ အနားက ဖြတ်သွားသော လေ ငါ့ကို တိုးတိုးလေး…သတိပေးလိုက်တယ်… မင်းချစ်သူဟာ……မာန သိပ်ကြီးတာတဲ့…။ Credit #တိမ်တိုက်